သတင်း

မဘသ(ဗဟို)ညီလာခံ ပထမနေ့ ညဦးပိုင်း

27.5.2017 ည 7:00 နာရီမှာ ကျင်းပပါတယ်။ ရွာမဆရာတော်ကြီးက သြဝါဒပေးပါတယ်။ သြဝါဒပေးအပြီးမှာ နိုင်ငံခြားဆရာတော်များက သီးခြားဆွေးနွေးပါတယ်။

မဆွေးနွေးခင်မှာ ဒေါက်တာအရှင်ဥတ္တမသီရိက နိုင်ငံခြားဆရာတော်များအား တစ်ပါးချင်း ပရိသတ်နှင့်မိတ်ဆက်ပေးပါတယ်။
ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တိဘက်၊ တရုတ်၊ ထိုင်ဝမ်၊ နယ်သာလန် စသော နိုင်ငံ(၁၀)နိုင်ငံမှ ထေရဝါဒ မဟာယာန ဆရာတော်များ ကြွရောက်ချီးမြှောက်ကြတာပါ။

အင်္ဂလိပ်လို ဆွေးနွေးကြတာပါ။ နားလည်သူများက ဝင်ရောက်နားထောင်ကြပါတယ်။ စာရေးသူတို့က ရွာမဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီးများ ဦးဆောင်ဆရာတော်လေးများနှင့် သီးသန့်ဆွေးနွေးပါတယ်။

အခြားတစ်နေရာတွင် မန်း မဘသ ဆရာတော်များဦးဆောင်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ မဘသဦးဆောင် ဆရာတော်များနှင့် သီးခြားဆွေးနွေးကြပါတယ်။

တစ်ညတည်း သုံးနေရာမှာ သီးခြားခေါင်းစဉ်တစ်ခုစီ ဆွေးနွေးကြခြင်းပါ။ အားရစရာကောင်းသော ညီလာခံပထမညဖြစ်ပါ၏။