ထုုတ္ျပန္ေၾကညာခ်က္သတင္း

ကရင္ျပည္နယ္ မဘသ သေဘာထားထုတ္ျပန္ခ်က္

ရက္စြဲ။ ။ ၁၃၈၁-ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္(၁၃)ရက္၊ ၂၀၁၉-ခုႏွစ္၊ ေမလ(၃၁)ရက္။
အမ်ဳိးသားေရးဦးေဆာင္ဆရာေတာ္တစ္ပါးျဖင့္သည့္ အရွင္ဝိစိတၱာဘိဝံသ(ဝီရသူ-မစုိးရိမ္)အား ႏိုင္ငံေတာ္အစုိးရမွ ပုဒ္မ ၅၀၅၊ ပုဒ္မ ၁၂၄-က တုိ႔ျဖင့္ အမႈဖြင့္လွစ္၍ ဖမ္းဝရမ္းထုတ္ထားေၾကာင္း သိရွိရပါသည္။ ဆရာေတာ္ဦးဝီရသူအား ထိုသို႔အမႈဖြင့္လွစ္ထားသည့္လုပ္ရပ္သည္ မတရားသျဖင့္ ဥပေဒကိုလုိသလိုအသံုးခ်ၿပီး ႏိုင္ထက္စီးနင္းျပဳမူသည့္ လုပ္ရပ္အျဖစ္ မိမိတုိ႔ ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔က သံုးသပ္ရႈျမင္သည္။ ယင္းသုိ႔ ဆရာေတာ္ဦးဝီရသူအား မတရားသျဖင့္ အမႈဖြင့္လွစ္ၿပီး ဖမ္းဝရမ္းထုတ္ထားျခင္းႏွင့္ပတ္သက္ဆက္စပ္ၿပီး ျဖစ္ေပၚလာမည့္ အေၾကာင္းကိစၥရပ္အားလံုးသည္ ႏိုင္ငံေတာ္အာဏာကိုယူထားသည့္ အစုိးရတြင္သာ တာဝန္ရွိမည္ျဖစ္သည္။ ဗုဒၶဘာသာႏွင့္ ရဟန္းသံဃာမ်ားအေပၚ နည္းလမ္းမ်ဳိးစုံအသံုးျပဳ၍ ဖိႏွိပ္ေစာ္ကားရုံမွ်မက အမ်ဳိးသားေရးဦးေဆာင္ဆရာေတာ္တစ္ပါးအား ယခုကဲ့သုိ႔ မတရားဖမ္းဝရမ္းထုတ္၍ အေရးယူေဆာင္ရြက္ျခင္းကို မိမိတုိ႔ ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔အေနျဖင့္ ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်သည္။ ဆက္လက္ၿပီး ယခုထက္ပို၍ ဗုဒၶဘာသာႏွင့္ ရဟန္းသံဃာေတာ္မ်ားအား ဖိႏွိပ္ခ်ဳပ္ျခယ္အႏုိင္က်င့္ေစာ္ကားလာပါက နည္းလမ္းမ်ဳိးစုံအသံုးျပဳ၍ ရင္ဆုိင္ေျဖရွင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သေဘာထားထုတ္ျပန္ေၾကညာလုိက္သည္။

ကရင္ျပည္နယ္အမ်ဳိးဘာသာ သာသာနေစာင့္ေရွာက္ေရးအဖြဲ႔

ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ၁၃၈၁-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၃)ရက်၊ ၂၀၁၉-ခုနှစ်၊ မေလ(၃၁)ရက်။
အမျိုးသားရေးဦးဆောင်ဆရာတော်တစ်ပါးဖြင့်သည့် အရှင်ဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)အား နိုင်ငံတော်အစိုးရမှ ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၂၄-က တို့ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရှိရပါသည်။ ဆရာတော်ဦးဝီရသူအား ထိုသို့အမှုဖွင့်လှစ်ထားသည့်လုပ်ရပ်သည် မတရားသဖြင့် ဥပဒေကိုလိုသလိုအသုံးချပြီး နိုင်ထက်စီးနင်းပြုမူသည့် လုပ်ရပ်အဖြစ် မိမိတို့ ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က သုံးသပ်ရှုမြင်သည်။ ယင်းသို့ ဆရာတော်ဦးဝီရသူအား မတရားသဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဝရမ်းထုတ်ထားခြင်းနှင့်ပတ်သက်ဆက်စပ်ပြီး ဖြစ်ပေါ်လာမည့် အကြောင်းကိစ္စရပ်အားလုံးသည် နိုင်ငံတော်အာဏာကိုယူထားသည့် အစိုးရတွင်သာ တာဝန်ရှိမည်ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ရဟန်းသံဃာများအပေါ် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖိနှိပ်စော်ကားရုံမျှမက အမျိုးသားရေးဦးဆောင်ဆရာတော်တစ်ပါးအား ယခုကဲ့သို့ မတရားဖမ်းဝရမ်းထုတ်၍ အရေးယူဆောင်ရွက်ခြင်းကို မိမိတို့ ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ ဆက်လက်ပြီး ယခုထက်ပို၍ ဗုဒ္ဓဘာသာနှင့် ရဟန်းသံဃာတော်များအား ဖိနှိပ်ချုပ်ခြယ်အနိုင်ကျင့်စော်ကားလာပါက နည်းလမ်းမျိုးစုံအသုံးပြု၍ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

ကရင်ပြည်နယ်အမျိုးဘာသာ သာသာနစောင့်ရှောက်ရေးအဖွဲ့