သတင်း

ဘင်္ဂလီတို့၏ ကလိမ်ကကျစ်အကြံအဉာဏ်များ

ဘင်္ဂလီတွေ ကိုယ့်အိမ်ကိုမီးနှင့်ရှို့ခါနီးမှာ ပြင်ဆင်ထားမှုတွေကို လေ့လာခဲ့ဖူးတယ်။
အိမ်တွင်းပစ္စည်းတွေကို အရင်ရှင်းလေ့ရှိကြတယ်။
အိမ်တွင်းပစ္စည်းကိုရှင်းရမှာလဲ နှစ်မျိုးနှစ်စားရှိပါတယ်။
စောင်၊ ခြင်ထောင်၊ ခေါင်းအုံးလို ပစ္စည်းမျိုးကို ထုပ်ပိုးပြီး တစ်ခြားနေရာပို့တာမျိုးရယ်၊ ပုဂံခွက်ယောက်လို ရေထဲစိမ်ထားခဲ့လို့ ရတဲ့အရာမျိုးကို ရေကန်တို့ ရေတွင်းတို့ ရေအိုးတို့ထဲ ထည့်ခဲ့တာမျိုးရယ် နှစ်မျိုးတွေ့ရတာပါ။
အခုတွေ့ရတာမျိုးက မြေအောက်မှာ ပစ္စည်းပစ္စယတွေ သီးသန့်သိုမှီးခဲ့ပြီးမှ ရှို့တာမျိုးပါ။
ဒီလိုအထောက်အထားတွေကို ဘယ်သူတွေက ငြင်းနိုင်မှာလဲ။
ထို့အတူပဲ မိမိအိမ်ကို အလွယ်တကူမီးရှို့နိုင်ဖို့ရယ်၊ မီးရှို့ပြီးတဲ့အခါ ချက်ချင်းလက်ငင်း ကူးစက်သွားအောင် လောင်အားကောင်းဖို့ရယ်အတွက် ဘင်္ဂလီအိမ်တိုင်းနီးပါးမှာ မီးလောင်လွယ်တဲ့ လောင်စာများ အဆင်သင့် ရှိနေတတ်ကြပါတယ်။
အခုတင်ပြထားတဲ့ ပုံတွေကတော့ ကိုယ့်အိမ်ကို ကိုယ်မီးရှို့တဲ့အခါ လောင်အားကောင်းအောင် ပြင်ဆင်ထားပုံတွေပဲ ဖြစ်ပါတယ်။
မောင်တောမြို့ ဘင်္ဂလီရပ်ကွက်မှ တွေ့ရှိခဲ့ရတာပါ။
ဝီရသူ(မစိုးရိမ်)
2.10.2017
PM 5:57
========================================================
“မီးရှို့ခံရသော ဘင်္ဂါလီကျေးရွာများ၏ နေအိမ်အောက်တွင် ရိက္ခာနှင့် အသုံးအဆောင်များ မြှုပ်နှံထားမှု တွေ့ရှိ”
စစ်တွေ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများရှိ ဘင်္ဂါလီကျေးရွာများ၌ ၄င်းတို့၏ နေအိမ်အောက်တွင် အသုံးအဆောင်နှင့်ရိက္ခာများ တွေ့ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ဘူးသီးတောင်နယ်မြေရှိ ဘင်္ဂါလီများနေထိုင်သော သပြေကုန်း၊ ကြိမ်ချောင်း၊ ဝတ်ပိတ်၊ ဏာတာပင်၊ နတ်ချောင်းကျေးရွာများရှိ နေအိမ်အောက်တွင် ရိက္ခာနှင့် ဘင်္ဂါလီများ၏ အသုံးအဆောင်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့က ဆိုသည်။
“မီးလောင်သွားတဲ့ ဘင်္ဂါလီရွာတွေမှာ တွေ့ရှိထားတာဖြစ်တယ်။ သူတို့က သူတို့က သူတို့အိမ်သူတို့ ပြန်လာမယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေမထိခိုက်အောင် မြေမြှုပ်ထားခဲ့ကြတာ။ ဒါတွေကို တွေ့ရှိထားတယ်”ဟု ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ထိုကဲ့သို့ ဘင်္ဂါလီကျေးရွာများ၊ ရခိုင်ကျေးရွာများနှင့် ဟိန္ဒူဘာသာဝင်များ ပြန်လည်နေရာချထားရေးကို မာစတာပလန်ရေးဆွဲနေကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု(ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ရေးကော်မတီဒုတိယဥက္ကဋ္ဌ)ကဆိုသည်။
“ဒါတွေကတော့ ပြန်လည်နေရာချထားရေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ၊ ဒါတွေကတော့ အချက်အလက်ပေါ်မှာ အစိုးရက တာဝန်ယူသွားမှာပါ”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။
အဆိုပါ မီးလောင်သွားသော ဘင်္ဂါလီကျေးရွာများ၏ မြေနေရာ ဆက်လက်သုံးစွဲခြင်းနှင့် စီမံဆောင်ရွက်ခြင်းကို ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ၄င်းကဆိုသည်။
“မီးလောင်သွားတဲ့နေရာတွေအားလုံးက ဥပဒေအရ အစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေဖြစ်သွားတယ်။ မီးလောင်သွားတဲ့ဘင်္ဂါလီ ကျေးရွာတွေမှာ ယခင်အတိုင်း ဘင်္ဂါလီတွေကို နေရာပြန်ချမှာလားဆိုတာ အစိုးရရဲ့ လုပ်ပိုင်ခွင့်ပါ” ဟု ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးကျော်လှစန်းကပြောသည်။
(1.10.2017 ရက်နေ့ထုတ် The Voice သတင်းစာမှ ကူးယူဖော်ပြသည်။)