မန္းမေဟာ္သဓာသတင္း

မန္းမေဟာ္သဓာ စက္ေရတြင္းအလွဴေတာ္

တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၄ ရက္ (6.12.2018)ရက္ေန႔၊ မနက္ ၇း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာ၊ မန္းမေဟာ္သဓာအမ်ဳိးသားေရးကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ရွင္းလင္းေဆာင္မွာ က်င္းပပါတယ္။

မဟာဝိဇယဆရာေတာ္ႀကီး ဘဒၵႏၲဝိစာရ ၾကြေရာက္ခ်ီးေျမႇာက္ပါတယ္။ သံဃာေတာ္မ်ားအား အလွဴရွင္မ်ားက အရုဏ္ဆြမ္းဆက္ကပ္ၿပီး ေရစက္ခ်အႏုေမာဒနာတရား နာယူၾကပါတယ္။
စက္ေရတြင္းအလွဴရွင္မ်ားကေတာ့ ဦးမိုးေဆြ+ေဒၚထိန္ေမစန္း၊ သား ေအာင္ဟိန္းသူ၊ သမီး ထက္ရႊန္းလဲ့ မိသားစုတုိ႔ ျဖစ္ပါတယ္။

သား ေမာင္ေအာင္ဟိန္းသူ အသက္(၂၀)ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေရစက္ခ်ပြဲျပဳလုပ္တာ ျဖစ္ပါတယ္။ ေရတြင္းကေတာ့ တူးၿပီးတာ ေတာ္ေတာ္ၾကာပါၿပီ။

ဒီေရတြင္းမွေရကို ေက်ာင္းအတြက္ သံုးစြဲသလို ေက်းရြာအတြက္လည္း ေရေပးလွဴထားပါတယ္။
မနက္တစ္ႀကီး ညေနတစ္ႀကိမ္ တစ္ေန႔ႏွစ္ႀကိမ္ ေရေပးေဝပါတယ္။ ရြာသူရြာသားမ်ား ေရအခက္အခဲမရွိေတာ့ပါ။

စာေရးသူက ေရလွဴရျခင္းအက်ဳိးတရားမ်ားကို ဝိမာနဝတၳဳပါဠိေတာ္ နာဝါဝတၳဳ ႏွစ္ပုဒ္လံုးကို အက်ဥ္းေဟာၾကားခဲ့ပါတယ္။ ေရအလွဴရွင္မိသားစုအားလံုး ဝိမာနဝတၳဳပါဠိေတာ္ထဲက ေရအလွဴရွင္ နတ္သမီေတြလို ျဖစ္ေလရာဘဝမွာ နတ္ျမစ္ နတ္ေရကန္ နတ္ဥယ်ာဥ္မ်ားျဖင့္ လွပတင့္တယ္ စည္းစိမ္ၾကြယ္ႏိုင္ပါေစသတည္း…။

“မန်းမဟော်သဓာ စက်ရေတွင်းအလှူတော်”

တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် (6.12.2018)ရက်နေ့၊ မနက် ရး၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။

မဟာဝိဇယဆရာတော်ကြီး ဘဒ္ဒန္တဝိစာရ ကြွရောက်ချီးမြှောက်ပါတယ်။ သံဃာတော်များအား အလှူရှင်များက အရုဏ်ဆွမ်းဆက်ကပ်ပြီး ရေစက်ချအနုမောဒနာတရား နာယူကြပါတယ်။
စက်ရေတွင်းအလှူရှင်များကတော့ ဦးမိုးဆွေ+ဒေါ်ထိန်မေစန်း၊ သား အောင်ဟိန်းသူ၊ သမီး ထက်ရွှန်းလဲ့ မိသားစုတို့ ဖြစ်ပါတယ်။

သား မောင်အောင်ဟိန်းသူ အသက်(၂၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေစက်ချပွဲပြုလုပ်တာ ဖြစ်ပါတယ်။ ရေတွင်းကတော့ တူးပြီးတာ တော်တော်ကြာပါပြီ။

ဒီရေတွင်းမှရေကို ကျောင်းအတွက် သုံးစွဲသလို ကျေးရွာအတွက်လည်း ရေပေးလှူထားပါတယ်။
မနက်တစ်ကြီး ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ် ရေပေးဝေပါတယ်။ ရွာသူရွာသားများ ရေအခက်အခဲမရှိတော့ပါ။

စာရေးသူက ရေလှူရခြင်းအကျိုးတရားများကို ဝိမာနဝတ္ထုပါဠိတော် နာဝါဝတ္ထု နှစ်ပုဒ်လုံးကို အကျဉ်းဟောကြားခဲ့ပါတယ်။ ရေအလှူရှင်မိသားစုအားလုံး ဝိမာနဝတ္ထုပါဠိတော်ထဲက ရေအလှူရှင် နတ်သမီတွေလို ဖြစ်လေရာဘဝမှာ နတ်မြစ် နတ်ရေကန် နတ်ဥယျာဉ်များဖြင့် လှပတင့်တယ် စည်းစိမ်ကြွယ်နိုင်ပါစေသတည်း…။