သတင်း

မန္တလေး လူထုအင်အားပြပွဲကြီး

26.9.2017 ရက်နေ့ မနက် ၈း၃၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၄၀×၄၁ လမ်းကြား မနော်ရမံဥယျာဉ်(ဟစ်တိုင်)ကွင်းမှာ ကျင်းပတဲ့ပွဲပါ။ မန္တလေးအခြေစိုက် ပါတီအားလုံးနီးပါးနှင့် မျိုးချစ်သံဃာ မျိုးချစ်ပြည်သူတွေ တက်ရောက်ကြပါတယ်။

စာရေးသူတို့လည်း အားပေးဝန်းရံခဲ့ကြပါတယ်။ နေပြည်တော် မဘသနှင့် ကလေး မဘသ သံဃာတော်များ လာရောက်အားပေးကြပါတယ်။ ဦးမျိုးချစ်၊ ဦးဝင်းကြည်၊ ဦးအေးပိုင်တို့ ဟောပြောကြပါတယ်။ ဦးမျိုးချစ်ဆိုတာ သပိတ်အကျဉ်းသား ကိုကျော်မျိုးရွှေ၏ အစ်ကိုအရင်းပါ။

ဦးဝင်းကြည်ဆိုတာ သပိတ်အကျဉ်းသားများအတွက် ရှေ့နေလိုက်ပေးနေတဲ့ စဥ့်ကိုင်မြို့မှ ရှေ့နေကြီးလည်းဖြစ်၊ ရတနာပုံသတင်းစာ၊ အတုမရှိဂျာနယ်၊ မဟာဝီရမဂ္ဂဇင်းတွေမှာ ပင်တိုင်ဆောင်းပါးတွေရေးနေတဲ့ အမျိုးသားရေးစာရေးဆရာကြီးလည်းဖြစ်ပါတယ်။

ဦးအေးပိုင်ကတော့ မဘသ(ဗဟို) အလုပ်အမှုဆောင်ရှေ့နေကြီးတစ်ဦးဖြစ်ကြောင်း သိကြပြီးသားဖြစ်လို့ အထူးပြောစရာမလိုပါဘူး။ အမျိုးသားရေးလူသစ်သမားတွေ အခုတလော အမျိုးသားရေးစင်မြင့်ပေါ်မှာ အောင်မြင်စွာ နေရာရလာတာကိုတွေ့ကြရမှာပါ။ ဒါဟာ အမျိုးသားရေးအောင်ပွဲတစ်ရပ်ပါပဲ။ အမျိုးသားရေးသမားတွေဟာ အရည်အချင်းအပြည့်အဝရှိကြပါတယ်။ ဒေါင်ဒေါင်မြည်အမျိုးသားရေးဝါဒီတွေပါ။

မန္တလေးလူထုအင်အားပြပွဲကြီးမှာ အရောင်အသွေးစုံလင်တဲ့ လူ့အသိုင်းအဝိုင်းများကို အရောင်အသွေးမဲ့စွာ တစ်သွေးတည်း တစ်သားတည်း တွေ့မြင်လိုက်ကြရမှာပါ။ သူတို့တတွေဟာ တိုင်းပြည်အပေါ် ကျရောက်လာတဲ့ အန္တရာယ်ကိုလည်း ဖယ်ရှားလိုကြသူတွေ၊ အစိုးရအပေါ်ကျရောက်နေတဲ့ ဖိအားတွေကိုလည်း ဖယ်ရှားလိုကြသူတွေဆိုတာ ဒီပွဲမှာ ပေါ်လွင်ပါတယ်။

နိုင်ငံရေး ပါတီအသီးသီးမှ နိုင်ငံရေးသမားအားလုံးဟာ ပါတီအမှတ်သင်္ကေတလုံးဝမပါ၊ ဘယ်ပါတီ ညာပါတီလို့ ခေါင်းစဉ်မတပ်ဘဲ အမျိုးသားရေးအင်အားစုဆိုတဲ့နာမည်နှင့် အစိုးရဘက်မှရပ်တည်ကာ ပြည်ပရန်ကို ဥပဒေဘောင်အတွင်းမှ အင်အားပြ တွန်းလှန်ခဲ့တာပဲဖြစ်ပါတယ်။ ပါတီအားလုံးကိုကျေးဇူးတင်ပါတယ်။


ဝီရသူ(မစိုးရိမ်)
27.9.2017
PM 8:44