သတင်း

တစ်ရွာလုံးနှင့်တစ်ယောက် ဆရာတော်ကြီး လာရောက်အားပေး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မင်းမအရှေ့ကျောင်းရွာဆရာတော်ကြီး ဘဒ္ဒန္တသံဝရ(သဒ္ဓမ္မဇောတိကဓဇ၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်) လာရောက်အားပေးပါတယ်။ မဟာဝီရမဂ္ဂဇင်းအတွက် စာမူလာပို့ရင်း အားပေးစကားပြောကြားတာပါ။
ဆရာတော်ကြီးက သက်တော်(၇၁)နှစ်ရှိပါပြီ။ အမျိုးသားရေးစိတ်ထားကြီးမားတော်မူပါတယ်။ ဆရာတော်ကြီးလည်း တစ်ရွာလုံးနဲ့တစ်ယောက်ပါပဲ။
ထုံးစံအတိုင်းပေါ့နော် ငှက်ဆိုးတွေက ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကိုလည်း ချမ်းသာမပေးကြဘူးလေ။ ဆရာတော်ကြီးက သူနဲ့သက်တူရွယ်တူ အမျိုးသမီးကြီးကို ရှေ့က ဖခင်နာမည်နှစ်လုံးကိုဖြုတ်ပြီး နောက်နှစ်လုံးကို မိထည့်ပြီး အမြဲတမ်း ပြောဆိုလေ့ရှိပါတယ်။
မိဘယ်သူပေါ့ဗျာ။ တစ်နှစ်ကျော်ကျော်ပဲရှိသေးတယ် သာသနာက ကုန်ပါပြီတဲ့ဗျာ။ အင်း ငှက်နာတစ်ကောင်ကတော့ တစ်အိမ်တက်ဆင်းလိုက်ကောင်းတာတောင် လက်မှတ်တွေချမပြနိုင်သေးဘူး။
ဒါတောင် သူ့ကိုဝိုင်းလော်နေကြတဲ့ မီဒီယာတွေ အာဏာပိုင်တွေ အနီတွေ အနက်တွေ အင်အားကောင်းနေလို့ပါ။ ဝီရသူကတော့ အရေးအကြောင်းရှိတိုင်း ဆရာတော်သံဃာတော်ကြီးတွေ အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးကြကုန်သော လူကြီးလူငယ်တွေ လာရောက်အားပေးတာကို အမြဲတမ်း ခံစားနေရတဲ့သူဖြစ်ပါတယ်။
မင်းမဆရာတော်ကြီးနှင့်အတူ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကုန်သော သူတော်ကောင်းပေါင်းတို့ ငှက်ဆိုးဘေးမှကင်းဝေးကြပါစေ။