သတင်း

ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတဲ့သူတွေ

ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတဲ့သူတွေ
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့သူတွေ
ကယ်ကြပါဦးဗျာ။
ရခိုင်ပြည်မှာ မွတ်စလင်တွေက တိုင်းရင်းသားတွေကို အုပ်စုဖွဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေကြလို့ပါဗျာ။
မသိချင်ယောင်ဆောင်မနေကြပါနဲ့ဗျာ။
ဝီရသူ(မစိုးရိမ်)
4.8.2017
PM 8:51
==========================================================

“အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ၆ ဦး၏ အလောင်းများအား မောင်တော သုသာန်တွင် သဂြိုလ်”

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ၆ ဦး၏ အလောင်းများအား မောင်တောသုသာန်တွင် သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြေမြုပ် သဂြိုလ်ခဲ့ကြောင်း သိရသည်။
အသုဘ အခမ်းအနားသို့ မောင်တောမြို့နယ် ဘူးသီးတောင်မြို့နယ်များမှ သံဃာတော်များ ဒေသခံ တိုင်းရင်းသားများ ကျောင်းသူကျောင်းသားများ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်းနှင့် မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေး ကော်မတီမှ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၆ ဦး၏ မိသားစုဝင်များနှင့် ပျောက်ဆုံး ၂ ဦး၏ မိသားစုဝင်များအား ၁ ဦးလျှင် ၁ သိန်းနှုန်းဖြင့် ငွေ ၈ သိန်းကျပ်အား
ပေးအပ် ထောက်ပံ့ခဲ့ကြပြီး ဘူးသီးတောင်မြို့ အရေးပေါ် ကူညီထောက်ပံ့ရေးမှလည်း တစ်ဦး ၁ သိန်းနှုန်းဖြင့် ငွေကျပ် ၈ သိန်းအား ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီး နတလကျေးရွာ၏ အရှေ့ဘက် ကိုင်းကြီး မြိုလူမျိုးများနေထိုင်သည့်ရွာတွင် နေထိုင်သော ဦးဟန်နိုင်းသည် ရွာ၏ မြောက်ဖက် တစ်မိုင်ခန့်အကွာ မေယုတောင်ကြားရှိ ယာတဲသို့ သွားရောက်စဉ် တောင်ယာတဲတွင် မြိုလူမျိုးများဖြစ်သော ကုန်းတိုင်း ၂၅ နှစ်(ဘ)ဦးစံထွန်းနှင့် လင်းကြက် (၂၅)နှစ် (ဘ)ဟန်နိုင်းတို့ နှစ်ဦး သေဆုံးနေပြီး အမျိုးသမီး ၄ ဦး ပျောက်ဆုံးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် နယ်မြေ လခရတပ်သို့ သတင်းပို့ခဲ့ရာ ခမရ-၃၈၀ နှင့် နယ်ခြားရဲမှ လိုက်လံရှင်းလင်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ချက်တွင် ကိုင်းကြီး(မြို)ကျေးရွာ အနောက်ဘက်၌ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က သေနတ်သံများ ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ရှာဖွေခဲ့ရာ ကိုင်းကြီး (မြို) ကျေးရွာနေ ကုန်ဝိုင်း(၂၅) နှစ်(ဘ)ဦးစံထွန်း၊ လင်းကြက်(၂၉)နှစ် (ဘ)မာန်ဒိုင်းတို့ နှစ်ဦးအား မှောက်လျက် အနေအထားဖြင့် သေဆုံးလျက်ရှိသည်ကို စတင်တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ လိုက်လံရှာဖွေရာ ဦးကိုင်းမွှေး(၂၅)နှစ်(ဘ) ဦးတင်ဝိုင်းသည် ဦးခေါင်းနောက်စေ့ ၆ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာကျောကုန်း ၃ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ၂ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာလက်ဖျံ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာပေါင်လေးလက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာခြေဖနောင့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ပေါင် ၂ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ခြေသလုံး ၈ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆက်လက် နယ်မြေရှင်းလင်းဆောင်ရွက်ရာ ဒေါ်ဆိန်ရာ (၃၈)နှစ် (ဘ)ဦးပါရာတွင် ညာခြေချင်းဝတ် ပြတ်လုနီးပါး ဒဏ်ရာတစ်ချက်၊ နောက်စေ့ပြတ်ရှ ၅ လက်မခန့် ဒဏ်ရာတစ်ချက်ဖြင့် လည်းကောင်း၊ ဒေါ်ရီ(၂၇)နှစ် (ဘ)ဦးရှိန်တောင်တွင် ငယ်ထိပ်မှ ၀ဲဘက်နားရွက်ထိ ၅ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာနဖူးမှ ၀ဲပါးအထိ ၄ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာပုခုံး သေနတ်ရှပ်မှန် ဒဏ်ရာများဖြင့် လည်းကောင်း၊ ဒေါ်ထီးကော် (၂၅)နှစ် (ဘ) ဦးရိုင်ရုံးတွင် ဦးခေါင်းပွင့်ထွက် သေနတ်ဒဏ်ရာ တစ်ချက်၊ ညာကျောကုန်းဖောက်ဝင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား ၂ ဦး အား ဆက်လက် ရှာဖွေလျက်ရှိကြောင်း၊ အပြစ်မဲ့ မြိုတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်သွားသည့် အစွန်းရောက် အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် ကျေးရွာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများနှင့် မောင်တောမြောက်ပိုင်းမှ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများ နေထိုင်ပြီး ကားလမ်းမှ မေယုတောင်ခြေသို့ တစ်နာရီကျော်ခန့် ခြေလျင်သွားမှ ၎င်းကျေးရွာသို့ ရောက်ရှိကြောင်းနှင့် ကျေးရွာတွင် အိမ်ခြေ ၅၀၊ လူဦးရေ ၂၆၀ ဦး နေထိုင်ကြပြီး ကျေးရွာသားများမှာ တောင်ယာလုပ်ကိုင်စားသောက်ကြကြောင်း သိရသည်။
Writer:
■ သားရွှေဦး(ကစ္ဆပ)
http://news-eleven.com/crime/40858