သတင်း

ဌာပနာဖောက်ကုလားများ လွတ်နေဆဲ

2.1.2017ရက်နေ့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အရှေ့ကျောင်းအုပ်စု လေးအိမ်စုကျေးရွာမှာ စေတီဟောင်းတစ်ဆူကို ကုလားများတူးဖော်နေကြောင်း ကြားသိရလို့ အရှေ့ကျောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရဲစခန်းကိုတိုင်ကြားပါတယ်။
ဒေါင့်ကြီးရဲစခန်းက လာရောက်ဖမ်းဆီးတဲ့အခါ ကုလားသုံးဦးလွတ်သွားပြီး တစ်ဦးသာဖမ်းမိပါတယ်။
ဖမ်းမိတဲ့ကုလားအမည်က အေးဝင်း(ခ)နူးဟူစင် ၇/ပမန(နိုင်)၁၀၆၀၉၈ (ဘ)ဦးပေါ(ခ)ဦးစိုး(ခ)ဟာဆန်အလီ သင်္ဃန်းကျွန်းဘူတာအနီး ရန်ကုန်ဖြစ်ပါတယ်။
ကျန်သုံးဦးကတော့ ရှော့ပါတီ(ဘ)ဦးဟာရှင်း သပြေးကွင်းရွာ အိမ်မဲမြို့နယ်။
နွန်လဟာမွတ်(ဘ)ဦးဇူလီ သပြေးကွင်းရွာ အိမ်မဲမြို့နယ်။
မင်းဒင်(ဘ)ဦးမင်းတင် ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။
စေတီဟောင်းဟာ ပြိုပျက်နေတာကြောင့် အုတ်ပုံသာသာပဲရှိပါတော့တယ်။
အားလုံးပေါင်း စေတီသုံးဆူရှိပါတယ်။
တစ်ချို့စေတီမှာ ထီးတော်မရှိတော့ပါဘူး။
စေတီဟောင်းများတည်ရှိရာ ကျေးရွာကတော့ လေးအိမ်စုရွာဖြစ်ပါတယ်။ ခရဇ်ယာန်ရွာလေးပါ။
စေတီနားကိုရောက်တဲ့လူတွေ ရွှေစငွေစလေးတွေ တွေ့ရတဲ့အခါ ကောက်ယူသွားတတ်ကြပါတယ်။
အိမ်ရောက်တဲ့အခါ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်လို့ သံသယရှိတာနဲ့ ရွှေစငွေစလေးတွေပြန်ထားတဲ့အခါ လုံးဝပျောက်သွားတတ်ပါတယ်။
မဟုတ်နိုင်လောက်ဘူးဆိုပြီး ပြန်ယူသွားတဲ့အခါ ရောဂါပြန်ဖြစ်ပါတယ်။
ဒါကြောင့် ခရဇ်ယာန်ရွာသူတွေက စေတီပျက် စေတီဟောင်းတွေကို မပြစ်မှားရဲကြပါဘူး။
ဌာပနာဖောက်ဖို့ ကြံစည်ကြတဲ့ ကုလားလေးယောက်အနက်
လောလောဆယ် ဖမ်းမိထားသောကုလားနူးဟူစင်ဟာ ကျောင်းကုန်းမြို့ မြို့မရဲစခန်းထဲမှာရှိနေပြီး
(ပ)၁/၂၀၁၇
ပုဒ်မ ၂၉၅(က)၊ ၂၉၅ ဖြင့် အမှုရင်ဆိုင်နေရပါတယ်။
ရုံးချိန်းပေါင်း လေးချိန်းရှိသွားပါပြီ။
လာမည့် ၂၂.၈.၂၀၁၇ မှာ တရားလိုပြသက်သေတွေကို စစ်ဆေးမှာပါ။