သတင်း

ဂျီဟဒ်​ပါ ဂျီဟဒ်​ပါဆို​နေ

ဘာသာမကူးပြောင်းလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရသူ ဟိန္ဒူလူမျိုး ၃၂ ယောက် လွတ်မြောက်လာ

နိရဉ္စရာ၊ စက်တင်ဘာ ၎

အစ္စလာမ်ဘာသာသို့ ကူးပြောင်း၊ မကူးပြောင်းပါက ည ၅ နာရီအတွင်း သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုခံခဲ့ရသည့် မောင်တောမြို့နယ် မင်္ဂလာကြီးရွာတွင် ဆံသ လုပ်ငန်း လုပ်ကိုင်နေသည့် ဟိန္ဒူလူမျိုး ၃၂ ဦးကို တပ်မတော်က ကယ်တင်နိုင်လိုက်သည်ဟု ဘူးသီးတောင် ဒေသခံ ဟိန္ဒူအမျိုးသား ခေါင်းဆောင် တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ သူတို့က ဘူသီးတောင် အမှတ် ၂ ရပ်ကွက်ကပါ။ မောင်တောမြို့နယ် မင်္ဂလာကြီးရွာမှာ ဆံပင်တွေဘာတွေ သွားညှပ်ပါတယ်။ အဲဒီနေ့က သူတို့ရဲ့ ဖုန်းတွေ အကုန်လုံးကို ဘင်္ဂလီအကြမ်းဖက်သမားတွေက သိမ်းထားတယ်။ နှင်တို့ ဘာသာကူးပြောင်းရင် ကူးပြောင်း၊ မပြောင်းရင် ညနေ ၅ နာရီဆို သတ်ပစ်မယ်။ ကံကောင်းချင်တော့ အမျိုးသမီးတစ်ဦးက ဖုန်းကို ၀ှက်ထားနိုင်ခဲ့တယ်။ အဲဒီဖုန်းနဲ့ဘဲ ကျွန်တော်တို့ကို အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ဘာမှ ပြန်မပြောနဲ့ အေးအေးနေပေါ့။ သူတို့ကလည်း အကြမ်းဖက်သမားတွေကို ဘာသာပြောင်းဆိုရင်လည်း ပြောင်းမယ်။ ဟာလာတော့ မလုပ်ပါနဲ့လို့ပြောတယ်။ အဲဒီအချိန်မှာဘဲ ဘူးသီးတောင်စစ်ကြောင်းမှူးကို ကျွန်တော် ကိုယ်တိုင်သွားပြီး (အဘ) ဒီလူတွေကို ကယ်တင်ပေးဖို့သွားပြောတယ်။ စစ်ကြောင်းမှူးကလည်း ချက်ချင်း ကူညီဆောင်ရွက်ပေးတယ်။ မင်္ဂလာကြီးရွာထဲက သူတို့နေထိုင်တဲ့ ပြင်ဖြူရွာကို ချက်ချင်းဘဲ တပ်လွတ်ပြီး သူတို့ ၃၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ၎င်းကျောင်းဆရာကြီးက ပြောကြားသည်။

၎င်းဟိန္ဒူလူမျိုး ၃၂ ယောက်ကို စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီတွင် ကယ်တင်နိုင်ခဲ့ပြီး ညနေ ၈ နာရီခန့်တွင် ဟိန္ဒူလူမျိုးများ နေထိုင်ရာ ဘူးသီးတောင် မြို့မ အမှတ် (၂) ရပ်ကွက်သို့ သက်ဆိုင်ရာမှ ကားဖြင့် လာရောက်ပေးပို့ခဲ့သည်ဟု ဆိုသည်။

“ အခု သူတို့ ကျွန်တော်တို့ရပ်ကွက်က ယာယီ ခိုလုံနေတဲ့ ဒုက္ခသည်းစခန်းမှာ ခိုလုံနေကြပါတယ်။ အခုကတော့ ကျွန်တော်ရပ်ကွက်က ကယ်ဆယ်ရေးစခန်းမှာ သူတို့ အပါအ၀င် လာရောက်ခိုနေတဲ့ ဟိန္ဒူလူမျိုး ၂၀၀ ကျော်ရှိနေပါပြီ။ ကယ်ဆယ်ရေး ပစ္စည်းတစ်ချို့လည်း လက်ခံရရှိပေမယ့် အခက်အခဲတွေတော့ ရှိနေပါသေးတယ်” ဟု သူက ပြောကြားသည်။

အလားတူ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ်းညားပြင်ရွာတွင် နေထိုင်သူ ဟိန္ဒူလူမျိုး ၁၆ ဦးကိုလဲ အကြမ်းဖက် ဘဂီလီများမှ အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်းခဲ့ကြောင်း၊ မပြောင်းပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် ဟိန္ဒူလူမျိုး ၁၆ ဦးမှာ တောတောင်ထဲတွင် တစ်ညပုန်းအောင်းနေခဲ့ရကြောင်း၊ နောက်တစ်နေ့တွင် မြောင်နား ဥက္ကဋ္ဌ အကြောင်းကြားရာမှ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်သို့ ခေါ်ယူလာခဲ့ရကြောင်း သူက ပြောကြားသည်။

(ထွက်ပြေးလာသူ ဟိန္ဒူအမျိုးသမီးနှစ်ဦးကို ဘူးသီးတောင်ဆိပ်ကမ်းတွင်တွေ့ရစဉ်)