မုဒိတာရပ်ဝန်းသတင်း

မျိုးချစ်မိသားစု ဆွမ်းကပ်အလှူ

ဒီကနေ့ နယုန်လဆန်း ၁၀ ရက်၊ 4.6.2017 မနက် 11:00 နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၄-၆၅ကြား၊ တ-၆/၉၁ နေအိမ်မှာ ကျင်းပပါတယ်။ ဆွမ်းဒါယကာ ဦးမင်းစိုးထွန်း(ခ)တရုတ်ကြီးမင်းမင်း ဆွမ်းဒါယိကာမဒေါ်မြသန္တာ(အိမ်ခြံမြေရောင်းဝယ်ရေး) မိသားစု နေအိမ်မှာ ကျင်းပတာပါ။

တာင်ဆင်တဲတိုက်ဆရာတော်နှင့် ဝီရရာဇာ(ရွှေဝါရောင်) အပါအဝင် သံဃာငါးပါး ကြွရောက် ချီးမြှောက်ကြပါတယ်။ န့ဆွမ်းဆက်ကပ်ပြီးနောက် သီလပေး၊ ပရိတ်ကမ္မဝါရွတ်ဖတ်ကြကာ ဆွမ်းအနုမောဒနာတရားအဖြစ် စာရေးသူက နမောတဿဂုဏ်ကျေးဇူး တရားအကျဉ်း ဟောကြားပါတယ်။

ဆွမ်းဒကာဒကာမ မိသားစုက အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူများ ဖြစ်မှန်း အခုမှသိခွင့်ရခဲ့တာပါ။ စာရေးသူတို့သံဃာငါးပါးကြွလာတဲ့အခါ တရားပွဲကြီးလိုပဲ ဆုတောင်းမေတ္တာပို့သလျက် ကြိုဆိုနေကြတာပါ။ ဘးရန်ကင်းစေဖို့ ကျန်းမာရေးကောင်းဖို့ အသက်ရှည်ဖို့ ဆုတောင်းမေတ္တာပို့သကြတဲ့အပြင် အမျိုး ဘာသာ သာသနာအကျိုးကို ဆထက်ထမ်းပိုးတိုး၍ သယ်ပိုးနိုင်ပါစေကြောင်းပါ ထည့်သွင်းမေတ္တာပို့တာ တွေ့ရပါတယ်။ ရှားရှားပါးပါး ပရိသတ်ပါပဲ။