ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

ပါရမီပျိုးခင်း သွေးလှူအသင်း (၁၆)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်)တည်ထောင်သော “ပါရမီပျိုးခင်း သွေးလှူအသင်း၏ (၁၆)ကြိမ်မြောက် သွေးလှူဒါန်းခြင်းအခမ်းအနားကို မာလကာခြံရပ်၊ ပြည်လုံးအံ့ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ရာ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်၊ ရဟန်း ရှင် လူ မည်သူမဆို သဒ္ဓါပေါက်၍ လာရောက်သွေးလှူဒါန်းနိုင်ပါကြောင်း စေတနာအရင်းခံ၍ ကြေညာသတင်းမှန် ပေးပို့အပ်ပါသည်။

သွေးလှူရှင်များအား ဆရာတော်ဦးဝီရသူဟောကြားသော တရားခွေနှင့် အားဆေး၊ ဘောလ်ပင်များလည်း မေတ္တာလက်ဆောင်အဖြစ် အမှတ်တရ ပေးအပ်လှူဒါန်းမည်ဖြစ်ပါသည်။ သွးလှူဒါန်းပွဲအပြီးတွင် သဒ္ဓါကြည်ဖြူ သွေးလှူရှင်များ၏ သွေးလှူဒါန်းခြင်း “ဒါန ဥပပါရမီ”ကုသိုလ်ကောင်းမှုအစုစုအတွက် ဆရာတော်ဦးဝီရသူ မှ ရေစက်ချအနုမောဒနာတရား ဟောကြားချီးမြှင့်မည် ဖြစ်ပါသည်။

မေတ္တာဖွေးလက်၊ သွေးတစ်စက်၊ ပေးဆပ်ခဲ့လေသော်၊ ဥပပါရမီ၊ မြတ်ဂုဏ်ရည်၊ ရွှေပြည်နိဗ္ဗာန် ရောက်လေသော်။

“သွေးလှူဒါန်းပွဲ့အစီအစဉ်”
နေရက် – ၁၃၇၈-ခုနှစ်၊ တပေါင်းလဆန်း(၁၀)ရက်၊ 7.3.2017 (အင်္ဂါနေ့)
နေရာ – ပြည်လုံးအံ့ဓမ္မာရုံ၊ မာလကာခြံရက်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
အချိန် – နံနက် (၇း၀၀)နာရီမှ (၁၂း၀၀)နာရီအတွင်း။

ဆက်သွယ်ရန်
ဒေါ်မြင့်- 0947140476
ကိုသန်းစိုးဝင်း- 09402769943
မသန်းသန်းဝင်း- 0933821710
မနွယ်ဝါ- 0933730995
မကြူ- 09254782271