သတင်း








 

“ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အရေးပေါ်အစည်းအဝေး”

11.6.2018 ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ အင်းစိန် ရွာမမှာ ကျင်းပပါတယ်။ ဥက္ကဋ္ဌ ရွာမဆရာတော်ကြီး၊ မြစေတီရဲကျောင်းဆရာတော်ကြီး၊ ရှင်မတောင်ဆရာတော်ကြီး၊ ပန်းတနော်ဆရာတော်ကြီးအပါအဝင် ဦးဆောင်ဆရာတော်များ တက်ရောက်ကြပါတယ်။

ရွာမဆရာတော်ကြီး သြဝါဒပေးအပြီးမှာ ဆွေးနွေးကြပါတယ်။ ကြေညာချက်ထုတ်ပြန်ဖို့ကိစ္စနှင့် အမျိုးဘာသာ သာသနာလုံခြုံရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေးအပါအဝင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးကြပါတယ်။
ဖေ့စ်ဘုတ်ဒီမိုကရေစီ မျက်နှာလိုက်မှုကြီးနှင့် တစ်ဖက်သတ်နှိပ်ကွပ်မှုကိစ္စ၊ နိုင်ငံတကာက မြန်မာ့ပြည်တွင်းရေးဝင်ရောက်စွက်ဖက်နေသည့်ကိစ္စအတွက် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
(ကြေညာချက် တင်ပြီးပါပြီ)