သတင်း
ထမင်းဝအောင်စားထား
အယ်ဒီတာ
“ထမင်းဝအောင်စားထား”
ထမင်းဝအောင်စားထားဟူသောစကားကို ခြိမ်းခြောက်စကားဟု သတ်မှတ်ထားကြသည်။ တစ်ဦးတစ်ယောက်က အခြားတစ်ဦးတစ်ယောက်ကို မကျေနပ်သည့်အခါတိုင်း မင်းထမင်းဝအောင်စားထားဟု ကြိမ်းမောင်းလေ့ရှိတတ်သည်။ ထမင်းဝအောင်စားထားဟု အပြောခံရသူတိုင်းကလည်း စိတ်ဆိုးစိတ်ကွက် အမျက်ထွက်တတ်ကြသည်။ ထို့ကြောင့် ထမင်းဝအောင်စားထားဟူသောစကားသည် ခြိမ်းခြောက်သော စကားတစ်ရပ် ဖြစ်လေသည်။
သို့သော် မိဘက သားသမီးအား မင်းတို့ ထမင်းဝဝစားထားကြနော်ဟူ၍၎င်း၊ ထမင်းဝအောင်စားပြီးလျှင် အလုပ်လုပ်ရမည်ဟူ၍လည်းကောင်း၊ ပြောဆိုတတ်ကြလေသည်။ ထိုနည်းတူ ဆရာသမားများ အလုပ်ရှင်များ အကြီးအကဲများကလည်း ထမင်းဝအောင်စားထားကြဟေ့ ထမင်းစားပြီးရင် လုပ်စရာရှိတယ်ဟု ပြောဆိုလေ့ရှိကြသည်။
ဤသည်ကိုထောက်လျှင် ထမင်းဝအောင်စားထားဟူသော စကားသည် ဧကန်ခြိမ်းခြောက်စကား မဟုတ်တော့ပါ။ အနေကန်စကားတစ်ရပ်သာ ဖြစ်ပါသည်။ ခြိမ်းခြောက်ရာရောက်သလို စေတနာထားရာလည်း ရောက်ပါသည်။ ထိုသို့ အာဘော်ကွဲသွားရခြင်းမှာ ပြောဆိုပုံကွဲပြားသောကြောင့် ဖြစ်၏။
မင်းတို့ထမင်းဝအောင်စားထားဟူသော စကားရပ်သည် ခြိမ်းခြောက်စကားဖြစ်သည်ဟု ဆိုသော်ငြား နာမည်တပ်၍ (By Name)ဖြင့် ခြိမ်းခြောက်ခြင်းမဟုတ်သော်ကြောင့်လည်းကောင်း၊ သတ်မည်ဖြတ်မည်ဟု ရည်ရွယ်ချက်မပါသောကြောင့်လည်းကောင်း၊ ခြိမ်းခြောက်မှု မမြောက်ပါ။
မင်းတို့ထမင်းဝအောင်စားထားဟူသောစကားကို အမျိုးဘာသာ သာသနာ၏ ခလုတ်ဆူးငြောင့်တစ်ခုဖြစ်သော အန္တရာယ်တစ်ရပ်ကို မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် သုတ်သင်ရှင်းလင်းပေးခဲ့သော ၂၁ ရာစု မြန်မာတို့၏ သူရဲကောင်းကြီး ဦးကြည်လင်းနှင့် သွေးသောက်ရဲဘော်များက ခြိမ်းခြောက်ပြောကြားသွားသည်ဟု ပဏာမစကားအရ ကြားရပါသည်။
၎င်းနောက် အဆိုပါသူရဲကောင်းကြီး ဦးကြည်လင်းတို့အဖွဲ့ထဲမှ အဖွဲ့သားတစ်ယောက်က သူတို့မပြောကြောင်းနှင့် သူတို့မပြောပဲ ပြောသည်ဟု ရေးသားကြသူများကို တရားစွဲမည်ဟူသော သတင်းကိုလည်း ထပ်မံကြားသိရပါသည်။ ၎င်းနောက် သာကေတလူငယ်အဖွဲ့က ၎င်းစကားရပ်များကို အကျႌတွင် စာတန်းထိုးကာ သူရဲကောင်းကြီးဦးကြည်လင်းတို့အား လက်ဆောင်လာပေးသည်ဟူသော သတင်းများကြားရပါသည်။
လူငယ်တစ်ဦးက ၎င်းအကျႌကိုဝတ်ဆင်လာခြင်း ကိုင်ဆောင်ပြခြင်းများလည်း ပြုခဲ့သည်ကို တွေ့ရပါသည်။ အဆိုပါ ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကျယ်ပြန့်စွာဖြန့်ကျက်၍ အစိုးရကိုဖိအားပေးသော လုပ်ရပ်များကိုလည်း တွေ့မြင်လိုက်ရပါသည်။
ရှေ့နေများအဖွဲ့ဆိုသူတွေကလည်း ခြိမ်းခြောက်ရာရောက်သည်ဟုဆိုကာ သာကေတလူငယ်များကို ဖမ်းဆီးအရေးယူဖို့အထိ ဖိအားပေးလာသည်ကိုလည်း တွေ့ရပါသည်။ တစ်ဆက်တည်းမှာပင် ချက်ချင်းလက်ငင်းဆိုသလိုပဲ ၅၀၅(ခ)ဖြင့်၎င်း၊ ပုဒ်မ ၁၈၉ဖြင့်လည်းကောင်း အင်းစိန်တရားရုံးက ဖမ်းဝရမ်းထုတ်သည့်အဆင့်သို့ ရောက်ရှိခဲ့ပါသည်။ အင်းစိန်အုပ်ချုပ်ရေးမှူးက တရားရုံးသို့ ဦးတိုက်လျှောက်တိုင်ကြားသောကြောင့် ထိုသု့ိဖမ်းဝရမ်းထုတ်ရခြင်း ဖြစ်ကြောင်းလည်း တွေ့ရပါသည်။
ဤမျှဖြင့်သာ မပြီးသေးပါ။ ထမင်းဝအောင်စားထားဂယက်က မြေပြင်မှာရော ဝေဟင်မှာပါ လှိုင်းထသွားပါတော့ သည်။
အဆိုပါ ရှေ့နေအဖွဲ့လုပ်ရပ်က သာကေတလူငယ်များအပေါ် အင်အားသုံး အုပ်စုဖွဲ့ အနိုင်ကျင့်သလို ဖြစ်ခဲ့သည်ကြောင့် အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဟန်အပြည့် မာန်အပြည့်ဖြင့် ရုပ်သံဖိုင်တင်ကာ ထမင်းဝအောင်စားထားဟု ပြတ်ပြတ်သားသား သတိပေးလိုက်ပါတော့သည်။
အဆိုပါ ဗီဒီယိုဖိုင်သည် တမုဟုတ်ခြင်း ပျံ့နှံ့သွားကာ ရှေ့နေများ နိုင်ငံရေးသမားများ လော်ဘီများ ဘာသာခြားများ၊ အနာပေါ်တုတ်ကျသကဲ့သို့ နာကျင်ခံခက် ဖြစ်သွားပါတော့သည်။ အချို့ဆိုလျှင် အသံဖိုင်တင်၍ ပြန်လည်ရန်တွေ့ခြင်း၊ ရှေ့နေအဖွဲ့နှင့် ရန်တိုက်ပေးခြင်း၊ မဟနကို တိုင်ကြားခြင်း အစိုးရကို ဖိအားပေးခြင်းများအထိ ကြံစည်အားထုတ်လာကြသည်ကို တွေ့ရပါသည်။
ထိုအခါ ဆရာတော်ဦးဝီရသူက ဒုတိယဗီဒီယိုဖိုင်တင်၍ ပြန်လည်ချေပပြန်ပါသည်။ အဆိုပါ ဖိုင်၏ ဆိုလိုရင်းမှာ သူတော်ကောင်းကို စော်ကားသူတွေ ထမင်းဝအောင်စားထားဟုသာ ပြောသည်။ ဝီရသူကို စော်ကားသူတွေ ထမင်းဝအောင်စားထားဟု မပြောပါ။ သံဃာတော်ကို ပြစ်မှားသူတွေ ထမင်းဝအောင် စားထားဟုသာ ပြောကြားသည်။ ဝီရသူကို ပြစ်မှားသူတွေ ထမင်းဝအောင်စားထားဟု မပြောပါ။
တရားပွဲများ ပိတ်ပင်သူတိုင်းကိုသာ ရည်ရွယ်သည်။ ဝီရသူ၏ တရားပွဲပိတ်ပင်မှု တစ်ခုတည်းကိုသာ ရည်ရွယ်ခြင်း မဟုတ်ပါဟူ၍ ဖြစ်ပါသည်။ ဆရာတော်ဦးဝီရသူ၏ ပထမဗီဒီယိုဖိုင်တွင်လည်းကောင်း၊ ဒုတိယဗီဒီယိုဖိုင်တွင်လည်းကောင်း၊ မိမိကိုယ်ကို ကြည်လင်းဆရာတော်ဟု အမည်တပ်သွားသည်ကို တွေ့ရပါသည်။
ဒုတိယဗီဒီယိုဖိုင်တွင်မူ ဂျိန်းစပွန်းမင်းသား သေနတ်ချိန်သည့် ဟန်အမူအရာကိုပါ သရုပ်ဖော်ပြသွားသည်ကို တွေ့ရပါသည်။
ထိုအခါ ကုလားအားပေးသူနှင့် ဘုရားအားပေးသူတို့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ကာ တုန့်ပြန်မှုဂယက် ကြီးမားသွားလေတော့၏။
ဆရာတော်ဦးဝီရသူအား မင်းတို့ထမင်းဝအောင်စားထားဟု ပြောရုံမျှဖြင့် ၅၀၅(ခ)တပ်ပြီး ဖမ်းဝရမ်းမထုတ် သည်ကို လုံးဝကျေနပ်ပုံမပေါ်ပါ။ ခြိမ်းခြောက်မှုမမြောက်ပဲ ဖမ်းဝရမ်းထုတ်ခြင်းသည် ဥပဒေကို ကျော်လွန်၍ လုပ်ခြင်းပင်ဖြစ်သည်ဟု ယူဆပုံရပါသည်။
ထို့ကြောင့် ဓမ္မနှင့်အဓမ္မ အမျိုးစောင့်နှင့် အမျိုးဖျက် ဤနှစ်ရပ်တို့တွင် အမျိုးစောင့်အမှန်တရားဘက်မှ ရပ်တည်ကာ အမျိုးဖျက်သမား အဓမ္မများကို တွန်းလှန် တော်လှန်ဖို့ စတင်ပါတော့သည်။
ဤအတောအတွင်းမှာပင် သာကေတမြို့နယ် မျိုးချစ်သွေး ဓမ္မကွန်ရက်မှ လူငယ်ခေါင်းဆောင် ကိုတင်လင်းထိုက်၏ သားကလေးနှစ်နှစ်ပြည့်မွေးနေ့တွင် လူငယ်အမျိုးသမီးနှစ်ဦးက မင်းတို့ထမင်းဝအောင်စား ထား စာတမ်းပါ အကျႌဝတ်ဆင်ကာ မြန်မာတစ်မျိုးသားလုံးအတွက် သူ့ဘဝကို ပေးဆပ်ခဲ့သော နိက္ခမ္မပါရမီရှင် ဘုရားအလောင်းဝါဒီ သူရဲကောင်းကြီးဦးကြည်လင်းထုံး နှလုံးမူကာ အမျိုးဘာသာ သာသနာ၏ အန္တရာယ် ရန်စွယ်ကို ဖယ်ရှားရှင်းလင်းပုံများကို သရုပ်ဖော်တင်ဆက်ခဲ့ကြပါသည်။
၎င်းဓာတ်ပုံများ အွန်လိုင်းမှာပျံ့နှံ့သွားသည့်အခါ လူငယ်ခေါင်းဆောင် ကိုတင်လင်းထိုက်ကို ဖမ်းဝရမ်း ထုတ်လိုက်ပါတော့သည်။ ၎င်း အမျိုးသမီးနှစ်ဦး၏ ဓာတ်ပုံကြောင့် ကိုတင်လင်းထိုက် ဖမ်းဝရမ်းထုတ်ခံရခြင်းသည် ဥပဒေနှင့် မည်သို့ ပတ်သက်လေသနည်း။
ဤသဘောတရားကို အသာထား၍ ကိုတင်လင်းထိုက်အိမ်သို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့လာသည့်အခါ ကိုတင်လင်းထိုက်၏ မိခင်ကြီးမှာ စိတ်ထိခိုက်သွား၍ ဆေးရုံတင်လိုက်ရပါတော့သည်။ ဆေးရုံတက်ပြီး နှစ်ရက်အကြာတွင် အဆိုပါနှလုံးထိခိုက်မှုကြောင့်ပင် သေဆုံးသွားခဲ့ပါတော့သည်။ မိခင်ကြီးဈာပနပွဲသို့ ကိုတင်လင်းထိုက် ရောက်မလာနိုင်တော့ပါ။
ကိုတင်လင်းထိုက်လည်း မိခင်အသုဘ၌ မိခင်အလောင်းကို ကိုယ်တိုင်မြေချ မပေးလိုက်နိုင်ပဲ ပူဆွေးသောက ဖြစ်ရသလို ကိုတင်လင်းထိုက်ရောက်လာလျှင် မသာမရှောင် အသုဘမရှောင် ဖမ်းဆီးပေးဖို့ ဖိအားပေးထား ခံရခြင်းကြောင့် ကိုတင်လင်းထိုက်အား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားမည်ကို စိုးရိမ်သူများလည်း ရှိကြပါသည်။
ဤသို့သော ဖြစ်ရပ်မျိုးသည် စစ်အာဏာရှင်အစိုးရလို ဥပဒေကိုဂရုမစိုက်ပဲ အမိန့်အာဏာဖြင့် အုပ်ချုပ်သော ခေတ်မျိုးမှသာ ရှိတတ်သည်ဟု ပြောမရနိုင်တော့ပါ။ ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုကြောင့် တက်ရောက်လာသော ပြည်သူ့အစိုးရ အရပ်သားဒီမိုကရေစီ တရားဥပဒေစိုးမိုးရေးနတ်သမီး ဒုတိယဘုရား သခင်ကြီး၏ လက်ထက်မျိုးမှာလည်း ရှိတတ်သည်ကို လက်တွေ့ပြသသွားခြင်းပင် ဖြစ်ပါသည်။
ထိုအကြောင်းကို သိရှိခဲ့သော ဆရာတော်ဦးဝီရသူသည် အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲတွင် အမျိုးသားရေးအင်အားစုများအား ထမင်းဝအောင်စားထားဟု သြဝါဒပေးလိုက်ပါတော့သည်။
ဆရာတော်၏ သြဝါဒက ထမင်းဝမှာ အားရှိမှ အားရှိမှ စာကျက်နိုင်မှာ အားရှိမှ အလုပ်လုပ်နိုင်မှာ ထို့ကြောင့် ထမင်းဝအောင်စားထားဟု တိုက်တွန်းလိုခြင်းဖြစ်သော်လည်း ထမင်းဝအောင်စားထားဟူသော စကားလုံး တစ်ခုတည်းကို ကွက်ယူ၍ ၃၆ စက္ကန့်စာ ဗီဒီယိုဖိုင်လေးကိုသာ ကွက်တင်ကာ အထင်အမြင် လွဲမှားအောင် လုပ်ကြသူတွေကြောင့် ထမင်းဝအောင်စားထား ဂယက်က ထပ်မံကြီးထွားသွားပြန်ပါတော့သည်။
ထိုအခါ ဆရာတော်ဦးဝီရသူအား အရေးယူပေးရေး သတင်းစာရှင်းလင်းပွဲ လုပ်မည်ဆိုသည့် အဆင့်အထိ ရောက်ရှိသွားပါတော့သည်။ ထိုသို့ပင် ဆန့်ကျင်ဘက်အုပ်စုက ထောင်ချမည် တန်းချမည် ဖမ်းဆီးမည် အရေးယူမည် သတ်မည် ဖြတ်မည် ဤသို့ပင် ဖိအားပေး လှုံ့ဆော်ခြိမ်းခြောက်လာပါသော်လည်း ဆရာတော်ဦးဝီရသူကား ဘကြီးကွမ်းစားမပျက် စာချမြဲချလျက်ရှိသည်ကို တွေ့ရပါသည်။
ဆရာတော်ဦးဝီရသူအား ထောင်ချမည့်အဖွဲ့က ဆရာတော်ဦးဝီရသူ၏ ပြုမူပြောဆိုပုံသည် သာသနာတော်နှင့် မလျော်ညီသောကြောင့်ဟု အကြောင်းပြပါသည်။ လက်ညှိုးထိုးခြင်းသည် မည်သည့်သိက္ခာပုဒ်နှင့် ငြိစွန်းပါ သနည်း၊ လက်ညုှိးကွေးခြင်းသည် မည်သည့်သိက္ခာပုုဒ်ကို ချိုးဖောက်ပါသနည်း။
ထမင်းဝအောင်စားထားဟု ပြောခြင်းသည် မည်သည့် ဝိနည်းတော်နှင့် ဆန့်ကျင်ပါသနည်း။ ဤသို့သော မေးခွန်းမျိုးကိုမူ ဆန့်ကျင်ဘတ်အုပ်စုတို့ ဖြေဆိုနိုင်မည် မဟုတ်ပါ။ ၎င်းတို့သည် ဆီလိုအပေါက်ရှာရုံသာ တတ်ကြပါသည်။ ပိဋကတ်တော်လည်း မနှံ့စပ်ကြပါ။ ဝိနည်းတော်လည်း မလေးစားကြပါ။ အရည်အချင်း မရှိကြပါ။ စားစရာမရှိ၍သာ နိုင်ငံရေးလုပ်သည်ဟု ရှုမြင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းကြောင်း မကောင်းသူ များဖြစ်သောကြောင့်တည်း။
အယ်ဒီတာ