နဂါးနီစုဘူးသတင္း

မာလကာၿခံ နဂါးနီစုဘူးအသင္း ေငြေပးပြဲ

အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဦးဝီ၇သူတည္ေထာင္ေသာ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မာလကာၿခံရပ္ကြက္မွာရွိတဲ့ နဂါးနီစုဘူး အမွတ္(၂) စုဘူးေငြထုတ္ေပးပဲြျဖစ္ပါတယ္။
(29.6.2019) ညေန(၄း၀၀)နာရီ မာလကာၿခံရပ္ကြက္ ျပည္လုံးအံ့ဓမၼာရုံမွာ က်င္းပတာပါ။

နဂါးနီစုဘူးအသင္း နာယကဆရာေတာ္ အရွင္ဇဝန၊ ဥကၠ႒ေဒၚၾကည္ၾကည္မာ၊ စာရင္းစစ္ ေဒၚတင္စန္း၊ အတြင္းေရးမွဴ(၂) မအိသႏၲာႏြယ္ႏွင့္ မာလကာၿခံ နဂါးနီ EC မ်ား တက္ေရာက္ၾကပါတယ္။ နာယကဆရာေတာ္ အရွင္ဇဝနမွ အသင္းဝင္မ်ားအား ၾသဝါဒမိန္႔ၾကားပါတယ္။

ႏွစ္သိန္းတန္း အသင္းဝင္ (၆၀)ဦး တစ္ဦးလွ်င္ ႏွစ္သိန္းက်ပ္စီႏွင့္ တစ္သိန္းတန္း(၁၃)ဦး တစ္ဦးလွ်င္ တစ္သိန္းက်ပ္စီ ထုတ္ေပးခဲ့ပါတယ္။

ဆရာေတာ္ဦးဝီ၇သူတည္ေထာင္ခဲ့တဲ့ စုဘူးမ်ားအနက္ မာလကာၿခံရပ္ကြက္နဂါးနီစုဘူးအသင္းဟာ ဒုတိယေျမာက္ အမွတ္(၂)စုဘူးျဖစ္ျပီး (17.10.2013)ရက္ေန႔မွာ တည္ေထာင္ေပးခဲ့ပါတယ္။ ယခုအခါ အသင္းဝင္(၇၃)ဦးရွိၿပီး ႏွစ္သိန္းတန္း(၆၀)ဦး၊ တစ္သိန္းတန္း(၁၃)ဦး ျဖစ္ပါတယ္။

ရည္ရြယ္ခ်က္
နဂါးနီစုဘူးအသင္းမ်ားကို ဆင္းရဲသားျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရး၊ ကိုယ္က်င့္တရားတိုးတက္ျမင့္မားေရး၊ ႀကီးပြားလိုစိတ္ ေအာင္ျမင္လိုစိတ္မ်ား ရွင္သန္လာေစေရးတို႔အတြက္ ရည္မွန္း၍ ဆရာေတာ္ဦး၀ီ၇သူမွ တရားပြဲမ်ားမွရရွိခဲ့ေသာ ဓမၼပူဇာမ်ားျဖင့္ မ-တည္ကာ တည္ေထာင္ထားျခင္းျဖစ္ပါတယ္။

ေငြေခ်းစနစ္
နဂါးနီစုဘူးအသင္း၏ ေငြေခ်းမႈစနစ္မွာ (၅)က်ပ္တိုးျဖစ္ျပီး (၅)ေသာင္းက်ပ္အတြက္ တစ္ရက္လွ်င္ တစ္ေထာင္ႏႈန္းစုရပါတယ္။ အတိုး(၅)က်ပ္ထဲမွ (၂)က်ပ္ကုိ အသင္းဝင္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရန္ပုံေငြ၊ (၃)က်ပ္ကို အသင္းဝင္သစ္မ်ားတိုးခ်ဲ႕လက္ခံရန္ႏွင့္ ေခ်းေငြမ်ား တိုးျမင့္ေခ်းေပးႏိုင္ရန္ ျပန္လည္သုံးစြဲပါတယ္။
ဆရာေတာ္ဦးဝီ၇သူတည္ေထာင္ဖြင့္လွစ္ေပးတဲ့ နဂါးနီစုဘူးေပါင္း (၇)ခုရွိၿပီး ဆင္းရဲသားျပည္သူမ်ားအတြက္ အဆက္မျပတ္ စနစ္တက် လည္ပတ္အက်ဳိးျပဳလ်က္ရွိပါတယ္။
ဝီ၇ေခမိန္ (နဂါးနီစုဘူးသတင္းေထာက္)

“နဂါးနီစုဘူး ေဆာင္ပုဒ္”
အတိုးေပၚ အတိုးဆင့္၊ အတိုးနင့္ဒုကၡေတြ။
ဘဝတစ္ခုလုံး၊ လူညြန္႔တုံး၊ လူျဖစ္ရႈံးမႈေတြ။
ေပ်ာက္ပါေစ ရည္စူးျပီး၊ စုဘူးႀကီး တည္ေထာင္ေပ။
ေသာက္စား ေပ်ာ္ပါး ေလာင္းကစား အားလုံးေရွာင္ၾကဥ္ေလ။
ရိုးရိုးသားသား၊ ႏိုးႏိုးၾကား၊ ႀကဳိးစားစုၾကေလ။
အိုးမဲ့ အိမ္မဲ့၊ အေျခေနမဲ့၊ ကဲ့ရဲ႕လြတ္ၾကေစ။
ရခဲရၾက လူ႔ဘဝ၊ အရေတာ္ၾကေစ။
လူတစ္လုံး သူတစ္လုံး၊ အပီျပင္ဆုံး၊ ရုပ္လုံးေဖာ္ၾကေစ။
(ဝီ၇သူ-မစုိးရိမ္)

“မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ”

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီ၇သူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။
(29.6.2019) ညနေ(၄း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။

နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်စန်း၊ အတွင်းရေးမှူ(၂) မအိသန္တာနွယ်နှင့် မာလကာခြံ နဂါးနီ EC များ တက်ရောက်ကြပါတယ်။
နာယကဆရာတော် အရှင်ဇဝနမှ အသင်းဝင်များအား သြဝါဒမိန့်ကြားပါတယ်။

နှစ်သိန်းတန်း အသင်းဝင် (၆၀)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၃)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။

ဆရာတော်ဦးဝီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။
ယခုအခါ အသင်းဝင်(၇၃)ဦးရှိပြီး နှစ်သိန်းတန်း(၆၀)ဦး၊ တစ်သိန်းတန်း(၁၃)ဦး ဖြစ်ပါတယ်။

ရည်ရွယ်ချက်
နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ကြီးပွားလိုစိတ် အောင်မြင်လိုစိတ်များ ရှင်သန်လာစေရေးတို့အတွက် ရည်မှန်း၍ ဆရာတော်ဦးဝီ၇သူမှ တရားပွဲများမှရရှိခဲ့သော ဓမ္မပူဇာများဖြင့် မ-တည်ကာ တည်ထောင်ထားခြင်းဖြစ်ပါတယ်။

ငွေချေးစနစ်
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် ပြန်လည်သုံးစွဲပါတယ်။
ဆရာတော်ဦးဝီ၇သူတည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပြီး ဆင်းရဲသားပြည်သူများအတွက် အဆက်မပြတ် စနစ်တကျ လည်ပတ်အကျိုးပြုလျက်ရှိပါတယ်။
ဝီ၇ခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီ၇သူ-မစိုးရိမ်)