မန်းမဟော်သဓာသတင်း





ဝီရသူ(မစိုးရိမ်)
2.4.2018
PM 8:16

 

“မဟော်သဓာကလေးငယ်များအား ပဲနို့တိုက်ကျွေး”

29.3.2018 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာရှိ မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝန်းအတွင်းမှာ တိုက်ကျွေးပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းသူ သင်တန်းသားလေးများအား ပဲနို့များ တိုက်ကျွေးတာပါ။

သဘာဝပဲနို့ဖြစ်ပြီး ပဲနို့ကြိတ်စက်ဖြင့် ပဲပိစပ်များကို ကြိတ်ပြီး ပြန်လည်ကြိုချက်ကာ အရသာရှိအောင် ပြင်ဆင်ပြီး တိုက်ကျွေးခြင်းပဲ ဖြစ်ပါတယ်။ ဓာတုဗေဒကင်းစင်ပြီး လတ်လတ်ဆက်ဆက် ပဲနို့အစစ်များသောက်ကြရလို့ မဟော်သဓာကလေးငယ်များ ကံကောင်းကြပါတယ်။

နှစ်ကြိမ်သုံးကြိမ်ထပ်တောင်းသူများ နှစ်ခွက်သုံးခွက်သောက်သူများဖြင့် ပျော်စရာကောင်းပါတယ်။ 31 ရက်နေ့ဆိုရင် စာမေးပွဲကျင်းပပေးမှာပါ။ 31 ရက်နေ့မှာ ကြာဇံဟင်းခါး တိုက်ကျွေးမည့်အလှူရှင်ရှိပါတယ်။ လိမ္မာရေးခြားရှိသည့် မဟော်သဓာကလေးငယ်များ အနာဂတ်အမိမြန်မာပြည်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ အကျိုးပြုနိုင်ပါစေသော်……ဝ်။

ဝီရသူ(မစိုးရိမ်)
2.4.2018
PM 8:16