မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း





“ပညာရေးအကယ်ဒမီကျောင်း ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ”

25.3.2019 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။

ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားလေးများအား ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲမှာ လက်ဆောင်ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။

နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို 13.3.2019 ရက်နေ့မှ 22.3.2019 ရက်နေ့အထိ ကျင်းပတာပါ။

ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူ ယဉ်ကျေးလိမ္မာဆရာတော်များ၊ ဆရာမများ လာရောက်သင်တန်းပေးတာ ဖြစ်ပါတယ်။