မုဒိတာရပ်ဝန်းသတင်း

ဓမ္မသဟာယကျောင်း အရုဏ်ဆွမ်းအလှူ

၁၃၇၉ ခု၊ ကဆုန်လပြည့်ကျော်(၃)ရက် 13.5.2017 မနက် 6:00 နာရီ မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။ သံဃာ(၆၀)ကျော်အား အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါးကပ်လှူတာပါ။

ဓမ္မပါရဂူကျောင်းနာယကဆရာတော်လေး ဦးဇနကာဘိဝံသ လာရောက်အားပေးပါတယ်။ အလှူရှင်များကတော့ မန္တလေး အောင်မြေသာဇံမြို့နယ် မြောက်ပြင်ထားဝယ်ရပ် အကွက်(၄၄) ကဲပါတန်း လမ်းသွယ်နေ ဒေါ်ဝင်းကြည်၊ ဒေါ်ခင်ပြုံး ညီအစ်မတစ်စုဖြစ်ပါတယ်။

ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သော ဦးဘကြည်+ဒေါ်ကြည်ခင် နှင့် မောင်ဖြစ်သူ ဗိုလ်ကြီးတင်မောင်ဝင်း (AGTI ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း(၄)တိုက်ကြီးမြို့)တို့ကို ရည်စူး၍ လှူဒါန်းတာဖြစ်ပါတယ်။

မန်း မဟော်သဓာ ကျောင်းတော်ကြီးအတွက် အလှူငွေ(၁၀)သိန်းကျပ်၊ မန်း မ.ဘ.သ အတွက် အလှူငွေ(၂)သိန်းကျပ် ဆရာတော်ဦးဝီရသူ၏နဝကမ္မအတွက် အလှူငွေ(၃)သိန်းကျပ် စုစုပေါင်း အလှူငွေ(၁၅)သိန်းကျပ်နှင့် ကျောင်းသုံး ပရိဘောဂများလည်း လှူဒါန်းကြပါတယ်။ မိဘနှစ်ပါးနှင့်မောင်ဖြစ်သူဗိုလ်ကြီးတင်မောင်ဝင်းတို့အား ကုသိုလ်ကောင်းမှုအစုစု၏ အဖို့ဘာဂကို ရေစက်ချအမျှပေးဝေကြပါတယ်။