သတင္း

ဘုရားေတြကို မ်က္ေစာင္းထိုးလာၿပီ

၈၈ အေရးအခင္းအၿပီးမွာ ေပၚလာခဲ့တဲ့ NLD ပါတီကို ဦးေဆာင္တဲ့သူသံုးဦးကေတာ့ ေအာင္ စု တင္ တုိ႔ပါ။ ေနာက္ေတာ့ ဦးေအာင္ႀကီးႏႈတ္ထြက္သြားတယ္။ အေၾကာင္းျပခ်က္ကေတာ့ NLD မွာ ကြန္ျမဴနစ္ေတြ ႀကီးစုိးေနလို႔ဆုိပဲ။ NLD ပါတီကို စတင္တည္ေထာင္သူေတြႏွင့္ ေဒၚစုကို စင္ေပၚတင္ခဲ့သူေတြထဲမွာ ကြန္ျမဴနစ္ေတြက အမ်ားဆံုးပါ။ မူလက LND ဟု အမည္မွည့္ေသာ္လည္း ေနာက္ေတာ့ NLD ျဖစ္သြားခဲ့ပါတယ္။

ဦးေအာင္ႀကီးအေၾကာင္းျပတာ မွန္မမွန္ေတာ့ မသိဘူး။ အခုခ်ိန္ထိ ကြန္ျမဴနစ္ဆန္ဆန္ ဘာသာမဲ့ဆန္ဆန္ ဘာသာတရားကို ဖိႏွိပ္လာတာေတြ႔ရပါတယ္။

အခုေနာက္ဆံုး ေရႊတိဂံုတုိ႔ ဆူးေလတုိ႔ စတဲ့ ေစတီေတာ္ေတြ ဘုရားပုထိုးေတြေတာင္မေရွာင္ ႀကံစည္လာတာကို ေတြ႔ရပါတယ္။ ဘ႑ာေငြေတြ ဘုရားေငြေတြ အေလအလြင့္မရွိေအာင္ ထိန္းေက်ာင္းတယ္ဆုိရင္ေတာ့ ေက်းဇူးတင္ရမွာေပါ့။ အခုေတာ့ အဲလိုမဟုတ္ပါဘူး။ ဘုရားေငြေတြကို မ်က္ေစာင္းထုိ္းလာတာ၊ ေဂါပကကိုအေၾကာင္းျပၿပီး အေဟာင္းေတြကိုျဖဳတ္ အသစ္ေတြဖြဲ႔စည္းၿပီး ဘုရားေငြကို လက္ဝါးႀကီးအုပ္ခ်င္လာတာ အေတာ္ထင္ရွားတယ္။

လႊတ္ေတာ္မွာ မၾကာခဏ ဒီလိုေဆြးေႏြးၿပီးဆုိရင္ ေသခ်ာတယ္ ဘုရားေငြေတြကို အလြဲသံုးစားလုပ္ေတာ့မယ္၊ လုပ္လုိ႔ရေအာင္ ဥပေဒျပ႒ာန္းေတာ့မယ္၊ ၿပီးရင္ ကာလနာတုိက္ေသၾကေတာ့မယ္။ အေသဆိုးနဲ႔ေသခ်င္ရင္ေတာ့ ဘုရားကိုျပစ္မွားၾကေပါ့ဗ်ာ။

ဝီရသူ(မစိုးရိမ္)

 

———————————————-

“၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ေရႊတိဂံုေစတီေတာ္သုိ႔ လွဴဒါန္းေငြ က်ပ္ ဘီလ်ံ ၆၇ သိန္းေက်ာ္ႏွင့္ ေဒၚလာ ၁၅၂ သိန္းေက်ာ္ရရွိခဲ့ၿပီး တန္ခိုးႀကီး ဘုရားေစတီတို႔၏ အလွဴေငြသံုးစြဲမႈ တိုင္းေဒသႀကီးအစိုးရအဖြဲ႔က ႀကီးၾကပ္လ်က္ရွိ”

၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွင္ကာလအတြင္း ေရႊတိဂံုေစတီေတာ္သို႔ လ်ဴဒါန္းေငြ က်ပ္ဘီလ်ံ ၆၇ သိန္းေက်ာ္ႏွင့္ ေဒၚလာ ၁၅၂ သိန္းေက်ာ္ရရွိခဲ့ၿပီး ေရႊတိဂံုေစတီေတာ္အပါအဝင္ ဆူးေလ၊ ကမၻာေအး၊ ဗိုလ္တစ္ေထာင္၊ စြယ္ေတာ္ စသည့္ ေစတီေတာ္မ်ား၏ အလွဴေငြသံုးစြဲမႈမ်ားကိုလည္း ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔မွ ႀကီးၾကပ္လ်က္ရွိေၾကာင္း လူမႈဝန္ႀကီး ဦးႏိုင္ငံလင္းက ေမ ၁၆ ရက္တြင္ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ ဆ႒မပုံမွန္အစည္းအေဝး ၂၈ ရက္ေျမာက္တြင္ ေျပာၾကားသည္။

ဒဂုံၿမဳိ႕နယ္ မဲဆႏၵနယ္အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်၏ “ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ တန္ခိုးဘုရားမ်ားျဖစ္ေသာ ေရႊတိဂုံအပါအဝင္ ဘုရားေစတီမ်ား၏ ေဝယ်ာဝစၥေဆာင္ရြက္ေနေသာ ေဂါပကအဖြဲ႔ဝင္ လူႀကီးမ်ားေရြးခ်ယ္မႈ၊ ဘဏ္အသီးသီးတြင္အပ္ႏွံထားေသာ အလွဴေငြစုစုေပါင္းႏွင့္ အတိုးေငြတန္ဖိုးရရွိခဲ့ေသာ အလွဴေငြစုစုေပါင္းအား ဘုရားေစတီအလိုက္ မည္မွ်ရွိေၾကာင္းႏွင့္ အဆိုပါအလွဴေငြမ်ားအား ဘ႑ာေရးစည္းမ်ဥ္းႏွင့္အညီ သံုးစြဲမႈရွိႏိုင္ေရးအတြက္ ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔အေနျဖင့္ မည္သုိ႔ေဆာင္ရြက္ႀကီးၾကပ္ထားသည္ကို သိရွိလိုေၾကာင္း”ေမးျမန္းမႈအား ေျဖၾကားရာတြင္ ဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေဂါပကအဖြဲ႔ေတြက ရရွိတဲ့အလွဴေငြမ်ားကို သက္ဆုိင္ရာေစတီေဂါပကအဖြဲ႔ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ၾသဝါဒါစရိယဆရာေတာ္မ်ား၏ ၾသဝါဒခံယူ၍ သံုးစြဲလ်က္ရွိၿပီး ရရွိသံုးစြဲမႈအေျခအေနကို ခရိုင္/ၿမဳိ႕နယ္ အေထြးေထြးအုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားႏွင့္ တိုင္းေဒသႀကီး သာသနာေရးမွဴးရံုးမ်ားသို႔ လစဥ္အစီရင္ခံတင္ျပလ်က္ရွိပါတယ္။ ေရႊတိဂံုေစတီအပါအဝင္ တန္ခိုးႀကီးဘုရားေစတီတို႔၏ အလွဴေငြသံုးစြဲမႈအား ဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ သံုးစြဲရန္ တုိင္းေဒသႀကီးအစုိးရအဖြဲ႔မွ ႀကီးၾကပ္လ်က္ရွိပါတယ္”ဟု လူမႈဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကားသည္။

ေရႊတိဂံု၊ ဆူးေလ၊ ကမၻာေအး၊ ဗိုလ္တေထာင္၊ စြယ္ေတာ္ျမတ္ေစတီေတာ္တုိ႔မွ ရရွိေသာအလွဴေငြမ်ားအား အစုိးရဘဏ္မ်ားႏွင့္ ပုဂၢလိကဘဏ္မ်ားတြင္ အပ္ႏွံထားၿပီး အဆိုပါဘဏ္မ်ားမွ အတိုးရရွိမႈမွာ ၂၀၁၇ ခုႏွစ္တြင္ အတိုးႏႈန္း သိန္းေပါင္း ၄၇၆၄ ေက်ာ္ရွိေၾကာင္း ဦးႏိုင္ငံလင္းက ဆက္လက္ေျပာၾကားသည္။

ထုိ႔အျပင္ ေရႊတိဂံုေစတီေတာ္ ဘ႑ာေငြစာရင္းမ်ားကို ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ရံုးက ႏွစ္စဥ္စစ္ေဆးလ်က္ရွိၿပီး စစ္ေဆးေတြ႔ရွိခ်က္၊ အႀကံျပဳခ်က္မ်ားအတုိင္း လိုက္နာေဆာင္ရြက္လ်က္ရွိေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။

၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း အလွဴေငြရရွိမႈမွာ ဆူးေလေစတီေတာ္မွ သိန္းေပါင္း ၁၆၀ ေက်ာ္ႏွင့္ ေဒၚလာ ၈၇၃၆၊ စင္ကာပူေဒၚလာ ၃၈ ျဖစ္ေၾကာင္း၊ ကမၻာေအးေစတီေတာ္မွ သိန္းေပါင္း ၈၉၀ ေက်ာ္ႏွင့္ ေဒၚလာ ၂၁၄၁ ဒသမ ၀၇ ျဖစ္ေၾကာင္း၊ ဗိုလ္တေထာင္ေစတီေတာ္မွ သိန္းေပါင္း ၁၄၅ သိန္းေက်ာ္ႏွင့္ ေဒၚလာ ၁၅၂ သိန္းေက်ာ္ျဖစ္ေၾကာင္း၊ စြယ္ေတာ္ျမတ္ေစတီေတာ္မွ သိန္းေပါင္း ၁၅၈ သိန္းေက်ာ္ျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာၾကားသည္။

ျပည့္ၿဖဳိးေအာင္၊ ေနမ်ဳိးဝင္း

17.5.2018 Daily Eleven

 

 

 

“ဘုရားတွေကို မျက်စောင်းထိုးလာပြီ”

၈၈ အရေးအခင်းအပြီးမှာ ပေါ်လာခဲ့တဲ့ NLD ပါတီကို ဦးဆောင်တဲ့သူသုံးဦးကတော့ အောင် စု တင် တို့ပါ။ နောက်တော့ ဦးအောင်ကြီးနှုတ်ထွက်သွားတယ်။ အကြောင်းပြချက်ကတော့ NLD မှာ ကွန်မြူနစ်တွေ ကြီးစိုးနေလို့ဆိုပဲ။ NLD ပါတီကို စတင်တည်ထောင်သူတွေနှင့် ဒေါ်စုကို စင်ပေါ်တင်ခဲ့သူတွေထဲမှာ ကွန်မြူနစ်တွေက အများဆုံးပါ။ မူလက LND ဟု အမည်မှည့်သော်လည်း နောက်တော့ NLD ဖြစ်သွားခဲ့ပါတယ်။

ဦးအောင်ကြီးအကြောင်းပြတာ မှန်မမှန်တော့ မသိဘူး။ အခုချိန်ထိ ကွန်မြူနစ်ဆန်ဆန် ဘာသာမဲ့ဆန်ဆန် ဘာသာတရားကို ဖိနှိပ်လာတာတွေ့ရပါတယ်။

အခုနောက်ဆုံး ရွှေတိဂုံတို့ ဆူးလေတို့ စတဲ့ စေတီတော်တွေ ဘုရားပုထိုးတွေတောင်မရှောင် ကြံစည်လာတာကို တွေ့ရပါတယ်။
ဘဏ္ဍာငွေတွေ ဘုရားငွေတွေ အလေအလွင့်မရှိအောင် ထိန်းကျောင်းတယ်ဆိုရင်တော့ ကျေးဇူးတင်ရမှာပေါ့။ အခုတော့ အဲလိုမဟုတ်ပါဘူး။ ဘုရားငွေတွေကို မျက်စောင်းထိုးလာတာ၊ ဂေါပကကိုအကြောင်းပြပြီး အဟောင်းတွေကိုဖြုတ် အသစ်တွေဖွဲ့စည်းပြီး ဘုရားငွေကို လက်ဝါးကြီးအုပ်ချင်လာတာ အတော်ထင်ရှားတယ်။

လွှတ်တော်မှာ မကြာခဏ ဒီလိုဆွေးနွေးပြီးဆိုရင် သေချာတယ် ဘုရားငွေတွေကို အလွဲသုံးစားလုပ်တော့မယ်၊ လုပ်လို့ရအောင် ဥပဒေပြဋ္ဌာန်းတော့မယ်၊ ပြီးရင် ကာလနာတိုက်သေကြတော့မယ်။ အသေဆိုးနဲ့သေချင်ရင်တော့ ဘုရားကိုပြစ်မှားကြပေါ့ဗျာ။

ဝီရသူ(မစိုးရိမ်)

 

———————————————-

“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရွှေတိဂုံစေတီတော်သို့ လှူဒါန်းငွေ ကျပ် ဘီလျံ ၆၇ သိန်းကျော်နှင့် ဒေါ်လာ ၁၅၂ သိန်းကျော်ရရှိခဲ့ပြီး တန်ခိုးကြီး ဘုရားစေတီတို့၏ အလှူငွေသုံးစွဲမှု တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်လျက်ရှိ”

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှင်ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ လျူဒါန်းငွေ ကျပ်ဘီလျံ ၆၇ သိန်းကျော်နှင့် ဒေါ်လာ ၁၅၂ သိန်းကျော်ရရှိခဲ့ပြီး ရွှေတိဂုံစေတီတော်အပါအဝင် ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တစ်ထောင်၊ စွယ်တော် စသည့် စေတီတော်များ၏ အလှူငွေသုံးစွဲမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိကြောင်း လူမှုဝန်ကြီး ဦးနိုင်ငံလင်းက မေ ၁၆ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်တွင် ပြောကြားသည်။
ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးဘုရားများဖြစ်သော ရွှေတိဂုံအပါအဝင် ဘုရားစေတီများ၏ ဝေယျာဝစ္စဆောင်ရွက်နေသော ဂေါပကအဖွဲ့ဝင် လူကြီးများရွေးချယ်မှု၊ ဘဏ်အသီးသီးတွင်အပ်နှံထားသော အလှူငွေစုစုပေါင်းနှင့် အတိုးငွေတန်ဖိုးရရှိခဲ့သော အလှူငွေစုစုပေါင်းအား ဘုရားစေတီအလိုက် မည်မျှရှိကြောင်းနှင့် အဆိုပါအလှူငွေများအား ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲမှုရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သို့ဆောင်ရွက်ကြီးကြပ်ထားသည်ကို သိရှိလိုကြောင်း”မေးမြန်းမှုအား ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဂေါပကအဖွဲ့တွေက ရရှိတဲ့အလှူငွေများကို သက်ဆိုင်ရာစေတီဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သြဝါဒါစရိယဆရာတော်များ၏ သြဝါဒခံယူ၍ သုံးစွဲလျက်ရှိပြီး ရရှိသုံးစွဲမှုအခြေအနေကို ခရိုင်/မြို့နယ် အထွေးထွေးအုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး သာသနာရေးမှူးရုံးများသို့ လစဉ်အစီရင်ခံတင်ပြလျက်ရှိပါတယ်။ ရွှေတိဂုံစေတီအပါအဝင် တန်ခိုးကြီးဘုရားစေတီတို့၏ အလှူငွေသုံးစွဲမှုအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိပါတယ်”ဟု လူမှုဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ စွယ်တော်မြတ်စေတီတော်တို့မှ ရရှိသောအလှူငွေများအား အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားပြီး အဆိုပါဘဏ်များမှ အတိုးရရှိမှုမှာ ၂၀၁၇ ခုနှစ်တွင် အတိုးနှုန်း သိန်းပေါင်း ၄၇၆၄ ကျော်ရှိကြောင်း ဦးနိုင်ငံလင်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ရွှေတိဂုံစေတီတော် ဘဏ္ဍာငွေစာရင်းများကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေးလျက်ရှိပြီး စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အလှူငွေရရှိမှုမှာ ဆူးလေစေတီတော်မှ သိန်းပေါင်း ၁၆၀ ကျော်နှင့် ဒေါ်လာ ၈၇၃၆၊ စင်ကာပူဒေါ်လာ ၃၈ ဖြစ်ကြောင်း၊ ကမ္ဘာအေးစေတီတော်မှ သိန်းပေါင်း ၈၉၀ ကျော်နှင့် ဒေါ်လာ ၂၁၄၁ ဒသမ ၀၇ ဖြစ်ကြောင်း၊ ဗိုလ်တထောင်စေတီတော်မှ သိန်းပေါင်း ၁၄၅ သိန်းကျော်နှင့် ဒေါ်လာ ၁၅၂ သိန်းကျော်ဖြစ်ကြောင်း၊ စွယ်တော်မြတ်စေတီတော်မှ သိန်းပေါင်း ၁၅၈ သိန်းကျော်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း
17.5.2018 Daily Eleven