ထုတ်ပြန်ကြေညာချက်သတင်း

မန်း မဘသ သဘောထားကြေညာချက်

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်(မန္တလေးတိုင်းဒေသကြီး)
စာအမှတ်။ မဘသ-စီမံ/၀၀၁/(၀၀၅)
ရက်စွဲ။ ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ရက်

၁။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်ဒေသအတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ အစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ အဆိုကို ကန့်ကွက်မဲပေးခဲ့ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၃၂)ဦးတို့ကို ပြင်းထန်စွာရှုတ်ချသည်။

၂။ ၂၅.၈.၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ၌ ဘင်္ဂါလီအစွန်းရောက်ကျူးကျော်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချသည်။

၃။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များလာ ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂(က)တို့အရ ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာတို့ကို စောင့်ရှောက်ကာကွယ်သောအားဖြင့် မောင်တော ဘူးသီးတောင်နှင့် ရသေ့တောင်တို့၌ အရေးပေါ်အခြေအနေ အမြန်ဆုံးကြေညာပေးရန် နိုင်ငံတော်အစိုးရအား တောင်းဆိုလိုက်သည်။

၎။ ၂၅.၈.၂၀၁၇ ရက်နေ့တွင် ဘင်္ဂလီအစွန်းရောက်ကျူးကျော်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပြည်သူ့ဝန်ထမ်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာမိသားစုများနှင့်အတူ ထပ်တူညီမျှ ဝမ်းနည်းကြေကွဲရပါသည်။

၅။ ဘင်္ဂလီအစွန်းရောက်ကျူးကျော်အကြမ်းဖက်တိုက်ခိုက်မှုများကြားမှ မြန်မာပြည်၏အနောက်တံခါးကို အသက်အန္တရာယ် မငဲ့ကွက်ဘဲ ရဲဝံ့စွာ ခုခံကာကွယ်စောင့်ရှောက်နေကြသော ရခိုင်ပြည်သူများအား ကျေးဇူးတင်ကြောင်းနှင့် ထောက်ခံအားပေးလျက်ရှိပါကြောင်း သိစေအပ်ပါသည်။

၆။ မစ္စတာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ တစ်ဖက်သတ်အစီရင်ခံစာ နှင့်ပတ်သက်၍ ၂၄.၈.၂၀၁၇ ရက်စွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ထုတ်ပြန်ကြေညာချက်ကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ၄င်းတစ်ဖက်သတ်အစီရင်ခံစာကို ဆက်လက်အကောင်အထည်မဖော်ရန် သတိပေးတားမြစ် လိုက်သည်။

၇။ ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို အထူးသတိပြုလျက် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကာကွယ်ကြရန် နှိုးဆော်တိုက်တွန်းသည်။

ဘဒ္ဒန္တကုသလ
အတွင်းရေးမှူးချုပ်

ဘဒ္ဒန္တပညာသာမိ
ဒုတိယအတွင်းရေးမှူးချုပ်

ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ
ဦးဆောင်ဆရာတော်

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဦးဆောင်ဆရာတော်