သတင္း

ဒီမုိကေရစီလုိ႔ေျပာရင္ ယုံမွာေတာင္ မဟုတ္ဘူး(၁၂)

(၁)
ဒီမုိကေရစီလုိ႔ေၾကြးေၾကာ္ထားေပမယ့္ ဒီမုိကေရစီမဆန္တဲ့ အျပဳအမူေတြ ဒီမုိကေရစီနဲ႔ ဆန္႔က်င္တဲ့ လုပ္ရပ္မ်ဳိးေတြ ဒီခ်ဳပ္အစုိးရလက္ထက္မွာ အၿမဲတန္းလုိလုိ ေတြ႕ျမင္ေနရပါတယ္။ ေဖ့စ္ဘုတ္စစ္ဆင္ေရးလုိ႔ပဲဆုိဆုိ အြန္လုိင္းသန္႔ရွင္းေရးလုိ႔ပဲေျပာေျပာ ဒီမုိကေရစီသေဘာတရားျဖစ္တဲ့ ကြဲလြဲမႈကုိ လက္ခံျခင္း၊ ေဝဖန္ေထာက္ျပမႈကုိ ေလးစားျခင္းဆုိတဲ့ စံနမူေကာင္းေတြကုိ လုိက္နာက်င့္သုံးမႈ မရွိတာကေတာ့ ေသခ်ာေနပါတယ္။

Myint Zaw ဆုိတဲ့ ေဖ့စ္ဘုတ္အေကာင့္ တစ္လအပိတ္ခံလုိက္ရပါတယ္။ ျပစ္မႈကေတာ့ စာေရးသူရဲ႕ဓာတ္ပုံေတြ တင္လုိ႔ပါပဲ။ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ႏွင့္ ၁၈ ရက္ေန႔ေတြမွာ ရန္ကုန္ၿမဳိ႕ ေရႊတိဂုံေစတီေတာ္ရင္ျပင္ရွိ ေစတိယဂၤဏရာျပည့္ပြဲ က်င္းပခဲ့ပါတယ္။ ေစတိယဂၤဏအသင္း ႏွစ္တစ္ရာျပည့္အခမ္းအနား အဘိဝံသဘြဲ႕ရ ဆရာေတာ္သံဃာေတာ္မ်ားအား ပူေဇာ္ပြဲအခမ္းအနားဓာတ္ပုံေတြကုိ နံပါတ္စဥ္ထုိးၿပီး အခန္းဆက္တင္ျပခဲ့ရာ မွာ စာေရးသူပုံေတြပါသြားတာေၾကာင့္ ျပန္ျဖဳတ္ခ်ခုိင္းၿပီး တစ္လပိတ္တဲ့ ျပစ္ဒဏ္ေပးလုိက္တာပါ။ ဒါေတာင္ ဓာတ္ပုံေတြ စုစည္းတင္ျပတာပဲ ရွိပါေသးတယ္။ သတင္းေတြ ပုိ႔စ္တ္ေတြ မဟုတ္ေသးပါဘူး။

ေနာက္တစ္ေကာင့္ကေတာ့ ကုိဝင္းေမာ္အေကာင့္ပါ။ Win Maw ဆုိတဲ့အေကာင့္ေရာ၊ ဝင္းေမာ္(ေရႊသံစဥ္) ဆုိတဲ့အေကာင့္ပါ လုံးဝအပိတ္ခံလုိက္ရတဲ့အေၾကာင္း စာေရးသူကုိ မက္ဆင္ဂ်ာမွတစ္ဆင့္ ေျပာၾကားလာပါ တယ္။ သူပုိ႔တဲ့မက္ေဆ့ဖတ္ၿပီး ေနာက္တစ္ေန႔ (24.2.2018)ရက္ေန႔ မနက္မွာပဲ Win Maw(Shwe Than Zin) ဆုိတဲ့ အေကာင့္ေလးလည္း လုံးဝပ်က္သြားပါတယ္။

ဒီမုိကေရစီဆုိင္းဘုတ္တပ္ထားၿပီး အျမင္မတူသူေတြကုိ ကြဲလြဲခြင့္မေပးတဲ့ အျပဳအမူ၊ အတုိက္အခံကုိ ရပ္တည္ခြင့္မေပးတဲ့ အျပဳအမူပါပဲ။

(၂)
ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔မွာ ရန္ကုန္တုိင္း သာေကတၿမဳိ႕မွ ကုိတင္လင္းထုိက္(မ်ဳိးခ်စ္ေသြး ဓမၼကြန္ရက္)ကုိ ဖမ္းဝရမ္းထုတ္လုိက္ပါတယ္။ ၅၀၅(ခ)နဲ႔ပါပဲ။ သာေကတၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက တရားရုံးသုိ႔ ဦးတုိက္ေလွ်ာက္ၾကားတာေၾကာင့္ပါ။ ျပစ္မႈကေတာ့ ထမင္းဝေအာင္စားထား စာတန္းပါ အက်ႌေၾကာင့္ပဲ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာ အမ်ဳိးသားေရးလႈပ္ရွားသူ မ်ဳိးခ်စ္ေသြး ဓမၼကြန္ရက္မွ ကုိတင္လင္း ထုိက္၏သားေလး ၂ႏွစ္ျပည့္ ေမြးေန႔ပြဲ က်င္းပပါတယ္။

အဲဒီေမြးေန႔ပြဲမွာ မုန္႔ဟင္းခါးစတုဒိသာေကၽြးပါတယ္။ ေမြးေန႔ပြဲလာ ပရိသတ္ထဲက အမ်ဳိးသမီးႏွစ္ဦးက ပါေဖာမန္႔စ္တစ္ခု လုပ္သြားပါတယ္။ အမ်ဳိးသမီးတစ္ဦးက ကေလးကုိေပြ႕ခ်ီၿပီး ပရိသတ္ကုိ ေက်ာေပးရပ္ေန ပါတယ္။ အျခားအမ်ဳိးသမီးတစ္ဦးက ကေလးေပြ႕ၿပီး ေက်ာေပးထားတဲ့ အမ်ဳိးသမီးရဲ႕ ေနာက္ေစ့ကုိ ေသနတ္ျဖင့္ ခ်ိန္ထားပါတယ္။ ေသနတ္ျဖင့္ ခ်ိန္ထားသူဝတ္ဆင္တဲ့ အက်ႌေနာက္ေက်ာမွာ “မင္းတုိ႔ ထမင္းဝေအာင္စားထား” စာတန္းထုိးထားပါတယ္။ အဲဒီပုံဟာ ရန္ကုန္ေလဆိပ္လူသတ္မႈ CCTV မွတ္တမ္းပုံႏွင့္ တစ္ထပ္တည္းတူညီေနပါတယ္။ ဒီပုံ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚ ပ်ံ႕ႏွံ႔သြားတဲ့အခါ ေမြးေန႔ပြဲက်င္းပတဲ့ အိမ္ရွင္ ကုိတင္လင္းထုိက္ကုိ တရားစြဲဖုိ႔ ဖိအားေတြ က်ေရာက္လာတာပါ။

ဖမ္းဝရမ္းထုတ္ၿပီး ႏွစ္ရက္ေက်ာ္ သုံးရက္ေျမာက္ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာ ကုိတင္လင္းထုိက္ေနအိမ္သုိ႔ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာတာပါ။ ဖမ္းဝရမ္းျပၿပီး လာေရာက္ရွာေဖြတာေတြ႕ရလုိ႔ ကုိတင္လင္းထုိက္မိခင္ႀကီး ရုတ္တရက္ႏွလုံးေဖာက္သြားၿပီး ၁၆ ရက္ေန႔မွာ ဆုံးပါးသြားပါေတာ့တယ္။ ကုိတင္လင္းထုိက္ရဲ႕ မိခင္ႀကီး အမည္က ေဒၚညြန္႔ညြန္႔ဝင္းပါ။ အသက္ ၆၈ ႏွစ္ရွိပါၿပီ။ ေထာင္မွ လြတ္လာတာ မၾကာေသးဘူး။ ေနာက္တစ္ခါ လာဖမ္းတာႀကဳံလုိက္ရလုိ႔ ႏွလုံးထိခုိက္သြားပုံရပါတယ္။ ၁၈ ရက္ေန႔မွာ ဂူသြင္းသၿဂႋဳဟ္ပါတယ္။ ကိုတင္လင္း ထုိက္ကေတာ့ မိခင္စ်ာပနအေလာင္းေျမခ်ပြဲေလးေတာင္ ကုိယ္တုိင္ကုိယ္က် သၿဂႋဳလ္ခြင့္မရလုိက္ပါဘူး။ သုသာန္မေရွာင္ အသုဘမေရွာင္ ဖမ္းဆီးဖုိ႔ ေစာင့္ၾကည့္ေနၾကလုိ႔ပါပဲ။

၅၀၅(ခ)နဲ႔ ဝရမ္းထုတ္ခံထားရသူ ပူပူေႏြးေႏြးငါးဦးရွိပါၿပီ။ ေလးဦးကတစ္ဖြဲ႕ တစ္ဦးကတစ္ဖြဲ႕ပါ။ အားလုံး သာေကတကခ်ည္းပါပဲ။ ပထမေလးဦးက သူရဲေကာင္းႀကီး ဦးၾကည္လင္းရုံးထြက္မွာ “မင္းတုိ႔ထမင္းဝေအာင္ စားထား” စာတန္းပါ အက်ႋလက္ေဆာင္ေပးခဲ့ၾကလုိ႔ ျဖစ္ၿပီး၊ ကုိတင္လင္းထုိက္ကေတာ့ ၄င္းအက်ႌႏွင့္မသက္ ဆုိင္ဘဲ ေမြးေန႔ပြဲလာ အမ်ဳိးသမီးႏွစ္ဦးဓာတ္ပုံ ပ်ံ႕ႏွံ႔သြားျခင္းေၾကာင့္ ေမြးေန႔ပြဲက်င္းပသူအျဖစ္ ဝရမ္းအထုတ္ခံရ ျခင္းပဲ ျဖစ္ပါတယ္။

NLD အစုိးရလက္ထက္မွာ ၆၆(ဃ)ႏွင့္ ၅၀၅(ခ) ပုဒ္မေတြ အေတာ္တြင္က်ယ္လာတာေတြ႕ရပါတယ္။ စစ္အစုိးရ လက္ထက္တုန္းက ၅(ည)ပုဒ္မေတြ တြင္က်ယ္ခဲ့တဲ့နည္းအတုိင္းပါပဲ။ ၅(ည)မွ ၅၀၅(ခ)ေျပာင္းလဲသုံးစြဲတာကုိပဲ ေျပာင္းလဲခ်ိန္တန္ၿပီလုိ႔ ဆုိရမလုိပါပဲ။ ၅(ည)ကလည္း ႏွိပ္ကြပ္ေရးပုဒ္မပါပဲ။ ၅၀၅(ခ)ကလည္း ႏွိပ္ကြပ္ေရး ပုဒ္မပါပဲ။ ျပည္သူလူထုကေတာ့ ဘယ္အစုိးရတက္တက္ ႏွိပ္ကြပ္ခံရတာပါပဲ။

(၃)
ၿငိမ္းစုစီဥပေဒေတြ ျပင္ဆင္ဖုိ႔ အမ်ဳိးသားလႊတ္ေတာ္မွာ အဆုိျပဳလာတာေတြ႕ရပါတယ္။ ဒီတစ္ခါ ျပင္ဆင္တာက အသစ္တုိးခ်ဲ႕ျခင္းတစ္မ်ဳိးပါပဲ။ ဆႏၵျပပြဲေတြလုပ္ဖုိ႔ သက္ဆုိင္ရာကုိ အသိေပးတင္ျပတဲ့အခါ စပြန္ဆာေပးသူေတြ အမည္ႏွင့္ ေငြပမာဏကုိပါ ပူးတြဲတင္ခုိင္းတဲ့ ဥပေဒပါ။ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔မွာ ဒီခ်ဳပ္ကုိယ္စားလွယ္ ေဒါက္တာျမတ္ဉာဏစုိးက အဆုိတင္သြင္းခဲ့တာပါ။ အမ်ဳိးသားလႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒ ဦးေဇာ္မင္းကေတာ့ ဆႏၵျပပြဲေတြမွာ တစ္ဦးလွ်င္ သုံးေထာင္က်ပ္စီ ငါးေထာင္က်ပ္စီ ေပးေခၚတာေတြ ေတြ႕ရတတ္လုိ႔ အခုလုိ ျပင္ဖုိ႔ စီစဥ္တာလုိ႔ ဆုိပါတယ္။

ျပင္ဆင္တဲ့အထဲမွာ ပါဝင္တာက “မည္သူမဆုိ ႏုိင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစုိးမုိးေရး၊ ရပ္ရြာေအးခ်ုပ္သာရာေရးႏွင့္ ျပည္သူတုိ႔၏ ကုိယ္က်င့္တရားအက်ဳိးတုိ႔ကုိ ပ်က္ျပားေစရန္ အႀကံျဖင့္ျဖစ္ေစ၊ ထုိသုိ႔ပ်က္ျပားတန္ရာေသာ အေျခအေနျဖစ္ႏုိင္ေၾကာင္း သိလ်က္ႏွင့္ျဖစ္ေစ ေငြ(သုိ႔မဟုတ္)ပစၥည္းကုိ ေသာ္လည္းေကာင္း၊ အျခားနည္းလမ္းတစ္ခုခုကုိေသာ္လည္းေကာင္း သုံးစြဲၿပီး အျခားသူတစ္ဦးဦးအား ၿငိမ္းခ်မ္း စုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းျပဳေအာင္ လႈံ႔ေဆာ္ျခင္း၊ ေသြးေဆာင္ျခင္း၊ ျဖားေယာင္းျခင္း (သုိ႔မဟုတ္) တုိက္တြန္းျခင္းကုိျပဳေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထုိသူကုိ သုံးႏွစ္ထက္မပုိေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္သည္”ဆုိတဲ့ ျဖည့္စြက္ခ်က္ပါပဲ။

ဒီဥပေဒေပၚထြက္လာရင္ ဆႏၵျပပြဲတစ္ခုလုပ္ဖုိ႔ ေငြအလွဴခံရင္ေတာင္မွ ေငြလွဴမည့္သူမရွိႏုိင္ေတာ့ပါဘူး။ တစ္ဦးလွ်င္ ငါးေထာင္တစ္ေသာင္းက်ပ္မွ ဆယ္သိန္းက်ပ္အထိ လွဴေလ့ရွိတဲ့ အလွဴရွင္ေတြဟာ ဆႏၵျပပြဲ ေခါင္းေဆာင္ေတြ အမွားအယြင္းရွိတာနဲ႔ ေထာင္ခ်ခံရေတာ့မည့္သေဘာပါ။ မည္သူမွ် ေထာင္အခ်မခံခ်င္ၾကတာ ေၾကာင့္ မည္သူမွ် ေငြလွဴမွာမဟုတ္ေတာ့ပါဘူး။ ဒါဆုိရင္ NLD အစုိးရဆႏၵ ျပည့္ဝသြားပါၿပီ။

သူတုိ႔လုပ္စရာရွိရင္ “ႏုိင္ငံတကာမွာ” အစခ်ီေျပာတတ္ၾကတဲ့ NLD အစုိးရေခါင္းေဆာင္ေတြဟာ သူတုိ႔ဘက္က ေပးဆပ္ရမွာက်ေတာ့ “ႏုိင္ငံတကာမွာ” ဆုိတဲ့စကား မေျပာၾကားေတာ့ပါဘူး။ တကယ္ဆုိရင္ အေမရိကန္လုိ ဒီမုိကေရစီ ဘုိးေအႏုိင္ငံႀကီးေတြမွာေတာင္ စပြန္ဆာဆုိတာ ရွိပါတယ္။ ေခါင္းစဥ္ႀကဳိက္လုိ႔ လုိက္ခ်င္ေပမယ့္ အလုပ္မအားတာေၾကာင့္ မလုိက္ႏုိင္တဲ့သူေတြ မရွိရေလေအာင္ တစ္ေန႔တာလုပ္အားခေတြ ျပန္ေပးတဲ့သေဘာ ပါ။ ဒါဆုိရင္ ေငြမရွိလုိ႔ ဆႏၵျပပြဲမလုိက္ လုိက္ရဘူး။ အလုပ္မအားလုိ႔ ဆႏၵျပပြဲမလုိက္ရဘူးဆုိတဲ့ ျပည္သူေတြ မေပၚေပါက္ႏုိင္ေတာ့ဘူးေပါ့။ ဒီလုိျပည္သူေတြကုိ စာနာတဲ့အေနနဲ႔ ေန႔စားေပးေခၚၾကတာပါ။

ၿပီးခဲ့တဲ့ႏွစ္ မေလးရွားသေဘၤာလာေရာက္စဥ္က No Rohingya ဆုိင္းဘုတ္ကုိင္ေဆာင္ၿပီး ႀကဳိဆုိဖုိ႔ စာေရးသူကပဲ အႀကံျပဳ စာေရးသူကပဲ ေငြလွဴဒါန္းခဲ့တာပါ။ စာေရးသူရဲ႕ ေငြျဖစ္ေနေတာ့ အမ်ဳိးသားေရး သမားေတြက ေျခြတာသုံးစြဲၾကပါတယ္။ ဗီႏုိင္းဖုိးနဲ႔ စားစရိတ္ပဲ သုံးစြဲၾကတာပါ။ ကားခႏွင့္စက္ဆီဖုိးေတြ သူတုိ႔ကပဲ အကုန္အက်ခံတာပါ။ စားစရိတ္ေတာင္ အေကာင္းႀကီးမစားၾကပါဘူး။ ဝက္သားဟင္းဆုိ အာလူးနဲ႔ ေရာခ်က္ၾကတာပါ။ ဒီလုိလွဴတာ ဒီလုိခုိင္းတာဟာ တုိင္းျပည္ရဲ႕အခ်ဳပ္အျခာ အာဏာလုံၿခဳံေရးအတြက္ပါ။ ဒီဥပေဒထြက္လာတဲ့အခါ ဒါမ်ဳိးမခုိင္းရဘူး၊ ဒါမ်ဳိးမလွဴရေတာ့ဘူးဆုိတဲ့ ပညတ္ေတာ္ႀကီး ျဖစ္သြားခဲ့ရင္ တုိင္းျပည္ပဲ နစ္နာမွာပါ။

ဥပေဒေဘာင္ထဲက အလုပ္လုပ္ရင္ ေငြေပးသည္ျဖစ္ေစ ေငြမေပးသည္ျဖစ္ေစ ၿငိမ္းခ်မ္းတာပါပဲ။ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္၊ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ဥပေဒဆုိကတည္းက ႏုိင္ငံေတာ္လုံၿခဳံေရး၊ ရပ္ရြာေအးခ်မ္းသာယာ ေရးကုိ လုံးဝမထိခုိက္ေတာ့ပါဘူး။ ဒါကုိပဲ ပုဒ္မထပ္တုိး ျပစ္မႈထပ္ခ်ဲ႕ေနတာဟာ ဒီမုိကေရစီကုိ အသေရဖ်က္ရာ ေရာက္ပါတယ္။ ဒီမုိကေရစီသိကၡာက်ပါတယ္။ ဒီမုိကေရစီကုိ အားနာဖုိ႔ေကာင္းပါတယ္။

ဒီမုိကေရစီအစုိးရအေနနဲ႔ ဒီမုိကေရစီကုိ အသေရမဖ်က္မိပါေစနဲ႔၊ ဒီမုိကေရစီကုိ သိကၡာမခ်မိပါေစနဲ႔၊ ဒီမုိကေရစီကုိ အားနာပါလုိ႔ပဲ ေျပာလုိက္ပါရေစ။

ဝီရသူ(မစုိးရိမ္)
24.2.2018

 

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင် မဟုတ်ဘူး(၁၂)

(၁)
ဒီမိုကရေစီလို့ကြွေးကြော်ထားပေမယ့် ဒီမိုကရေစီမဆန်တဲ့ အပြုအမူတွေ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးတွေ ဒီချုပ်အစိုးရလက်ထက်မှာ အမြဲတန်းလိုလို တွေ့မြင်နေရပါတယ်။

ဖေ့စ်ဘုတ်စစ်ဆင်ရေးလို့ပဲဆိုဆို အွန်လိုင်းသန့်ရှင်းရေးလို့ပဲပြောပြော ဒီမိုကရေစီသဘောတရားဖြစ်တဲ့ ကွဲလွဲမှုကို လက်ခံခြင်း၊ ဝေဖန်ထောက်ပြမှုကို လေးစားခြင်းဆိုတဲ့ စံနမူကောင်းတွေကို လိုက်နာကျင့်သုံးမှု မရှိတာကတော့ သေချာနေပါတယ်။
Myint Zaw ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့် တစ်လအပိတ်ခံလိုက်ရပါတယ်။ ပြစ်မှုကတော့ စာရေးသူရဲ့ဓာတ်ပုံတွေ တင်လို့ပါပဲ။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွေမှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ စေတိယင်္ဂဏရာပြည့်ပွဲ ကျင်းပခဲ့ပါတယ်။ စေတိယင်္ဂဏအသင်း နှစ်တစ်ရာပြည့်အခမ်းအနား အဘိဝံသဘွဲ့ရ ဆရာတော်သံဃာတော်များအား ပူဇော်ပွဲအခမ်းအနားဓာတ်ပုံတွေကို နံပါတ်စဉ်ထိုးပြီး အခန်းဆက်တင်ပြခဲ့ရာ မှာ စာရေးသူပုံတွေပါသွားတာကြောင့် ပြန်ဖြုတ်ချခိုင်းပြီး တစ်လပိတ်တဲ့ ပြစ်ဒဏ်ပေးလိုက်တာပါ။ ဒါတောင် ဓာတ်ပုံတွေ စုစည်းတင်ပြတာပဲ ရှိပါသေးတယ်။ သတင်းတွေ ပို့စ်တ်တွေ မဟုတ်သေးပါဘူး။

နောက်တစ်ကောင့်ကတော့ ကိုဝင်းမော်အကောင့်ပါ။ Win Maw ဆိုတဲ့အကောင့်ရော၊ ဝင်းမော်(ရွှေသံစဉ်) ဆိုတဲ့အကောင့်ပါ လုံးဝအပိတ်ခံလိုက်ရတဲ့အကြောင်း စာရေးသူကို မက်ဆင်ဂျာမှတစ်ဆင့် ပြောကြားလာပါ တယ်။ သူပို့တဲ့မက်ဆေ့ဖတ်ပြီး နောက်တစ်နေ့ (24.2.2018)ရက်နေ့ မနက်မှာပဲ Win Maw(Shwe Than Zin) ဆိုတဲ့ အကောင့်လေးလည်း လုံးဝပျက်သွားပါတယ်။

ဒီမိုကရေစီဆိုင်းဘုတ်တပ်ထားပြီး အမြင်မတူသူတွေကို ကွဲလွဲခွင့်မပေးတဲ့ အပြုအမူ၊ အတိုက်အခံကို ရပ်တည်ခွင့်မပေးတဲ့ အပြုအမူပါပဲ။

(၂)
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရန်ကုန်တိုင်း သာကေတမြို့မှ ကိုတင်လင်းထိုက်(မျိုးချစ်သွေး ဓမ္မကွန်ရက်)ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ၅၀၅(ခ)နဲ့ပါပဲ။ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးက တရားရုံးသို့ ဦးတိုက်လျှောက်ကြားတာကြောင့်ပါ။ ပြစ်မှုကတော့ ထမင်းဝအောင်စားထား စာတန်းပါ အကျႌကြောင့်ပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမျိုးသားရေးလှုပ်ရှားသူ မျိုးချစ်သွေး ဓမ္မကွန်ရက်မှ ကိုတင်လင်း ထိုက်၏သားလေး ၂နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပါတယ်။

အဲဒီမွေးနေ့ပွဲမှာ မုန့်ဟင်းခါးစတုဒိသာကျွေးပါတယ်။ မွေးနေ့ပွဲလာ ပရိသတ်ထဲက အမျိုးသမီးနှစ်ဦးက ပါဖောမန့်စ်တစ်ခု လုပ်သွားပါတယ်။ အမျိုးသမီးတစ်ဦးက ကလေးကိုပွေ့ချီပြီး ပရိသတ်ကို ကျောပေးရပ်နေ ပါတယ်။ အခြားအမျိုးသမီးတစ်ဦးက ကလေးပွေ့ပြီး ကျောပေးထားတဲ့ အမျိုးသမီးရဲ့ နောက်စေ့ကို သေနတ်ဖြင့် ချိန်ထားပါတယ်။ သေနတ်ဖြင့် ချိန်ထားသူဝတ်ဆင်တဲ့ အကျႌနောက်ကျောမှာ “မင်းတို့ ထမင်းဝအောင်စားထား” စာတန်းထိုးထားပါတယ်။ အဲဒီပုံဟာ ရန်ကုန်လေဆိပ်လူသတ်မှု CCTV မှတ်တမ်းပုံနှင့် တစ်ထပ်တည်းတူညီနေပါတယ်။ ဒီပုံ ဖေ့စ်ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့သွားတဲ့အခါ မွေးနေ့ပွဲကျင်းပတဲ့ အိမ်ရှင် ကိုတင်လင်းထိုက်ကို တရားစွဲဖို့ ဖိအားတွေ ကျရောက်လာတာပါ။

ဖမ်းဝရမ်းထုတ်ပြီး နှစ်ရက်ကျော် သုံးရက်မြောက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကိုတင်လင်းထိုက်နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာတာပါ။ ဖမ်းဝရမ်းပြပြီး လာရောက်ရှာဖွေတာတွေ့ရလို့ ကိုတင်လင်းထိုက်မိခင်ကြီး ရုတ်တရက်နှလုံးဖောက်သွားပြီး ၁၆ ရက်နေ့မှာ ဆုံးပါးသွားပါတော့တယ်။ ကိုတင်လင်းထိုက်ရဲ့ မိခင်ကြီး အမည်က ဒေါ်ညွန့်ညွန့်ဝင်းပါ။ အသက် ၆၈ နှစ်ရှိပါပြီ။ ထောင်မှ လွတ်လာတာ မကြာသေးဘူး။ နောက်တစ်ခါ လာဖမ်းတာကြုံလိုက်ရလို့ နှလုံးထိခိုက်သွားပုံရပါတယ်။ ၁၈ ရက်နေ့မှာ ဂူသွင်းသင်္ဂြိုဟ်ပါတယ်။ ကိုတင်လင်း ထိုက်ကတော့ မိခင်ဈာပနအလောင်းမြေချပွဲလေးတောင် ကိုယ်တိုင်ကိုယ်ကျ သင်္ဂြိုလ်ခွင့်မရလိုက်ပါဘူး။ သုသာန်မရှောင် အသုဘမရှောင် ဖမ်းဆီးဖို့ စောင့်ကြည့်နေကြလို့ပါပဲ။

၅၀၅(ခ)နဲ့ ဝရမ်းထုတ်ခံထားရသူ ပူပူနွေးနွေးငါးဦးရှိပါပြီ။ လေးဦးကတစ်ဖွဲ့ တစ်ဦးကတစ်ဖွဲ့ပါ။ အားလုံး သာကေတကချည်းပါပဲ။ ပထမလေးဦးက သူရဲကောင်းကြီး ဦးကြည်လင်းရုံးထွက်မှာ “မင်းတို့ထမင်းဝအောင် စားထား” စာတန်းပါ အကျႋလက်ဆောင်ပေးခဲ့ကြလို့ ဖြစ်ပြီး၊ ကိုတင်လင်းထိုက်ကတော့ ၎င်းအကျႌနှင့်မသက် ဆိုင်ဘဲ မွေးနေ့ပွဲလာ အမျိုးသမီးနှစ်ဦးဓာတ်ပုံ ပျံ့နှံ့သွားခြင်းကြောင့် မွေးနေ့ပွဲကျင်းပသူအဖြစ် ဝရမ်းအထုတ်ခံရ ခြင်းပဲ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ ၆၆(ဃ)နှင့် ၅၀၅(ခ) ပုဒ်မတွေ အတော်တွင်ကျယ်လာတာတွေ့ရပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက ၅(ည)ပုဒ်မတွေ တွင်ကျယ်ခဲ့တဲ့နည်းအတိုင်းပါပဲ။ ၅(ည)မှ ၅၀၅(ခ)ပြောင်းလဲသုံးစွဲတာကိုပဲ ပြောင်းလဲချိန်တန်ပြီလို့ ဆိုရမလိုပါပဲ။ ၅(ည)ကလည်း နှိပ်ကွပ်ရေးပုဒ်မပါပဲ။ ၅၀၅(ခ)ကလည်း နှိပ်ကွပ်ရေး ပုဒ်မပါပဲ။ ပြည်သူလူထုကတော့ ဘယ်အစိုးရတက်တက် နှိပ်ကွပ်ခံရတာပါပဲ။

(၃)
ငြိမ်းစုစီဥပဒေတွေ ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်မှာ အဆိုပြုလာတာတွေ့ရပါတယ်။ ဒီတစ်ခါ ပြင်ဆင်တာက အသစ်တိုးချဲ့ခြင်းတစ်မျိုးပါပဲ။ ဆန္ဒပြပွဲတွေလုပ်ဖို့ သက်ဆိုင်ရာကို အသိပေးတင်ပြတဲ့အခါ စပွန်ဆာပေးသူတွေ အမည်နှင့် ငွေပမာဏကိုပါ ပူးတွဲတင်ခိုင်းတဲ့ ဥပဒေပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့တာပါ။ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းကတော့ ဆန္ဒပြပွဲတွေမှာ တစ်ဦးလျှင် သုံးထောင်ကျပ်စီ ငါးထောင်ကျပ်စီ ပေးခေါ်တာတွေ တွေ့ရတတ်လို့ အခုလို ပြင်ဖို့ စီစဉ်တာလို့ ဆိုပါတယ်။

ပြင်ဆင်တဲ့အထဲမှာ ပါဝင်တာက “မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချုပ်သာရာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေ(သို့မဟုတ်)ပစ္စည်းကို သော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်းကောင်း သုံးစွဲပြီး အခြားသူတစ်ဦးဦးအား ငြိမ်းချမ်း စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း (သို့မဟုတ်) တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်”ဆိုတဲ့ ဖြည့်စွက်ချက်ပါပဲ။

ဒီဥပဒေပေါ်ထွက်လာရင် ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ ငွေအလှူခံရင်တောင်မှ ငွေလှူမည့်သူမရှိနိုင်တော့ပါဘူး။ တစ်ဦးလျှင် ငါးထောင်တစ်သောင်းကျပ်မှ ဆယ်သိန်းကျပ်အထိ လှူလေ့ရှိတဲ့ အလှူရှင်တွေဟာ ဆန္ဒပြပွဲ ခေါင်းဆောင်တွေ အမှားအယွင်းရှိတာနဲ့ ထောင်ချခံရတော့မည့်သဘောပါ။ မည်သူမျှ ထောင်အချမခံချင်ကြတာ ကြောင့် မည်သူမျှ ငွေလှူမှာမဟုတ်တော့ပါဘူး။ ဒါဆိုရင် NLD အစိုးရဆန္ဒ ပြည့်ဝသွားပါပြီ။

သူတို့လုပ်စရာရှိရင် “နိုင်ငံတကာမှာ” အစချီပြောတတ်ကြတဲ့ NLD အစိုးရခေါင်းဆောင်တွေဟာ သူတို့ဘက်က ပေးဆပ်ရမှာကျတော့ “နိုင်ငံတကာမှာ” ဆိုတဲ့စကား မပြောကြားတော့ပါဘူး။ တကယ်ဆိုရင် အမေရိကန်လို ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာတောင် စပွန်ဆာဆိုတာ ရှိပါတယ်။ ခေါင်းစဉ်ကြိုက်လို့ လိုက်ချင်ပေမယ့် အလုပ်မအားတာကြောင့် မလိုက်နိုင်တဲ့သူတွေ မရှိရလေအောင် တစ်နေ့တာလုပ်အားခတွေ ပြန်ပေးတဲ့သဘော ပါ။ ဒါဆိုရင် ငွေမရှိလို့ ဆန္ဒပြပွဲမလိုက် လိုက်ရဘူး။ အလုပ်မအားလို့ ဆန္ဒပြပွဲမလိုက်ရဘူးဆိုတဲ့ ပြည်သူတွေ မပေါ်ပေါက်နိုင်တော့ဘူးပေါ့။ ဒီလိုပြည်သူတွေကို စာနာတဲ့အနေနဲ့ နေ့စားပေးခေါ်ကြတာပါ။

ပြီးခဲ့တဲ့နှစ် မလေးရှားသင်္ဘောလာရောက်စဉ်က No Rohingya ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ကြိုဆိုဖို့ စာရေးသူကပဲ အကြံပြု စာရေးသူကပဲ ငွေလှူဒါန်းခဲ့တာပါ။ စာရေးသူရဲ့ ငွေဖြစ်နေတော့ အမျိုးသားရေး သမားတွေက ခြွေတာသုံးစွဲကြပါတယ်။ ဗီနိုင်းဖိုးနဲ့ စားစရိတ်ပဲ သုံးစွဲကြတာပါ။ ကားခနှင့်စက်ဆီဖိုးတွေ သူတို့ကပဲ အကုန်အကျခံတာပါ။ စားစရိတ်တောင် အကောင်းကြီးမစားကြပါဘူး။ ဝက်သားဟင်းဆို အာလူးနဲ့ ရောချက်ကြတာပါ။ ဒီလိုလှူတာ ဒီလိုခိုင်းတာဟာ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာလုံခြုံရေးအတွက်ပါ။ ဒီဥပဒေထွက်လာတဲ့အခါ ဒါမျိုးမခိုင်းရဘူး၊ ဒါမျိုးမလှူရတော့ဘူးဆိုတဲ့ ပညတ်တော်ကြီး ဖြစ်သွားခဲ့ရင် တိုင်းပြည်ပဲ နစ်နာမှာပါ။

ဥပဒေဘောင်ထဲက အလုပ်လုပ်ရင် ငွေပေးသည်ဖြစ်စေ ငွေမပေးသည်ဖြစ်စေ ငြိမ်းချမ်းတာပါပဲ။ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေဆိုကတည်းက နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးကို လုံးဝမထိခိုက်တော့ပါဘူး။ ဒါကိုပဲ ပုဒ်မထပ်တိုး ပြစ်မှုထပ်ချဲ့နေတာဟာ ဒီမိုကရေစီကို အသရေဖျက်ရာ ရောက်ပါတယ်။ ဒီမိုကရေစီသိက္ခာကျပါတယ်။ ဒီမိုကရေစီကို အားနာဖို့ကောင်းပါတယ်။

ဒီမိုကရေစီအစိုးရအနေနဲ့ ဒီမိုကရေစီကို အသရေမဖျက်မိပါစေနဲ့၊ ဒီမိုကရေစီကို သိက္ခာမချမိပါစေနဲ့၊ ဒီမိုကရေစီကို အားနာပါလို့ပဲ ပြောလိုက်ပါရစေ။

ဝီရသူ(မစိုးရိမ်)
24.2.2018