သတင်း

မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ

မစိုးရိမ်တိုက်သစ် စာသင်သံဃာများက မဟာနာယကဆရာတော်ကြီးများနှင့် နာယကဆရာတော်များအား ပူဇော်တဲ့ အာစရိယပူဇော်ပွဲပါ။
သီတင်းကျွတ်လဆန်း ၁၂ ရက် 2.10.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ကျင်းပပါတယ်။
မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသနှင့် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ကြီးများက သြဝါဒများ မိန့်ကြားကြပါတယ်။
၁၃၇၉ ခုနှစ် ဝါဆိုဝါကပ်ကြသော စာသင်သားသံဃာများက မစိုးရိမ်တိုက်သစ် ဆရာတော်များအား သင်္ကန်းစသော လှူဖွယ်ဝတ္ထုများနှင့် နဝကမ္မဝတ္ထုငွေများ စုပေါင်း လှူဒါန်းကြပါတယ်။