သတင္း

ထံုးဘိုရြာ ဆြမ္းႀကီးေလာင္းပြဲ

တေပါင္းလဆန္း ၇ ရက္ (12.3.2019 ရက္ေန႔၊ မနက္ ၈း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ အမရပူရၿမဳိ႕နယ္၊ ထံုးဘိုရြာ ေအာင္မဂၤလာေက်ာင္းတိုက္မွာ က်င္းပပါတယ္။
ေက်ာင္းထုိင္ဆရာေတာ္ ဦးဥတၱရႏွင့္ ရြာနီးစပ္ ဆရာေတာ္ သံဃာေတာ္မ်ား ဦးစီးက်င္းပၾကတာပါ။

ေရွးဦးစြာ ဘုရားအေနကဇာတင္ၿပီး စာေရးတံမဲစနစ္ျဖင့္ သကၤန္းမ်ားကပ္လွဴကာ လွဴဖြယ္ပစၥည္းမ်ား ဝတၳဳေငြမ်ား ေလာင္းလွဴၾကပါတယ္။
အားလံုးအၿပီးမွာ စာေရးသူက ေရစက္ခ် အႏုေမာဒနာတရား ေဟာၾကားရပါတယ္။
ကထိန္တုန္းကလည္း အႏုေမာဒနာတရား ေဟာၾကားခဲ့တာေၾကာင့္ တရားအရွည္ႀကီးမေဟာေတာ့ဘဲ ဗုဒၶပူဇနိယပြဲေတာ္ပီပီ ဘုရားကို နေမာတႆျဖင့္ သတိရတုိင္း ရွိခုိ္းပူေဇာ္ၾကဖုိ႔ တုိက္တြန္းေဟာၾကားခဲ့ပါတယ္။
ေရစက္ခ်ပြဲအၿပီးမွာ ရြာသူရြာသားမ်ား ေက်ာင္းအျပင္ဘက္မွာ ေျပးလႊား ေအာ္ဟစ္ေနတာေၾကာင့္ ေမးၾကည့္ရာ ()အိမ္ မီးေလာင္ေၾကာင္း သိရွိလုိက္ရပါတယ္။
စာေရးသူလည္း ဖုန္းနံပါတ္ရွိသမွ် ဖုန္းဆက္ၿပီး ဌာနဆုိင္ရာသို႔ အသိေပးလုိက္ပါတယ္။
တစ္အိမ္တည္းမီးေလာင္ၿပီး ျပာက်သြားပါတယ္။
တျခားအိမ္မ်ား လံုးဝ မကူးစက္ပါ။
ေနာက္မွသိရသည္မွာ မီးေလာင္ေသာအိမ္သည္ တရားပြဲကုသိုလ္ရွင္အိမ္ျဖစ္ေၾကာင္း၊ အိမ္ရွင္မ်ားက ဘုန္းႀကီးေက်ာင္းမွာ တရားနာေနေၾကာင္း၊ တရားနာေနခ်ိန္မွာ မီးေလာင္သြားေၾကာင္းေတြပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ ထူးဆန္းတာက မနက္ ၉း၀၀ နာရီအခ်ိန္ တစ္အိမ္တည္းမီးေလာင္တယ္၊ အိမ္ရွင္က ဘုန္းႀကီးေက်ာင္းမွာ၊ ေရကားက အဆင္သင့္ေရာက္ေနတယ္၊ ဘယ္အိမ္မွ မကူးပါ။
ဆုိင္ကယ္သံုးစီး မီးထဲပါသြားတယ္။
အျခားပစၥည္းေတြလည္း ပါသြားတယ္။
ရြာဘုန္းႀကီးက မယ္မင္းႀကီးမကိုေတာင္ ရြာထဲဝင္ခြင့္မေပးခဲ့သူ၊ အနီေတြ ကထိန္လာခင္းတာေတာင္ လက္မခံခဲ့သူျဖစ္တဲ့အတြက္ေၾကာင့္ ဘုန္းႀကီးကို လုပ္ခ်င္တာလည္း လုပ္မရလို႔ ဘုန္းႀကီးေက်ာင္းသြားသူ တရားပြဲကုသိုလ္ရွင္အိမ္ကို မီးရႈိ႕လုိက္တာလုိ႔ပဲ ရြာသူရြာသားမ်ားက တရားေသယူဆေနၾကပါတယ္။
ေရဝတီရဲ႕ သားသမီးေတြေကာင္းမႈေပါ့ဗ်ာ။

“ထုံးဘိုရွာ ဆွမ်းကြီးလောင်းပွဲ”

တပေါင်းလဆန်း ၇ ရက် (12.3.2019 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ထုံးဘိုရွာ အောင်မင်္ဂလာကျောင်းတိုက်မှာ ကျင်းပပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးဥတ္တရနှင့် ရွာနီးစပ် ဆရာတော် သံဃာတော်များ ဦးစီးကျင်းပကြတာပါ။
ရှေးဦးစွာ ဘုရားအနေကဇာတင်ပြီး စာရေးတံမဲစနစ်ဖြင့် သင်္ကန်းများကပ်လှူကာ လှူဖွယ်ပစ္စည်းများ ဝတ္ထုငွေများ လောင်းလှူကြပါတယ်။
အားလုံးအပြီးမှာ စာရေးသူက ရေစက်ချ အနုမောဒနာတရား ဟောကြားရပါတယ်။
ကထိန်တုန်းကလည်း အနုမောဒနာတရား ဟောကြားခဲ့တာကြောင့် တရားအရှည်ကြီးမဟောတော့ဘဲ ဗုဒ္ဓပူဇနိယပွဲတော်ပီပီ ဘုရားကို နမောတဿဖြင့် သတိရတိုင်း ရှိခိုးပူဇော်ကြဖို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။
ရေစက်ချပွဲအပြီးမှာ ရွာသူရွာသားများ ကျောင်းအပြင်ဘက်မှာ ပြေးလွှား အော်ဟစ်နေတာကြောင့် မေးကြည့်ရာ ()အိမ် မီးလောင်ကြောင်း သိရှိလိုက်ရပါတယ်။
စာရေးသူလည်း ဖုန်းနံပါတ်ရှိသမျှ ဖုန်းဆက်ပြီး ဌာနဆိုင်ရာသို့ အသိပေးလိုက်ပါတယ်။
တစ်အိမ်တည်းမီးလောင်ပြီး ပြာကျသွားပါတယ်။
တခြားအိမ်များ လုံးဝ မကူးစက်ပါ။
နောက်မှသိရသည်မှာ မီးလောင်သောအိမ်သည် တရားပွဲကုသိုလ်ရှင်အိမ်ဖြစ်ကြောင်း၊ အိမ်ရှင်များက ဘုန်းကြီးကျောင်းမှာ တရားနာနေကြောင်း၊ တရားနာနေချိန်မှာ မီးလောင်သွားကြောင်းတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးဆန်းတာက မနက် ၉း၀၀ နာရီအချိန် တစ်အိမ်တည်းမီးလောင်တယ်၊ အိမ်ရှင်က ဘုန်းကြီးကျောင်းမှာ၊ ရေကားက အဆင်သင့်ရောက်နေတယ်၊ ဘယ်အိမ်မှ မကူးပါ။
ဆိုင်ကယ်သုံးစီး မီးထဲပါသွားတယ်။
အခြားပစ္စည်းတွေလည်း ပါသွားတယ်။
ရွာဘုန်းကြီးက မယ်မင်းကြီးမကိုတောင် ရွာထဲဝင်ခွင့်မပေးခဲ့သူ၊ အနီတွေ ကထိန်လာခင်းတာတောင် လက်မခံခဲ့သူဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးကို လုပ်ချင်တာလည်း လုပ်မရလို့ ဘုန်းကြီးကျောင်းသွားသူ တရားပွဲကုသိုလ်ရှင်အိမ်ကို မီးရှို့လိုက်တာလို့ပဲ ရွာသူရွာသားများက တရားသေယူဆနေကြပါတယ်။
ရေဝတီရဲ့ သားသမီးတွေကောင်းမှုပေါ့ဗျာ။