သတင်း

ဒုတိယမ္ပိ အလှူဒါနပါဘုရား

26.9.2017 ရက်နေ့ မန်း အင်အားပြပွဲမှာ သံဃာတော်တွေကြွလာရင် ဆက်ကပ်ဖို့အတွက် ခေါက်ဆွဲကြော်ဗူး သုံးရာ စီစဉ်ထားပါတယ်။ ဆွမ်းခံမကြွဖြစ်ဘဲ အခမ်းအနားကိုကြွလာကြတဲ့ စာသင်သားသံဃာတွေ ဆွမ်းအခက်အခဲ မဖြစ်စေဖို့ ရည်ရွယ်ခဲ့တာပါ။
အခမ်းအနားကြွရောက်လာတဲ့ သံဃာတော်တွေကို အခမ်းအနားအပြီးမှာ တစ်ဗူးစီလှူဒါန်းပါတယ်။ ပိုတာကို စာမေးပွဲဖြေနေတဲ့ လောကအလင်း ပညာဒါနကျူရှင်ကျောင်း Fresher တန်း ကျောင်းသူ ကျောင်းသားများနှင့် ဆရာဆရာမများကို ဒါနပြုလိုက်ပါတယ်။
ပိုတာတွေကို ကျောင်းသံဃာတော်တွေကို ထပ်မံ ဆက်ကပ်လိုက်ပါတယ်။ ဒုတိယအကြိမ် စားရကံကြုံရသူတွေပါ။ အခမ်းအနားသို့ သံဃာတော် တစ်ရာကျော် တက်ရောက်ကြပါတယ်။ ဒုတိယမ္ပိ လှူဒါန်းခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။


ဝီရသူ(မစိုးရိမ်)
27.9.2017
PM 1:12