သတင်း

လုံခြုံရေးက အရေးကြီးတယ်

လုံခြုံရေးက နံပါတ်(၁)ပဲ။ မလုံခြုံရင် ရှာဖွေထားတဲ့ အိုးအိမ်စည်းစိမ်တွေကလည်း အလကားပဲ။ မလုံခြုံရင် ဘဝနဲ့ခန္ဓာဟာလည်း အလကားပဲ။

ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးက နံပါတ်(၁)။ အစိုးရမှာတာဝန်ရှိတယ်။ အရင်ဆန္ဒပြပွဲတွေလိုပဲ မကြားချင်ယောင်ဆောင်နေဦးမှာလား?

မမြင်ချင်ယောင်ဆောင်နေဦးမှာလား? မသိချင်ယောင်ဆောင်နေဦးမှာလား? ဆွေးနွေးတာ၊ ညှိနှိုင်းတာ၊ အဖြေရှာတာ၊ တာဝန်ယူတာတွေ အမြန်ဆုံးလုပ်သင့်ပါပြီ။


ဝီရသူ(မစိုးရိမ်)
13.8.2017
PM 9:27
==========================================================

ဦးအောင်ဌေး
အစိုးရကတော့ပြောတယ် ကိုယ့်ဒေသမှာကိုယ်ပြန်ကြပါ သူတို့ လုံခြုံရေးအပြည့်အဝပေးမယ်ဆိုပြီးပြောတယ်၊ ဒါပေမဲ့ ကျနော်တို့အဲဒီနေရာမှာရှိတဲ့လူတွေရဲ့ ကျနော်တို့ဆီကိုပြန်ဝင်လာတဲ့မက်ဆေ့တွေအရဆိုရင် အဲဒီဒေသ ကလူတွေဟာ အခုထိ စိုးရိမ်ကြောင်းကြမှုနဲ့နေရတယ်၊ သူတို့ရဲ့အသက်အိုးအိမ်ကို သူတို့ကိုယ်တိုင် ကာကွယ်နေရတယ်၊ ကင်းစောင့်နေရတယ်။

အရှင်ဓမ္မိက
ဒီနေ့အထိပေါ့ ဒီလိုပြဿနာတွေ အစဉ်အဆက်မပျက်ဖြစ်နေတာတွေ ဘာကြောင့်လဲလို့ကြည့်လိုက်တဲ့အခါ ဘင်္ဂလီတွေကို နိုင်ငံတကာက စားဖို့သောက်ဖို့ အကုန်လုံးပံ့ပိုးထားတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေ ဖြစ်လာတယ်လို့ ဦးဇင်းတို့က ထင်မြင်ယူဆရတဲ့အတွက်ကြောင့် အခုလို ဦးဇင်းတို့ဆန္ဒပြရခြင်းဖြစ်ပါတယ်။

ဦးထွန်းလှညို
တိုင်းရင်းသားတွေ မိမိနေတဲ့ ဌာနေကို စွန့်ခွါမသွားဖို့အတွက် အပြည့်အဝလုံခြုံရေးပေးစေချင်တယ်ပေါ့နော် အစိုးရကို အဲ့လိုပဲပြောချင်ပါတယ်။

ကိုကျော်မြ
အစိုးရကိုပြောချင်တာက အဲ့ဒါပဲ။ ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ပေးပါ။ ဥပဒေအတိုင်း လုပ်ပေးပါလို့။ တရားဥပဒေစိုးမိုးရေးဆိုတာကို ပါးစပ်ကနေ အော်မနေပါနဲ့ အဲဒီဥပဒေကို အကောင်အထည်ဖော်ပေးပါလို့။