သတင်း

မိန်းမကြီးနှစ်ယောက် အပြန်အလှန် စိတ်ပျက်နေကြတာ ဘယ်အရေးပါလိမ့်?

NLD အစိုးရ၏ ထုတ်ပြန်ချက်ကို ဖတ်ကာ အရှင်ဝီရသူ ပြုံးနေပါလိမ့်မည်


လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆရာတော်အရှင်ဝီရသူမှ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဗလောင်းဗလဲနိုင်သည့် မိန်းမပျက်တစ်ဦးဟု ပြောဆိုခဲ့စဉ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဝန်းရံသူများက ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ကြဖူးသည်။

မဘသခေါ် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသားရေးအင်အားစုများက သဘောထား မမှန်သည့် ယန်ဟီးလီကို မြန်မာ့အရေး ဝင်ရောက်စွက်ဖက်ခွင့်မပေးရန် ကန့်ကွက်မှုများ ရှိခဲ့စဉ်ကလည်း NLD အစိုးရက တောင်းဆိုမှုများကို လျစ်လျူရှုကာ ယန်ဟီးလီသာမက UN အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကိုပင် စုံစမ်းရေးကော်မရှင် ခေါင်းဆောင်ခန့်အပ်ခဲ့သည်။

ထိုမျှမကသေး အမျိုးသားရေးအင်အားစုများနှင့် ယန်ဟီးလီကို ဆန္ဒပြခဲ့သည့် ဗုဒ္ဓဘာသာဝင်များကို အစွန်းရောက်များအသွင် မီဒီယာများက ဖော်ညွှန်းခဲ့ကြသည်။

သို့သော် ယခုအခါတွင် ယန်ဟီးလီ ပေးသည့် ဒုက္ခများကို NLD အစိုးရ မရှုမလှခံစားနေရပြီဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ပြည်သူအများ ကန့်ကွက်နေသည့်ကြားက အစိုးရခွင့်ပြုချက်ဖြင့် ရခိုင်ပြည်နယ် သို့သွားရောက်ခဲ့သည့် UN ကိုယ်စားလှယ်ယန်ဟီးလီသည် မနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် NLD အစိုးရ၏ အားနည်းချက်များ၊ လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် တိုးတက်မလာသည့် မြန်မာ့အရေးဆောင်ရွက်မှုများကို ပြောဆိုခဲ့သည်။ အဆိုပါ အကြောင်းအရာများကို ကုလညီလာခံသို့ ဆက်လက် တင်သွင်းသွားမည်ဟုလည်းဆိုသည်။

ယန်ဟီးလီပြောဆိုပြီး နာရီပိုင်းအကြာတွင် NLD အစိုးရဘက်မှ ယန်ဟီးလီ၏ ပြောဆိုချက်များကို ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရသည်။

အထူးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်ရကြောင်း၊ ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသော ပြည်တွင်းပဋိပက္ခ၊ အထီးကျန်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ကြောင့် ဖြစ်ပေါ်သည့် ပြဿနာများကိုဖြေရှင်းရာ၌တွေ့ကြုံရသည့် အခက်အခဲ များကို အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယန်ဟီးလီဘက်မှ မပြောဆိုခဲ့ကြောင်း၊ ယန်ဟီးလီ၏ ပြောဆိုမှုတွင် ယေဘုယျဆန်သောစွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာပါဝင်နေကြောင်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ကာ ကမ္ဘာကသိအောင် ကန့်ကွက်ရသည့်အထိ ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအနေဖြင့် အခြားဘက်တွင် ကျွမ်းကျင်ကောင်း ကျွမ်းကျင်နိုင်သော်လည်း အမျိုးသားရေးသတိနှင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာများတွင် အလွန်အားနည်းသည်ဟု ဆိုနိုင်သည်။

ယနေ့ဖြစ်ပေါ်လာမည့် အခြေအနေများကို ကြိုတင် မျှော်တွေး၍သာ ဆရာတော်အရှင်ဝီရသူ၊ မဘသ အဖွဲ့၊ အမျိုးသားရေးအင်အားစုများက အစိုးရနှင့် နိုင်ငံတော်အတွက် အမုန်းခံပြောဆို ကန့်ကွက်ခဲ့ခြင်းသာဖြစ်သည်။

သို့သော် ထိုကဲ့သို့ ပြောဆို ဆောင်ရွက်ချက်များကြောင့် NLD အစိုးရ၏ ပြင်းထန်စွာနှိပ်ကွပ်ခြင်းကိုခံခဲ့ရသည်။

ယခု အချိန်တွင် ဆရာတော်အရှင်ဝီရသူအနေဖြင့် NLD အစိုးရဘက်မှ ကမ္ဘာသိအောင် အလျင် အမြန် လုပ်ဆောင်နေရသည့် ဖြေရှင်းချက်များကိုဖတ်ကာ ပြုံးနေတော့မည်ဖြစ်ပါသည်။

ဒေါက်တာမျိုးချစ်

Crd ;