သတင္း

ကရင္ျပည္နယ္ မဘသ သေဘာထားထုတ္ျပန္ေၾကညာခ်က္

သာသနာေတာ္ႏွစ္ ၂၅၆၃
ေကာဇာသကၠရာဇ္ ၁၃၈၁ ခုႏွစ္၊ တပို႔တြဲလဆန္း (၃)ရက္၊
ခရစ္ႏွစ္ ၂၀၂၀၊ ဇန္နဝါရီလ (၂၇) ရက္၊ တနလၤာေန႔၊
ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး (ကရင္ မဘသ)အဖြဲ႔

၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ (၁၆)ရက္ေန႔၌ က်င္းပအပ္ေသာ ရန္ကုန္တုိင္း သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ (YRTA) သံုးႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနား၌ YRTA၏ နာယကျဖစ္သူ ဝန္ႀကီးခ်ဳပ္ဦးၿဖဳိးမင္းသိန္းက တိုင္းရင္းသား ၁၃၅မ်ဳိးလံုးက လံုးဝ လက္မခံေသာ လူမ်ဳိးအတုအလိမ္ အမည္နာမကို အတိအလင္း ေခၚေဝၚသံုးစြဲသြားသည္ကို ေတြ႔ရသည္။ ၎ကိစၥႏွင့္ပတ္သက္၍ အာဏာရပါတီႏွင့္ အစိုးရအႀကီးအကဲမ်ားက သတိေပးဆံုးမျခင္း၊ ဝန္ခံေတာင္းပန္ခိုင္းျခင္းမ်ဳိး လံုးဝ မျပဳလုပ္သည့္အျပင္ ေဝဖန္ေထာက္ျပေသာ ျပည္သူမ်ားကိုသာ အျပစ္ျမင္ အျပစ္တင္ေနသည္ကိုသာ ေတြ႔ရသည္။

တုိင္းျပည္၏ အခ်ဳပ္အျခာ အာဏာႏွင့္ လံုးဝ မပတ္သက္ေသာ ‘အစြန္းေရာက္ ဘာသာႀကီးတစ္ခု’သူေသာ စကားတစ္ခြန္းေျပာဆိုခဲ့သူ သာသနာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုတုန္းကမူ သာသနာေရးဝန္ႀကီးဌာနမွ တရားဝင္ထုတ္ျပန္၍ ေတာင္းပန္ေက်နပ္ေစခဲ့ဖူးေသာ္လည္း လူမ်ဳိးအတုအမည္နာမကို တရားဝင္အလား ထင္မွတ္မွားေအာင္ အားပါးတရ ေျပာၾကားသြားခ်က္၌ကား အာဏာရပါတီေရာ အာဏာရအစုိးရကပါ အေရးတယူ ေျဖရွင္းျခင္းမရွိဘဲ ၿငိမ္ခ်က္သား ေကာင္းေနသည္မွာ တရားမဝင္အမည္နာမကို တရားဝင္ေအာင္ ဇြတ္အတင္း ေဖာ္ေဆာင္ေနေသာ မသမာသူမ်ားႏွင့္ ပုလင္းတူဘူးဆို႔ႏွယ္ အလိုတူအလိုပါမ်ား ျဖစ္ေနေရာ့သလားဟု ထင္မွတ္မွားမိၾကသည့္အဆင့္ထိ သံသယႀကီးထြားခဲ့ရသည္။

လြတ္လပ္ေရးေခတ္ဦး ပါလီမန္ဒီမိုကေရစီကာလတုန္းက အမည္နာမတစ္ခုကို သတိမျပဳမိခဲ့ေလေသာေၾကာင့္ ယခုအခ်ိန္ထိ ၎အမည္ႏွင့္ပတ္သက္၍ အစုိးရအစဥ္အဆက္ အၾကပ္အတည္းေတြ႔ခဲ့ရျခင္းျဖစ္သည္ကို NLDပါတီႏွင့္ NLDအစုိးရတာဝန္ရွိသူတုိ႔ အေလးအနက္ထား ဆင္ျခင္သင့္လွသည္။

ယခင္အစုိးရက No Rohingya စကားတစ္ခြန္းကို ရဲရင့္ျပတ္သားစြာ ေျပာဆိုႏိုင္ခဲ့ေသာေၾကာင့္ တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာ အထိပါးမခံခဲ့ရျခင္း ျဖစ္သည္။ ဤသည္မွာ စကားတစ္ခြန္းတည္းျဖင့္ တုိင္းျပည္ကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ခဲ့ျခင္း၏ အေကာင္းဆံုး သာဓကတစ္ရပ္ပင္ ျဖစ္သည္။

ယခုအစိုးရကား ICJတရားရံုးမွာေရာ အျခားေသာ ႏိုင္ငံတကာအခမ္းအနားမ်ားပါ No Rohingyaစကားကို မေျပာရဲ မဆိုရဲေလာက္ေအာင္ ေၾကာက္႐ြံ႕ေနေသာေၾကာင့္ ယခုလို ၿဖဲအေျခာက္ခံရကာ တုိင္းျပည္အခ်ဳပ္အျခာ ထိပါးခံေနရျခင္း ျဖစ္ေပသည္။

သုိ႔ျဖစ္ပါ၍
(က) ဝန္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္း ကိုယ့္စကား ကိုယ္တာဝန္ယူေျဖရွင္းသည့္အေနျဖင့္ တရားဝင္ ေတာင္းပန္ ဝန္ခ်ရန္။
(ခ) NLDပါတီႏွင့္ NLDအစိုးရအေနျဖင့္ ဝန္ႀကီးခ်ဳပ္ဦးၿဖဳိးမင္းသိန္းကို တစ္စုံတရာ အျပစ္ေပးအေရးယူဆံုးမရန္။
(ဂ) အနာဂတ္တြင္ တုိင္းျပည္အခ်ဳပ္ျခာ လံုၿခဳံေရးႏွင့္ ျပည္သူလူထုအသက္အုိးအိမ္စည္းစိမ္လံုၿခဳံေရးကို ႀကီးမားစြာ အႏၲရာယ္ျပဳႏိုင္ေသာ ဘဂၤလီလူမ်ဳိးမ်ားကို ခိုးသြင္းသူမ်ားအား ထိေရာက္စြာ ေဖာ္ထုတ္အေရးယူေပးရန္ ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ (ကရင္ မဘသ)က ေတာင္းဆိုလိုက္သည္။
(ဃ) ျမန္မာႏိုင္ငံမွာမရွိေသာ Rohingya လူမ်ဳိးတု လူမ်ဳိးလိမ္ နာမည္ကို သံုးစြဲသူမ်ား၊ ေထာက္ခံအားေပးသည့္ အဖြဲ႔အစည္းမ်ားအားလံုးကို ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ (ကရင္ မဘသ)မွ ျပင္းထန္စြာ ႐ႈတ္ခ်ကန္႔ကြက္သည္။

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ (မဘသ)
ကရင္ျပည္နယ္

“ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ကြေညာချက်”

သာသနာတော်နှစ် ၂၅၆၃
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း (၃)ရက်၊
ခရစ်နှစ် ၂၀၂၀၊ ဇန်နဝါရီလ (၂၇) ရက်၊ တနင်္လာနေ့၊
ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (ကရင် မဘသ)အဖွဲ့

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့၌ ကျင်းပအပ်သော ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား၌ YRTA၏ နာယကဖြစ်သူ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုင်းရင်းသား ၁၃၅မျိုးလုံးက လုံးဝ လက်မခံသော လူမျိုးအတုအလိမ် အမည်နာမကို အတိအလင်း ခေါ်ဝေါ်သုံးစွဲသွားသည်ကို တွေ့ရသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ အာဏာရပါတီနှင့် အစိုးရအကြီးအကဲများက သတိပေးဆုံးမခြင်း၊ ဝန်ခံတောင်းပန်ခိုင်းခြင်းမျိုး လုံးဝ မပြုလုပ်သည့်အပြင် ဝေဖန်ထောက်ပြသော ပြည်သူများကိုသာ အပြစ်မြင် အပြစ်တင်နေသည်ကိုသာ တွေ့ရသည်။

တိုင်းပြည်၏ အချုပ်အခြာ အာဏာနှင့် လုံးဝ မပတ်သက်သော ‘အစွန်းရောက် ဘာသာကြီးတစ်ခု’သူသော စကားတစ်ခွန်းပြောဆိုခဲ့သူ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတုန်းကမူ သာသနာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်၍ တောင်းပန်ကျေနပ်စေခဲ့ဖူးသော်လည်း လူမျိုးအတုအမည်နာမကို တရားဝင်အလား ထင်မှတ်မှားအောင် အားပါးတရ ပြောကြားသွားချက်၌ကား အာဏာရပါတီရော အာဏာရအစိုးရကပါ အရေးတယူ ဖြေရှင်းခြင်းမရှိဘဲ ငြိမ်ချက်သား ကောင်းနေသည်မှာ တရားမဝင်အမည်နာမကို တရားဝင်အောင် ဇွတ်အတင်း ဖော်ဆောင်နေသော မသမာသူများနှင့် ပုလင်းတူဘူးဆို့နှယ် အလိုတူအလိုပါများ ဖြစ်နေရော့သလားဟု ထင်မှတ်မှားမိကြသည့်အဆင့်ထိ သံသယကြီးထွားခဲ့ရသည်။

လွတ်လပ်ရေးခေတ်ဦး ပါလီမန်ဒီမိုကရေစီကာလတုန်းက အမည်နာမတစ်ခုကို သတိမပြုမိခဲ့လေသောကြောင့် ယခုအချိန်ထိ ၎င်းအမည်နှင့်ပတ်သက်၍ အစိုးရအစဉ်အဆက် အကြပ်အတည်းတွေ့ခဲ့ရခြင်းဖြစ်သည်ကို NLDပါတီနှင့် NLDအစိုးရတာဝန်ရှိသူတို့ အလေးအနက်ထား ဆင်ခြင်သင့်လှသည်။

ယခင်အစိုးရက No Rohingya စကားတစ်ခွန်းကို ရဲရင့်ပြတ်သားစွာ ပြောဆိုနိုင်ခဲ့သောကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာ အထိပါးမခံခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ စကားတစ်ခွန်းတည်းဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ခြင်း၏ အကောင်းဆုံး သာဓကတစ်ရပ်ပင် ဖြစ်သည်။

ယခုအစိုးရကား ICJတရားရုံးမှာရော အခြားသော နိုင်ငံတကာအခမ်းအနားများပါ No Rohingyaစကားကို မပြောရဲ မဆိုရဲလောက်အောင် ကြောက်ရွံ့နေသောကြောင့် ယခုလို ဖြဲအခြောက်ခံရကာ တိုင်းပြည်အချုပ်အခြာ ထိပါးခံနေရခြင်း ဖြစ်ပေသည်။

သို့ဖြစ်ပါ၍
(က) ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ့်စကား ကိုယ်တာဝန်ယူဖြေရှင်းသည့်အနေဖြင့် တရားဝင် တောင်းပန် ဝန်ချရန်။
(ခ) NLDပါတီနှင့် NLDအစိုးရအနေဖြင့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို တစ်စုံတရာ အပြစ်ပေးအရေးယူဆုံးမရန်။
(ဂ) အနာဂတ်တွင် တိုင်းပြည်အချုပ်ခြာ လုံခြုံရေးနှင့် ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကြီးမားစွာ အန္တရာယ်ပြုနိုင်သော ဘင်္ဂလီလူမျိုးများကို ခိုးသွင်းသူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန် ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ကရင် မဘသ)က တောင်းဆိုလိုက်သည်။
(ဃ) မြန်မာနိုင်ငံမှာမရှိသော Rohingya လူမျိုးတု လူမျိုးလိမ် နာမည်ကို သုံးစွဲသူများ၊ ထောက်ခံအားပေးသည့် အဖွဲ့အစည်းများအားလုံးကို ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ကရင် မဘသ)မှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)
ကရင်ပြည်နယ်