သတင်း

ဆရာတော်ဦးဝီရသူ၏တရားပွဲကိုတားမြစ်သည့်အပေါ် ဥပဒေကြောင်းအရသုံးသပ်ခြင်း

တင်ပြသူ။……ရှေ့နေ ဦးအေးပိုင်

၁။ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ၊ရွှေစေတီ ဆရာတော်ကြီး၏ သက်တော်(၉၀)ပြည့်မွေးနေ့ကို
(၁၁.၁၁.၂၀၁၇)နေ့ညတွင် ဘုန်းကြီးကျောင်းအတွင်း၌ကျင်းပသည့်အခါ လာရောက်ကြသည့်ဒကာ/ဒကာမများ
ကို ဆရာတော်ဦးဝိရသူက ဗုဒ္ဓအဆုံးအမ တရားများမိန့်ကြားရန်အစီအစဉ်ကိုဒေသခံ ဒကာ/ဒကာမများက
မွေးနေ့ရှင် ရွှေစေတီဆရာတော်ကြီး၏ ဩဝါဒဖြင့် စီစဉ်ခဲ့ကြောင်းသိရပါသည်။

၂။ထိုအစီအစဉ်ကို သက်ဆိုင်ရာမြို့နယ်ထွေအုပ် မှတရားဟောခွင့်မရှိ၍ ဆရာတော် ဦးဝီရသူကို တရားမဟောရန်
တားမြစ်ခဲ့ကြောင်း သိရပါသည်။တရားပွဲတားမြစ်ပိတ်ပင်သည့် မြို့နယ်ထွေအုပ်၏ လုပ်ဆောင်ချက်သည်
ဥပဒေနှင့်ညီညွတ်ခြင်း. ရှိ/မရှိ မေးမြန်းမှုများရှိလာပါသည်။ ထိုကြောင့် ထိုဖြစ်စဉ်အပေါ်ဥပဒေကြောင်းအရ
သုံးသပ်တင်ပြလိုပါသည်။

၃။ ဆရာတော်ဦးဝီရသူ ကို”မဟန”ကတရားပွဲပိတ်သည်ဆိုသူမှာ ဗုဒ္ဓဘာသာဝင်ပြုလုပ်စီစဉ်လေ့ရှိသည့် အများ
ပြည်သူနှင့်ဆိုင်သော နေရာတွင်ပြုလုပ်သည့်. အထူးတရားပွဲကြီးများသာဖြစ်ပါသည်။ဘုန်းကြီးကျောင်း၊လူနေ
အိမ်များတွင်ပြုလုပ်သည့် သာရေး/နာရေး/လူမှုရေးပွဲများ။အခမ်းအနားများတွင် တက်ရောက် ဩဝါဒပေးခြင်း
မျိုးနှင့်မသက်ဆိုင်ပါ။ဤကဲ့သို့ပွဲမျိုးကိုမည်သည့်သံဃာမဆို ဩဝါဒပေးခွင့်၊ဗုဒ္ဓအဆုံးအမပြောကြားခွင့်ရှိပါသည်။
မည်သည့်ပြဌာန်းဥပဒေ၊သံဃာ့စည်းမျဉ်းကမျှ မတားမြစ်၊မပိတ်ပင်ထားပါ။

၎။ ထို့ကြောင့် ဆရာတော် ဦးဝီရသူအား တရားမဟောကြားရန်သွားရောက်တားဆီးခဲ့သော ထွေအုပ်၏ လုပ်ရပ်သည်
ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် “မဟန”ညွန်ကြားလွာကို အဓိပ္ပါယ်ကောက်ယူမှု လွဲမှားနေခြင်း။မိမိ
တိတိကျကျမသိသည်ကိုအထက်အကြီးအကဲများထံ မေးမြန်းမှုမရှိခြင်း၊အကယ်၍ ညွန်ကြားလွာနှင့် တားဆီး
လိုလျင် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များထံလျှောက်ထားပြီး သံဃာနာယကဆရာတော်မျာကသာ
စီစစ်တားဆီးရမည်သာဖြစ်သည်။၊ ယခုလုပ်ရပ်သည့် တားမြစ်ခံရသောဆရာတော်နှင့် မွေးနေ့ရှင်ဆရာတော်ကြီး
အပါအဝင် ဗုဒ္ဓဘာသာဝင်များ အလွန်စိတ်ထိခိုက်နာကျင်ခံစားခဲ့ရခြင်း၊ အစိုးရကိုပါ ပြည်သူများနာကြည်းစေခြင်း
ဗုဒ္ဓဘာသာနိုင်ငံမှာဗုဒ္ဓဘာသာဝင်များကို ဗုဒ္ဓအဆုံးအမ ပြောကြားခွင့်မရသည်အထိ ပိတ်ပင်ခံပြီး လူအခွင့်အရေး
ကို ချိုးဖောက်ခံရခြင်း၊ဒီမိုကရေစံနစ် ကူးပြောင်းနေချိန်တွင် အာဏာရှင်စံနစ် ပြန်ဖြစ်နေခြင်း၊တားမြစ်သူ၎င်းကိုယ်
တိုင်လည်းအပါယ်(၄)ပုံကို ရောက်စေသည့်အပြစ်ကိုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါသည်။

၅။သို့ပါ၍ ရေဖြူမြို့နယ်၊ကံပေါက်ကျေးရွာ၊ရွှေစေတီဆရာတော်ကြီး၏မွေးနေ့ကိုဘုန်းကြီးကျောင်းဝင်းအတွင်း၌
ပြုလုပ်ရာတွင် “ဆရာတော်ဦးဝီရသူ”မှဗုဒ္ဓအဆုံးအမများပြောကြားမည့်အစီအစဉ်ကိုတားဆီးခဲ့သည့် မြို့နယ်
ထွေအုပ်၏ လုပ်ရပ်သည် ဥပဒေအရလည်းကောင်း ၊သံဃစည်းမျဉ်းမျဉ်းအရလည်းကောင်းညီညွတ်မှုမရှိပါ
ကြောင်း၊အစိုးရ၏ဂုဏ်သိက္ခာကိုထိခိုက်စေသောလုပ်ရပ်၊သာသနာတော်အတွက်အလွန်ထိခိုက်စေသော
လုပ်ရပ်သာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

“ဥာဏ်ကျယ်လေး”(၁၂.၁၁.၂၀၁၇)