သတင်း






“ဓမ္မသဟာယကျောင်း အရုဏ်ဆွမ်းအလှူတော်”

တန်ဆောင်မုန်းလဆန်း ၈ ရက် (15.11.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။

မစိုးရိမ်တိုက်သစ် နာယကဆရာတော်လေးအချို့နှင့် စာချစရာတော် ဦးဇောတိကတို့ ကြွရောက်ချီးမြှောက်ပါတယ်။ မနက်စာအဖြစ် မုန့်ဟင်းခါးဆွမ်းဆက်ကပ်တာပါ။ မေတ္တာသုတ်ပရိတ်တရားတော်နာကြားအပြီးမှာ သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ကပ်လှူပါတယ်။
စာသင်သားသံဃာများအား ၅၀၀ဝိ စီ၊ နာယကနှင့် စာချဆရာတော်လေးပါးအား ၂၅၀၀ဝိ စီ လှူဒါန်းပါတယ်။

အလှူရှင်များကတော့ မဟာအောင်မြေမြို့နယ်၊ ဧရာထွန်းတိုက်တန်းနေ ကိုသန်းဇော်မြင့်+မဝင်းမာ၊ သမီး မေမြတ်နိုး မိသားစုတို့ဖြစ်ပါတယ်။ သမီးလေးမေမြတ်နိုးရဲ့ ၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆက်ကပ်လှူဒါန်းတာပါ။ ဆရာတော်ဦးဝီရသူ၏ နဝကမ္မအဖြစ် ၂ သိန်းကျပ်၊ ဝီရသူဖောင်ဒေးရှင်းအတွက် ၂ သိန်းကျပ်လည်း လှူဒါန်းခဲ့ပါသေးတယ်။

သမီးလေးမေမြတ်နိုးနှင့်အတူ အလှူရှင်မိသားစုတို့ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။