သတင်း

မနက်ဖြန် ကန့်ကွတ်ရှုတ်ချပွဲ ဝီရသူကိုယ်တိုင် ပါဝင်ဆင်နွှဲမည်

မနက်ဖြန် 26.9.2017 ရက်နေ့ မနက် ၈း၃၀ နာရီမှာ ကျင်းပမည့် မန္တလေး မဟာအောင်မြေမြို့နယ် မနော်ရမ္မံ(ဟစ်တိုင်)ကွင်းသို့ ချီတက်ပွဲမှာ စာရေးသူကိုယ်တိုင် ပါဝင်ဆင်နွှဲပါမည်။

၎င်းပွဲနှင့်ပတ်သက်ပြီး အာဏာပိုင်များက ဘင်္ဂလီဆိုတဲ့အမည် မသုံးရ၊ ရိုဟင်ဂျာဆိုတဲ့ အမည်မသုံးရ၊ ကိုဖီအာနန်ဆိုတဲ့အမည် မသုံးရ၊ ယန်ဟီးလီဆိုတဲ့အမည် မသုံးရဟု တားမြစ်ထားပါတယ်။

ဒါတွေအားလုံးဟာ တိုင်းပြည်ရဲ့အန္တရာယ်ဖြစ်နေပြီး အချုပ်အခြာအာဏာကို ထိပါးစော်ကားလာလို့ ကန့်ကွတ်ရှုတ်ချတာကို ဒီနာမည်တွေမသုံးရဘူးဆိုတော့ ဒီအစိုးရဟာ အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားတဲ့အစိုးရမဟုတ်တော့ပါဘူး။

အချုပ်အခြာအာဏာအတွက် အန္တရာယ်ကြီးမားပုံကိုလည်း လုံးဝ သိရှိပုံမပေါ်ပါဘူး။

ဒီနာမည်တွေမသုံးရဆိုပြီး တာဝန်ရှိသူတွေကို လက်မှတ်ခေါ်ထိုးခိုင်းထားပါတယ်။

ဝီရသူကတော့ NO ROHINGYA သုံးကိုသုံးပါမယ်။
မဟာအောင်မြေအစိုးရကြီး အရေးယူဖို့သာ ပြင်ထားပေတော့။

ညွှန်ကြားလွှာ ၈၃ အရ သံဃနာယကကိုလည်း ရင်ဆိုင်မယ်၊ NO ROHINGYA မသုံးရဆိုတဲ့ မဟာအောင်မြေအစိုးရကြီးက တရားစွဲတဲ့အခါ တရားရုံးနှင့်လည်း ရင်ဆိုင်မှာဖြစ်ပါတယ်။

ဝီရသူကိုင်ဆွဲထားတဲ့ ဆောင်ပုဒ်ကတော့ မတရားတဲ့အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ မိန့်ခွန်းဖြစ်ပါတယ်။

ဘယ်သူပြောခဲ့သလဲ သိကြမှာပါ။

ဝီရသူ(မစိုးရိမ်)
25.9.2017
PM 7:45