သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၂)

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မရမာကြီးဒုက္ခသည်စခန်းသို့ ရောက်ရှိကြပါတယ်။ စစ်တွေမြို့ မရမာကြီးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၉၅စု၊ လူဦးရေ ၃၃၂ ဦး ရှိပါတယ်။

အရင်က ၄၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ မရမာကြီးလူမျိုးက အများစုဖြစ်ပြီး ဒိုင်းနက်၊ သက်နှင့်ရခိုင်လူမျိုးတို့က အနည်းအကျဉ်းပဲရှိပါတယ်။ မီးရှို့ခံရတဲ့ ရွာတွေကများပေမယ့် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။

ဆန်ဆီရိက္ခာပြည့်စုံပေမယ့် အသုံးစရိတ်တော့ လိုအပ်ချက်ရှိပါတယ်။ ထင်းတို့ သုံးရေတို့ကအစ ဝယ်ယူနေရသလို ရေသန့်ဘူးနှင့် ကလေးကျောင်းကြိုကျောင်းပို့စရိတ်တွေက နေ့စဉ်နှင့်အမျှ ကုန်ကျနေတာလို့ သိရပါတယ်။

စာရေးသူက မန်း မဘသ ဆရာတော်များနှင့် မိတ်ဆက်ပေးပြီး ရခိုင်ခရီးစဉ် ရည်ရွယ်ချက်များကို ရှင်းပြကာ ဓညဝတီ အားကစားကွင်း ဟိန္ဒူဒုက္ခသည်စခန်းမှ လှူဒါန်းပြီး ပြန်လာတဲ့အကြောင်း ပြောကြပါတယ်။

ဘုရားတရားမြဲဖို့နဲ့ နမောတဿ အမြဲရွတ်ဖို့ တိုက်တွန်းကာ ထောက်ပံ့ငွေများ လှူဒါန်းကြပါတယ်။ နိဂုံးချုပ်သြဝါဒအနေနဲ့ မန်းမဘသပဲ့ကိုင်ရှင် နိရုတ္တိဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားရာမှာ ကြောက်လို့ပြေးနေရင်လည်း သက်သာမှာမဟုတ်ကြောင်း၊ လက်အုပ်ချီ အသနားခံနေရင်လည်း ချမ်းသာပေးကြမှာမဟုတ်ကြောင်း၊ ညီညွတ်ရင် ဘာမဆို တွန်းလှန်နိုင်ကြောင်း အနိုင်ကျင့်မခံရအောင် ညီညွတ်မှုစွမ်းအားနဲ့ ခုခံရမှာဖြစ်ကြောင်း၊ ဘယ်သူမဆို မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ ကိုယ့်ရပ်ကိုယ့်ရွာကို ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့ မိန့်ကြားခဲ့ပါတယ်။

တစ်နေ့တာ အာဟာရအတွက် ၅ သိန်းကျပ်၊ အိမ်ထောင်စု ၉၅ စုအတွက် တစ်သောင်းကျပ်စီ ၉၅၀၀၀၀ိ/ စုစုပေါင်း ၁၄၅၀၀၀၀(တစ်ဆယ့်လေးသိန်းငါးသောင်းကျပ်) လှူဒါန်းနိုင်ခဲ့ပါတယ်။ မန်း မဘသအဖွဲ့ ရခိုင်ခရီးစဉ် ဒုတိယအလှူတော်ပါ။