သတင်း

မဘသ ညီလာခံ ပထမနေ့ မနက်ပိုင်း

27.5.2017 ရက်နေ့ မနက် 8:00နာရီမှာ အခမ်းအနား စတင်ပါတယ်။  မဘသ(ဗဟို)ဥက္ကဋ္ဌရွာမဆရာတော်ကြီးသြဝါဒပေးပါတယ်။ ရွှရတုတိပိဋကမော်ကျွန်းဆရာတော်က ၂၃ ရက်နေ့က ကမ္ဘာအေးမှာ တွေ့ကြုံခဲ့တာတွေကို ရှင်းပြပါတယ်။ စတုတ္ထအကြိမ် ညီလာခံက ခါတိုင်းနှစ်တွေထပ် ပိုပြီး စည်ကားနေပါတယ်။

မဘသ အဖွဲ့ဝင် ရဟန်းရှင်လူပြည်သူများတင် မကဘဲ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြတဲ့ မဘသ အဖွဲ့ဝင်မဟုတ်သော မဘသများ အင်နှင့်အားနှင့် လာရောက် အားပေးကြလို့ပါ။ သွးအေးမှာစိုးလို့ တစ်နှစ်တစ်ခါဆိုသလို သွေးပူလေ့ကျင့်ခန်းလုပ်ပေးနေတဲ့ အနီအစိုးရကို ကျေးဇူးတင်ရမလိုပါ။

ထူးခြားတာနှစ်ခုက ဖိတ်စာပို့စရာမလိုဘဲ ကိုယ်ပိုင်အသိစိတ်ဓာတ်နှင့် လာရောက်အားပေးကြတဲ့ မျိုးချစ်သံဃာလူထုအင်အား ကောင်းခြင်းနှင့် ညီလာခံမဖြစ်တော့မှန်း သိပါလျက်နဲ့ ဗုဒ္ဓာသာနသာရေးအတွက် အဝေးကြီးမှ လာရောက်အားပေးတော်မူကြတဲ့ နိုင်ငံခြားသံဃာများ အင်အားကောင်းခြင်းပါပဲ။ ရွမြဆရာတော်ကြီး သြဝါဒကတော့ မဂ္ဂင်ရှစ်ပါး အနှစ်သာရပါ။

 

“ရွာမဆရာတော်ကြီးသြဝါဒ”

မဘသဆိုတဲ့ စာလုံးတွေကိုပဲ ဖျက်ဆီးလို့ရမယ်။ နှလုံးသားထဲက မဘသကို ဖျက်ဆီးလို့မရဘူး။ မဟနဲ့ မဘသ ကွဲအောင်လုပ်နေကြတယ်။
မဟနဆုံးဖြတ်တာမှန်ပေမယ့် မဟနကတရားခံမဟုတ်ဘူး။ မဟနနဲ့ မဘသကွဲရင် သံဃာတွေပါကွဲမယ်။ သံဃာတွေကွဲရင် ဒကာ ဒကာမတွေပါကွဲမယ်။ တိုင်းပြည်ပါ ပြိုကွဲသွားနိုင်တယ်။ (ဒါကြောင့် မဟနကို စိတ်နဲ့တောင် မပြစ်မှားကြနဲ့။)

 

“ရွှေရတုတိပိဋက မော်ကျွန်းဆရာတော်၏ သြဝါဒ”

မဘသကို သွေးပျက်လောက်အောင် ကြောက်နေကြ။ ရန်သူလက်ထဲမှာ ခွေးသေ၀က်သေ သေချင်တဲ့သူနေရစ်ခဲ့ပေတော့ ဆိုပြီး ကျန်စစ်သားက စောလူးမင်းကို ပစ်ချထားခဲ့ရ။
ကယ်ချင်ဇောအားကြီးပြီး ကယ်ခဲ့ကြပေမယ့် ဦးစောလူးတို့ ကိုစောလူးတို့၊ မောင်စောလူးတို့ မစောလူးတို့ စောလူးမင်းတွေ အများကြီးရှိတယ်။ အကယ်ခံရမည့်သူက အကယ်မခံတော့ ပစ်ချထားခဲ့ရတာပဲ။ ကျန်စစ်သား စိတ်ဓာတ်မွေးမြူကြ။

 

“ဒေါက်တာသောပါကလျှောက်ထားချက်”

မဘသဆိုတဲ့ နာမည်ကြားရုံနဲ့တင် သွေးပျက်ကုန်ကြသူတွေ ရှိတယ်။ မဘသဟာ မလိုသူတွေ သွေးပျက်လောက်အောင်ကို အောင်မြင်ခဲ့တာ။