ထုုတ္ျပန္ေၾကညာခ်က္သတင္း

ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ (မ.ဘ.သ) သေဘာထားထုတ္ျပန္ေၾကညာခ်က္(၂/၂၀၁၈

သာသနာေတာ္ႏွစ္ ၂၅၆၂ ခုႏွစ္၊ ေကာဇာသကၠရာဇ္ ၁၃၈၀ ျပည္ႏွစ္၊ နယုန္လျပည့္ေက်ာ္(၅)ရက္၊ ၂၀၁၈ ခု၊ ဇြန္လ (၃)ရက္၊ တနဂၤေႏြေန႔

ႏို္င္ငံေတာ္သမၼတရံုး ၂၀၁၈ ခုႏွစ္ ေမလ ၃၁ ရက္ျဖင့္ သတင္းထုတ္ျပန္ခ်က္အမွတ္ ၃/၂၀၁၈ ႏွင့္ပတ္သက္၍ ကရင္ျပည္နယ္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔မွ ေအာက္ပါအတုိင္း သေဘာထားထုတ္ျပန္သည္။

၁။ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္တြင္ တာဝန္ေပးအပ္မည့္ ႏိုင္ငံတကာမွ ပုဂၢဳိလ္ႀကီးတစ္ဦးကိုအေၾကာင္းျပဳ၍ ျပည္သူ႔ေခၽြးႏွဲစာ ဘ႑ာေငြမ်ားဆံုးရႈံးရံုသာ အဖတ္တင္မည္။

၂။ ျပည့္အင္အားသည္ ျပည္တြင္းမွာသာရွိသည္ကိုအေလးမထားဘဲ ျမန္မာအေရးကိစၥမွန္သမွ်၌ ႏိုင္ငံတကာကိုပံုအပ္ေနျခင္းသည္ ျမန္မာမ်ား ညံ့ဖ်င္းေၾကာင္း ျပသရာေရာက္သည္။

၃။ ျမန္မာ့အေရးကိစၥမွန္သမွ်၌ ႏုိင္ငံတကာပုဂၢဳိလ္မ်ားကိုတာဝန္ေပးျခင္းသည္ တရားဝင္ ဝင္ေရာက္စြက္ဖက္ျခင္းကို ခြင့္ျပဳရာေရာက္သလို ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ထိပါးခြင့္ျပဳေပးရာေရာက္သည္။

၄။ ႏုိင္ငံတကာပုဂၢဳိလ္ႀကီးတစ္ဦးျဖင့္ ဖြဲ႔စည္းမည့္ေကာ္မရွင္သည္ ျပည္တြင္းစီးပြားေရးထက္ ႏိုင္ငံတကာအက်ဳိးစီးပြားကိုသာ ျဖစ္ထြန္းေစႏိုင္မည့္အျပင္ တရားမွ်တစြာ စံုစမ္းစစ္ေဆးမည့္ေကာ္မရွင္လည္း လံုးဝ မျဖစ္ႏိုင္။

ထုိ႔ေၾကာင့္ ႏိုင္ငံတကာမွ ပုဂၢဳိလ္ႀကီးတစ္ဦးပါဝင္မည့္ လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္အမည္ရွိ ျပည္ပၾသဇာခံ ေကာ္မရွင္ဖြဲ႔စည္းျခင္းကို ျပင္းထန္စြာ ရႈတ္ခ်ကန္႔ကြက္သည္။

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔(မ.ဘ.သ)

ကရင္ျပည္နယ္

 

“ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) သဘောထားထုတ်ပြန်ကြေညာချက်(၂/၂၀၁၈”

သာသနာတော်နှစ် ၂၅၆၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၀ ပြည်နှစ်၊ နယုန်လပြည့်ကျော်(၅)ရက်၊ ၂၀၁၈ ခု၊ ဇွန်လ (၃)ရက်၊ တနင်္ဂနွေနေ့

နိုင်ငံတော်သမ္မတရုံး ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်ဖြင့် သတင်းထုတ်ပြန်ချက်အမှတ် ၃/၂၀၁၈ နှင့်ပတ်သက်၍ ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်သည်။

၁။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် တာဝန်ပေးအပ်မည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးကိုအကြောင်းပြု၍ ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေများဆုံးရှုံးရုံသာ အဖတ်တင်မည်။

၂။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ကိုအလေးမထားဘဲ မြန်မာအရေးကိစ္စမှန်သမျှ၌ နိုင်ငံတကာကိုပုံအပ်နေခြင်းသည် မြန်မာများ ညံ့ဖျင်းကြောင်း ပြသရာရောက်သည်။

၃။ မြန်မာ့အရေးကိစ္စမှန်သမျှ၌ နိုင်ငံတကာပုဂ္ဂိုလ်များကိုတာဝန်ပေးခြင်းသည် တရားဝင် ဝင်ရောက်စွက်ဖက်ခြင်းကို ခွင့်ပြုရာရောက်သလို နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးခွင့်ပြုပေးရာရောက်သည်။

၄။ နိုင်ငံတကာပုဂ္ဂိုလ်ကြီးတစ်ဦးဖြင့် ဖွဲ့စည်းမည့်ကော်မရှင်သည် ပြည်တွင်းစီးပွားရေးထက် နိုင်ငံတကာအကျိုးစီးပွားကိုသာ ဖြစ်ထွန်းစေနိုင်မည့်အပြင် တရားမျှတစွာ စုံစမ်းစစ်ဆေးမည့်ကော်မရှင်လည်း လုံးဝ မဖြစ်နိုင်။

ထို့ကြောင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်မည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အမည်ရှိ ပြည်ပသြဇာခံ ကော်မရှင်ဖွဲ့စည်းခြင်းကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)
ကရင်ပြည်နယ်