သတင်း

မှန်တဲ့သူတွေကျကုန်ပြီ မမှန်တဲ့သူတွေတက်

ရီနာတာ စတင်တာဝန်ထမ်းဆောင်ချိန်မှာပဲ ယန်ဟီးလီပွဲနဲ့ ထိပ်တိုက်တိုးတော့တာပါ။ UN က ရီနာတာကို ဖိအားပေးတယ်။
ရီနာတာက အမှားအမှန်စုံစမ်းတယ်။ နောက်ဆုံး ယန်ဟီးလီမှားမှန်းသိသွားတယ်။

ဒါကြောင့် ဆဲသူကိုအပြစ်မယူတဲ့အပြင် ဆရာတော်သံဃာတော်တွေကိုပါ ရှိခိုးဦးချပြီး တောင်းပန်သွားတယ်။ ယန်ဟီးလီကြောင့် UN လိုအဖွဲ့အစည်းကြီး နာမည်အပျက်မခံနိုင်လို့ပါ။ ဒီပွဲမှာ ဝီရသူကိုဖမ်းအောင် ဖိအားပေးခိုင်းတဲ့ UN မအောင်မြင်ခဲ့ဘူး။
အဲဒီနောက်တော့ ရီနာတာဟာ ရိုဟင်ဂျာနဲ့ဘင်္ဂလီ သဲသဲကွဲကွဲသိသွားတယ်။

ဘင်္ဂလီမူဆလင်တွေကိုဗန်းပြပြီး နိုင်ငံရေးလုပ်စားတဲ့ RSO ခေါင်းဆောင်တွေအကြောင်း ကောင်းကောင်းသိသွားတယ်။ ဒါကြောင့် ရီနာတာဟာ အမှန်တရားဘက်မှာပဲ ရပ်တည်သွားတယ်။ တိုင်းရင်းသားတွေဘက်မှာပဲ ရပ်တည်သွားတယ်။ သူက ဘင်္ဂလားဒေ့ရှ်မှာနေခဲ့ဖူးတာကြောင့် ရခိုင်ပြည်က မူဆလင်တွေနဲ့ ဘင်္ဂလားမူဆလင်တွေဟာ ယဉ်ကျေးမှု စရိုက် သဘာဝ ကိုးကွယ်ရာ ဘာသာစကား စတာတွေ အားလုံးတူညီနေတာကို သူသတိထားမိသွားတယ်။

ဒါကြောင့် ရီနာတာကို ဆက်မထားဖို့ မားကလွတ်တွေက ဖိအားပေးတယ်။ သူ့ဆန်စားရဲမှဆိုတဲ့အတိုင်း UN က မားကလွတ်ခိုင်းတာတွေလုပ်လိုက်ရတယ်။ ခုတော့ ရီနာတာ ပြောင်းခဲ့ရပြီပေါ့။ သတိရနေပါတယ် ရီနာတာ။ ကျေးဇူးတရားကို အောက်မေ့နေပါတယ် ရီနာတာ။

ရီနာတာတစ်ယောက် အမှန်တရားဘက်မှာရပ်တည်ရင်း အဓမ္မဝါဒီတွေရဲ့ အန္တရာယ်အမျိုးမျိုးကို ခေါင်းမော့ ရင်ကော့လို့ ခုခံကာကွယ်နိုင်ပါစေဗျာ။

ဝီရသူ(မစိုးရိမ်)
15.6.2017
PM 12:36

 

“မြန်မာနိုင်ငံဆိုင်ရာ ကုလအကြီးအကဲ ရာထူးမှ နုတ်ထွက်”

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာနေ အကြီးအကဲ ရီနာတာလော့တ်ဒက်ဆယ်လီယန် (Renata Lok-Dessallien) ရာထူးမှ ထွက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေတွင် အတည်ပြုသည်။

“ဒီရာထူး အတွက် ကြော်ငြာ ထည့်ထားပြီးပါပြီ” ဟု ပြန်ကားရေး အရာရှိ ဦးအေးဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ သို့သော် လော့တ်ဒက်ဆယ်လီယန် နုတ်ထွက်ရခြင်း အကြောင်းရင်းကိုမူ ထုတ်ဖော် ပြောရန် ငြင်းဆန်သည်။

သူမသည် ပုံမှန် ရာထူးသက်တမ်း ၅ နှစ် မပြည်မီ တနှစ်ခွဲ အလိုတွင် နုတ်ထွက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ရန် လုံလောက်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဝေဖန်မှုများလည်း ခံခဲ့ရသည်။

ကုလသမဂ္ဂ၏ လက်အောက်ခံရုံး အမျိုးမျိုးတို့ အကြား ညီညွတ်မှုမရှိပဲ တင်းမာသော ဆက်ဆံရေးများ ရှိနေပြီး မြန်မာနိုင်ငံတွင် ကုလသမဂ္ဂရုံးသည် သိသိသာသာ အလုပ် မဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးသစ်ထံ တင်သွင်းမည့် ကုလသမဂ္ဂရုံးတွင်း စာတွင်ဖော်ပြထားသည် ဟု ဘီဘီစီ သတင်းဌာနက အင်္ဂါနေက ဖော်ပြသည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလက အစိုးရလုံခြုံရေးတပ်များက လူ့အခွင့်အရေး ချိုးဖောက်သည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေစဉ် ကုလသမဂ္ဂနှင့် ပြည်ပသံအမတ်များ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရိုက်ကူးဖမ်းယူခြင်း မပြုရန် သတင်းသမားများကို ပိတ်ပင်ခဲ့ သောကြောင့်လည်း သူမသည် ဝေဖန်ခံခဲ့ရသည်။

သူမသည် ကနေဒါနိုင်ငံသူဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထိုရာထူးကို စတင်ထမ်းဆောင်ကာ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ ကုလ အကြီးအကဲဖြစ်သည်။ သူမသည် ယခင်က ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်နိုင်ငံများတွင် လူသားချင်းစာနာမှု ဌာနေ ညှိုနှိုင်းရေးမှူးအဖြစ်လုပ်ကိုင်ခဲ့ဖူးသည်။

https://burma.irrawaddy.com/news/2017/06/14/136580.html