သတင်း





“စာဖြေသံဃာအရုဏ်ဆွမ်း ဆက်လက်ကပ်လှူမည်”

လာမည့် 10.7.2020 ရက်နေ့ ပြန်လည်စတင်ကျင်းပမည့် အစိုးရဓမ္မာစရိယနှင့် ငယ်လတ်ကြီး ပထမပြန်စာမေးပွဲ ဖြေဆိုတော်မူကြမည့် မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်လက်ကပ်လှူသွားပါမည်။

မုန့်တီ၊ ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြာဇံကြော်၊ ထမင်းဆီဆမ်း+ကြက်သားကြော်၊ ပရှူးထမင်းကြော်၊ ပေါင်မုန့်ကြက်ဥကြော်+ကော်ဖီ စသည်များဖြင့် တစ်လှည့်စီ ကပ်လှူသွားပါမည်။

စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။