သတင်း

ဓမ္မဓရဝါဆိုကျောင်းဆရာတော်မွေးနေ့ပွဲ

ပြာသိုလဆုတ် ၁၄ရက် 15.1.2018 ရက်နေ့ မနက် ၉း၀၀ နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် ဓမ္မဓရဝါဆိုကျောင်းမှာ ကျင်းပပါတယ်။ ဓမ္မဓရ ဝါဆိုကျောင်းဆရာတော် ဓမ္မဓရဒေါက်တာအရှင်ကုမာရ သက်တော် ၅၀ပြည့် မွေးနေ့ပွဲနှင့် စာအောင်သံဃာ ဆုပေးပွဲပါ။

ပရိယတ္တိ ပဋိပတ္တိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ကြပါတယ်။ အခမ်းအနားမစခင် သဘာဝအာဟာရ မြန်မာ့အစားအစာများ ဆက်ကပ်လှူဒါန်းပါတယ်။ အခမ်းအနားမှာ မဟာဂန္ဓာရုံ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မော်ကွန်းထိန်းဆရာတော်ကြီးဘဒ္ဒန္တကေသရ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးဘဒ္ဒန္တဝိစိတ္တာဘိဝံသတို့က စာအောင်သံဃာတော်များအား အောင်လက်မှတ် ချီးမြှင့်ပါတယ်။

ဓမ္မဓရဝါဆိုကျောင်းမှာ ဒီနှစ် ဝါဆိုသံဃာ ၃၆၈ပါးရှိပါတယ်။ ဓမ္မဓရဝါဆိုကျောင်း ၇နှစ်တာကာလအတွင်း အောင်မြင်ခဲ့တာတွေကတော့ မနည်းပါဘူး။


စေတိယင်္ဂဏဘိဝံသ ၁ပါး
သကျသီဟဘိဝံသ ၁ပါး
မြင်းခြံစာသင်တန်းအောင် ၁ပါး
အစိုးရဓမ္မာစရိယဘွဲ့ရ ၁ပါး
သာမဏေကျော်ဘွဲ့ရ ၄၄ပါး
အစိုးရနိကာယ်စာမေးပွဲ ဝိနယဝိဒူဘွဲ့ရ ၃၈ပါး
ဒီဃနိကာယဝိဒူဘွဲ့ရ ၁ပါး
အဂုင်္တ္တရနိကာယ ဘွဲ့ရ ၅ပါး
သံယုတ္တနိကာယဝိဒူဘွဲ့ရ ၁ပါး

စသည်ဖြင့် အောင်မြင်မှုမှတ်တမ်း စာအုပ်တစ်အုပ်စာ ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ အင်မတန် ထူးချွန်ထက်မြတ်ပြီး စည်းကမ်းသေဝပ်သည့် ရှင်သာမဏေအကျော်အမော်များကို မွေးထုတ်နေရာ ကျောင်းတော်ကြီးဖြစ်ပါတယ်။ နောင်တော်ကြီး ဓမ္မဓရဒေါက်တာအရှင်ကုမာရ ကျန်းမာစွာဖြင့် သာသနာတော်အကျိုးကို ထမ်းပိုးဆောင်ရွက်နိုင်ပါစေသော်။
စာသင်သံဃာအားလုံး အောင်မြင်မှုအသီးသီး ရရှိကြပါစေသော………ဝ်။