သတင္း

ရမည္းသင္း ယဥ္ေက်းလိမၼာစာေအာင္ဆုႏွင္းသဘင္

ေတာ္သလင္းလကြယ္ (9.10.2018)ရက္ေန႔၊ ရမည္းသင္းၿမဳိ႕၊ သီလဝခန္းမမွာ က်င္းပပါတယ္။
ရမည္းသင္းၿမဳိ႕မွ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ားႏွင့္ မဘသသံဃာေတာ္မ်ား၊ မန္းမဘသ ဆရာေတာ္သံဃာေတာ္မ်ား၊ ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ မိဘျပည္သူမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကပါတယ္။

ယဥ္ေက်းလိမၼာ ဆရာမမ်ားႏွင့္ ကေလးငယ္မ်ားက ဇာတိမာန္သီခ်င္း၊ ဒိုးကေလးသီခ်င္း၊ ျပည္ေထာင္စုအလွေတးသီခ်င္းတုိ႔ျဖင့္ ကျပ ေဖ်ာ္ေျဖၾကပါတယ္။ ဧည့္ပရိသတ္မ်ားက မနည္းလွပါ။

ရမည္းသင္းတစ္ၿမဳိ႕နယ္လံုး (၅၃၀၀)ေက်ာ္ ေျဖဆုိရာ (၃၇၀၀)ေက်ာ္ ေအာင္ျမင္ၿပီး (၁၂၀၀)ေက်ာ္ ဂုဏ္ထူးရၾကပါတယ္။ မူလတန္း၊ အလယ္တန္း၊ အထက္တန္းတုိ႔မွ Top Ten ဆယ္ေယာက္စီကို သီးျခားဆုခ်ီးျမႇင့္ပါတယ္။ မန္းမဘသအတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ႀကီး ဘဒၵႏၲကုသလ၊ ျမနန္းဆရာေတာ္ႏွင့္ စာေရးသူတုိ႔က ၾသဝါဒ အသီးအသီး မိန္႔ၾကားၾကပါတယ္။

စာေရးသူကေတာ့ လက္ဆင့္ကမ္းအေမြ ေခါင္းစဥ္ႏွင့္ ကဗ်ာကေလးကို ႏႈတ္တုိက္ခ်ေပးခဲ့ပါတယ္။
ဒို႔ဘိုး ဒို႔ဘြား၊ ဒုိ႔အမ်ဳိးမ်ားက၊
ဒို႔ဘုရား ဒို႔တရား၊ တည္ထားၾကေပ။
ဒို႔သား ဒို႔သမီး၊ ဒို႔ေျမးမ်ားက၊
ဒုိ႔ဘိုး ဒုိ႔ဘြား၊ ဒို႔တရားဓမၼအေမြ၊
ျမတ္ႏိုးရိုက်ဳိး၊ တန္ဖိုးထားမွ၊
ဒို႔ရြာသာသနာ၊ တည္တံ့ၾကမေလ။ ။

“ရမည်းသင်း ယဉ်ကျေးလိမ္မာစာအောင်ဆုနှင်းသဘင်”

တော်သလင်းလကွယ် (9.10.2018)ရက်နေ့၊ ရမည်းသင်းမြို့၊ သီလဝခန်းမမှာ ကျင်းပပါတယ်။
ရမည်းသင်းမြို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် မဘသသံဃာတော်များ၊ မန်းမဘသ ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။

ယဉ်ကျေးလိမ္မာ ဆရာမများနှင့် ကလေးငယ်များက ဇာတိမာန်သီချင်း၊ ဒိုးကလေးသီချင်း၊ ပြည်ထောင်စုအလှတေးသီချင်းတို့ဖြင့် ကပြ ဖျော်ဖြေကြပါတယ်။ ဧည့်ပရိသတ်များက မနည်းလှပါ။

ရမည်းသင်းတစ်မြို့နယ်လုံး (၅၃၀၀)ကျော် ဖြေဆိုရာ (၃၇၀၀)ကျော် အောင်မြင်ပြီး (၁၂၀၀)ကျော် ဂုဏ်ထူးရကြပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့မှ Top Ten ဆယ်ယောက်စီကို သီးခြားဆုချီးမြှင့်ပါတယ်။ မန်းမဘသအတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ၊ မြနန်းဆရာတော်နှင့် စာရေးသူတို့က သြဝါဒ အသီးအသီး မိန့်ကြားကြပါတယ်။

စာရေးသူကတော့ လက်ဆင့်ကမ်းအမွေ ခေါင်းစဉ်နှင့် ကဗျာကလေးကို နှုတ်တိုက်ချပေးခဲ့ပါတယ်။
ဒို့ဘိုး ဒို့ဘွား၊ ဒို့အမျိုးများက၊
ဒို့ဘုရား ဒို့တရား၊ တည်ထားကြပေ။
ဒို့သား ဒို့သမီး၊ ဒို့မြေးများက၊
ဒို့ဘိုး ဒို့ဘွား၊ ဒို့တရားဓမ္မအမွေ၊
မြတ်နိုးရိုကျိုး၊ တန်ဖိုးထားမှ၊
ဒို့ရွာသာသနာ၊ တည်တံ့ကြမလေ။ ။