သတင်း


========================================



————— 
မစိုးရိမ်ကျောင်းတိုက် သံဃာတော်များအား “စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျန်း” စာအုပ်လှူဒါန်း
========================================

တပို့တွဲလဆန်း ၄ရက် (4.2.2022)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်ရှိ နာယက၊ စာချနှင့် ဓမ္မာစရိယတန်း သံဃာတော် (၇၀)ပါးတို့အား ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်) ရေးသားပြုစုတော်မူသော “စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း”စာအုပ် တစ်အုပ်စီလှူဒါန်းခြင်းဖြစ်ပါတယ်။

အလှူရှင်များက ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ)မိသားစု၊ ဦးသန်းဇော်မြင့်+ဒေါ်ဝင်းမာ၊ သမီး မေမြတ်နိုး မိသားစုနှင့် မန်းမဟော်သဓာဗဟိုကော်မတီ မိသားစုများ ဖြစ်ပါတယ်။

အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ပညာရင့်ကျက် သိဉာဏ်ထက်၍ တိုးတက်အောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။