သတင်း











ဝီရသူ (မစိုးရိမ်)

9.6.2018

 

“ဘာသာတရားနှင့် သားသတ်ခြင်း”

7.6.2018 ရက်နေ့မှာ မိတ်ဆွေကြီး ဦးရွှေကြည်(ဒိုင်းမွန်းရွှေကြည်)နှင့် စကားပြောဖြစ်ပါတယ်။ စကားပြောရင်းနဲ့ ကုရ်ဘာနီအစ်နေ့မှာ တိရစ္ဆာန်များကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်နေကြတာတွေဟာ ကုရ်အာန်ကျမ်းထဲမှာပါလို့လား၊ အလ္လာက လုပ်ခိုင်းလို့လား ဘယ်လိုသဘောနဲ့ သူများအသက်ကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပနေရတာလဲလို့ မေးမိပါတယ်။

ဆက်လက်ပြီး ကုသိုလ်ကောင်းမှုပြုရန် ဘာာသာရေးအဆောက်အဦးထဲမှာ အခုလို သွေးသံရဲရဲသတ်ဖြတ်ပွဲကျင်းပနေတာဟာ ဘာသာတရားက ခွင့်ပြုထားလို့လား၊ ဒါမှမဟုတ် ဘာသာတရားနှင့် လိုက်ဖက်တယ်လို့ ယူဆကြလို့လား၊ ဒါမှမဟုတ် ကုသိုလ်ရတယ်၊ နတ်ပြည်ရောက်တယ်လို့ ယုံကြည်ကြလို့လား စတာတွေ မေးဖြစ်သွားတာပါ။

မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်ကတော့ သူလည်း အရင်တုန်းက ချောပေ့ တောင့်ပေ့ဆိုတဲ့ နွားသိုးကြီးတွေကို ဈေးကြီးပေးပြီး ကိုယ်တိုင်သတ်ဖြတ်ကာ ကုရ်ဘာနီအစ်လုပ်ခဲ့ကြောင်း၊ အခုတော့ မလုပ်တာ ၅ နှစ်ရှိပြီဖြစ်ကြောင်း၊ တိရစ္ဆာန်တွေကို သတ်ဖြတ်မှ ကုသိုလ်ရမယ်ဆိုရင် မတရားကြောင်း၊ အဲဒီကုသိုလ်မျိုး မလိုချင်ကြောင်း၊ တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့အလုပ်ကြောင့် နတ်ပြည်ရောက်မယ်ဆိုတာကိုလည်း မယုံကြည်ကြောင်း ပြောပါတယ်။

စာရေးသူက မူဆလင်တွေကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ သားသတ်ပွဲနှင့် ဘုရားရှိခိုးကျောင်း အပ်/မအပ်၊ အမြင် တော်/မတော်၊ မရှိဆင်းရဲသားတွေကို အမဲသားဝေငှချင်ရင် ကိုယ်တိုင်သတ်ပြီးမှ အမဲသားဝေတာမျိုးမလုပ်ဘဲ အမဲသားဖိုး ဝေငှလို့ ရ/မရ၊ အဲဒီလို အမဲသားဖိုးဝေရင် ကုသိုလ် ရ/မရ၊ သားသတ်ပြီးမှ နတ်ပြည်ရောက်မယ်ဆိုတဲ့အယူ လက်တွေ့ ကျ/မကျ၊ အစ်လုပ်လို့နတ်ပြည်ရောက်တာ အထောက်အထား ပြနိုင်/မပြနိုင်၊ အဲဒီလို သားသတ်ခိုင်းတဲ့သူ သားသတ်ဖို့ ညွှန်ပြထားတဲ့ကျမ်းဂန်တွေဟာ ဘာသာတရားတစ်ခုရဲ့ စံချိန်စံနှုန်းနဲ့ ညီ/မညီ ပြန်လည်ဆန်းစစ်ဖို့လိုကြောင်းနှင့် ကမ္ဘာကြီးသွေးချောင်းစီးအောင် အကြမ်းဖက်ပွဲတွေ ကျင်းပနေကြတဲ့ အကြမ်းဖက်သမားတွေဟာ အခုလို ကလေးဘဝကတည်းက သွေးသံရဲရဲနဲ့ ယဉ်ပါးနေခဲ့သူတွေ ဟုတ်/မဟုတ် သုတေသနပြုသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

မိတ်ဆွေကြီး ဦးရွှေကြည်က စမယ်အစ်မှာ စာရေးသူကို ဆွမ်းကပ်ချင်ကြောင်း ကမ်းလှမ်းလာပါတယ်။ စာရေးသူက ပြန်ပြောလိုက်ပါတယ်။ မြန်မာပြည်မှာရှိတဲ့မူဆလင်တွေ ကုရ်ဘာနီအစ်နေ့မှာ တိရစ္ဆာန်တွေကို မသတ်ဖြတ်တော့ဘူးဆိုရင် ဗလီထဲမှာ ဆွမ်းလာစားပါ့မယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။ သတ္တဝါမှန်သမျှ အယူမှားမှုမှ ကင်းဝေးကြပါစေ။

ဝီရသူ (မစိုးရိမ်)
9.6.2018