သတင်း



“ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများအား ခေါက်ဆွဲကြော်ကျွေးမွေး”

10.3.2019 ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ စစ်ကိုင်းမြို့၊ အောင်မြေဦး ဘကကျောင်းမှာ ကျွေးမွေးပါတယ်။
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများကို ကျွေးမွေးတာပါ။
တနင်္ဂနွေနေ့ စာမေးပွဲနားရက်မှာ စာကြည့်ချိန်အများကြီးရတာကြောင့် ခွန်အားဖြည့်အာဟာရအဖြစ် ခေါက်ဆွဲကြော် ဝယ်ကျွေးခြင်းဖြစ်ပါတယ်။
တော်တော်များများကတော့ ဖြေဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။
သားသားမီးမီးအားလုံး အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ကြပါစေသော်…။