သတင္းအင္တာဗ်ဴး

လူမ်ိဳးေရး တိုက္ပြဲၾကားက အႏွိမ္ခံ ရဟန္းတစ္ပါးကို ဘာသာျပန္ ၾကည့္ျခင္း (အပုိင္း-၃ နိဂုံး)

ေမး။ ။ ဆရာေတာ္ရဲ႕ မ်ိဳးခ်စ္စိတ္ဓာတ္ ကိုေတာ့ လက္ခံပါတယ္။ အဲဒါကို တပည့္ေတာ္မျငင္းပယ္ပါဘူး။ ဒါေပမဲ့ ဗုဒၶဘာသာဝင္ေတြက ဆရာေတာ္ရဲ႕ ရပ္တည္မႈေတြမွာ အျမင္မၾကည္လင္ တာေတြ႕ရပါတယ္။ ဒါကိုဆရာေတာ္ ဘုရားအေနနဲ႕ ေျပေပ်ာက္ေအာင္ ဆရာေတာ္အေနနဲ႕ ဘယ္လိုလုပ္ႀကိဳး စားခဲ့ တယ္ဆိုတာကိုလည္း မိန႔္ၾကား ေပးေစခ်င္ပါတယ္။

ေျဖ။ ။ ဗုဒၶဘာသာဝင္ေတြက မၾကည္ ဘူးဆိုတာ ဘယ္လိုမၾကည္တာလဲ ေမးခြန္းထုတ္စရာေပါ့။ ဦးဇင္း ဘာ လုပ္လုပ္ မၾကည္တဲ့အမ်ိဳးအစားလည္း ရွိတာေပါ့။ ဘာေၾကာင့္လည္းဆိုရင္ သူတို႔ကို မေထာက္ခံလို႔ သူတို႔မယ္ မယ္ႀကီးကို ေဝဖန္လို႔။ ဥပမာဆိုၾကပါစို႔ ေဒၚေအာင္ဆန္းစုၾကည္က တစ္ပြဲကို ဝတ္စုံတစ္မ်ိဳး ဝတ္ၿပီးတက္တယ္။ အဲ ဒီပုံေလးေတြကိုစုၿပီး အမွတ္တရ ဓာတ္ပုံလုပ္ထားတာေလးရွိတယ္။ ဦးဇင္းကလည္း ေဆာင္းပါးေလး တစ္ ပုဒ္ေရးလိုက္တယ္။ ဗိုလ္ခ်ဳပ္ကေတာ့ သုံးစုံပဲရွိတယ္။ ဗိုလ္ခ်ဳပ္သမီးကေတာ့ တစ္ေန႕ကို အခမ္းအနားသုံးပြဲရွိရင္ သုံးမ်ိဳးဝတ္နိုင္တယ္။ ဗိုလ္ခ်ဳပ္ထက္ ဗိုလ္ခ်ဳပ္သမီးက ေရွးဘုန္း ေရွးကံ ႀကီးတယ္။ ဗိုလ္ခ်ဳပ္သာရွိရင္ သမီး ကိုၾကည့္ၿပီးေတာ့ သူ႕သမီးအတြက္ ဂုဏ္ယူေနမွာပဲလို႔ ေရးလိုက္တယ္။ ဒါေပမဲ့ ဝိုင္းဆဲၾကတယ္။ ဘုန္းႀကီး ျဖစ္ၿပီး မိန္းမထဘီကအစ လိုက္ၾကည့္ ေနတယ္လို႔ စတာေတြဝိုင္းဆဲၾကတာ ေပါ့။ ဒါေပမဲ့ ဟိုတေလာက ရန္ကုန္ တိုင္းအစိုးရက်င္းပတဲ့ တရားပြဲတစ္ခု မွာ ဆရာေတာ္တစ္ပါးက ခ်ိတ္ထဘီ သုတၱန္ ေဟာလိုက္တယ္။ သူကိုယ္ တိုင္လည္း ယက္ကန္း႐ုံသြားၿပီးေတာ့ ထဘီကို ကိုင္ၾကည့္ေနတဲ့ပုံေတြလည္း တက္တယ္။ အဲဒါက်ေတာ့ သံဃာစစ္၊ သံဃာမွန္လို႔ေရးၾကတယ္။ အဲဒီလို ေရးတဲ့သူက ေစာေစာက ဦးဇင္းကို ဆဲတဲ့သူ။ ဦးဇင္းကို ထဘီကစလိုက္ ၾကည့္တယ္လို႔ ဆဲတဲ့သူေတြဟာ အခု လိုမ်ိဳးက်ေတာ့လည္း သံဃာစစ္ သံဃာမွန္လို႔ ေရးၾကျပန္ေရာ။ အဲဒီလို ဦးဇင္းဘာလုပ္လုပ္ လိုက္ေျပာေနတဲ့ သူ ေတြေျပာတာေတာ့ သတင္းလို႔ သတ္မွတ္လို႔မရေတာ့ဘူး။ ဦးဇင္း ျပဳျပင္ေစခ်င္လိုတဲ့ ေစတနာနဲ႕ဆိုရင္ အၿမဲတမ္းႀကိဳဆိုတယ္။ အျပဳသေဘာ နဲ႕ ေထာက္ျပတာေတြကိုလည္း ေက်း ဇူးတင္တယ္။ အဲဒီလိုမဟုတ္ဘဲ နိုင္ငံ ေရးအရဆီလိုအေပါက္ရွာၿပီး လိုက္ ေျပာေနမယ္ဆိုရင္ေတာ့ ဦးဇင္းက ဂ႐ုကိုမစိုက္ဘူး။

ေမး။ ။ ဆရာေတာ္ေၾကာင့္ သံဃာႏွစ္ ျခမ္းကြဲတယ္ဆိုတာ ယူဆပါသလား။

ေျဖ။ ။ သံဃာကြဲတယ္ဆိုတဲ့အဓိပၸာယ္ ကို က်မ္းဂန္ေတြက ဖြင့္တဲ့အခါမွာ ျမတ္စြာဘုရားလက္ထက္တုန္းက ေကာသမၺီမွာျဖစ္ပ်က္ခဲ့တဲ့ ပုံစံမ်ိဳးလို ျဖစ္မွ သံဃာကြဲတယ္လို႔ ေခၚၾကတာ ေပါ့။ တစ္တိုက္တည္းေနၿပီးေတာ့ သိမ္တစ္ခုတည္းမွာကို ကံမေဆာင္နိုင္ ေလာက္ေအာင္ မၾကည့္ခ်င္ မျမင္ခ်င္ ေတာ့ ေလာက္ေအာင္ မုန္းသြားၾက တာေပါ့။ အဲဒီလိုကြဲမွ သံဃာကြဲတယ္ လို႔ေခၚတယ္။ အခုကိစၥက အျမင္မတူ တဲ့အဆင့္ပဲရွိတယ္။ သံဃာဂိုဏ္းကြဲ သြားတာ မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ အျမင္မတူတဲ့သူေတြကို လိုက္ၾကည့္ တဲ့အခါက်ေတာ့လည္း အမ်ိဳးသားေရး အျမင္ရွိတဲ့ သံဃာက ၉၉ ရာခိုင္ႏႈန္း ေတာင္ နည္းနည္းေက်ာ္ေနတယ္။ နိုင္ငံေရးအျမင္ရွိတဲ့ သံဃာေတြက ဒႆမေနာက္မွာပဲရွိတယ္။ အဲဒီေတာ့ နိုင္ငံေရးအေရာင္အေသြးရွိတဲ့ ကိုယ္ ေတာ္ေတြ ေအာ္ခ်င္ရာေအာ္ေနတာ နဲ႕ပဲ ျမန္မာသံဃာထုႀကီးကြဲေနတယ္ လို႔ မယူဆပါနဲ႕။ ပဲတစ္ျပည္ျပဳတ္တဲ့အခါ တစ္ျပည္လုံးနပ္တာမဟုတ္ပါဘူး။ စုန္းျပဴးေလးငါးေစ့ေတာ့ က်န္စၿမဲပါပဲ။

ေမး။ ။ ျမန္မာျပည္ေျမမွ အစၥလာမ္ဘာ သာဝင္ေတြကို ဖယ္ရွားဖို႔ဆိုတာ လုံးဝ မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ဒီဘာသာ ႏွစ္ခုကို ေအးခ်မ္းစြာ အတူေနထိုင္ ဖို႔အတြက္ ဆရာေတာ္မွာ ေကာင္းမြန္ တဲ့အစီအစဥ္မ်ားရွိတယ္ဆိုရင္ မိန႔္ ၾကားေပးပါ။

ေျဖ။ ။ အခုလိုလုပ္ေနတာက ျမန္မာ ျပည္ကေန မြတ္စလင္ေတြကို အၿပီး ပိုင္ေမာင္းထုတ္ေရးမဟုတ္ဘူး။ ျမန္ မာျပည္မွာ ဗုဒၶဘာသာတစ္ခုတည္း ရွိရမယ္ဆိုတာဟာမ်ိဳးေတြလည္း မဟုတ္ဘူး။ ဗုဒၶဘာသာ တစ္ခုတည္း ရွိလို႔ တည္ၿငိမ္ေအးခ်မ္းေနတယ္ဆို တာကိုလည္း ၿငိမ္းခ်မ္းေရး အစစ္လို႔ မယုံၾကည္ဘူး။ ဘာလို႔လည္းဆိုရင္ လူမ်ိဳးေပါင္းစုံ အတူယွဥ္တြဲေနထိုင္ လာပါလ်က္နဲ႕ ဘာျပႆနာမွမျဖစ္ တာကိုမွ ၿငိမ္းခ်မ္းေရးအစစ္အမွန္လို႔ ဦးဇင္းလက္ခံထားတယ္။ ဒါေၾကာင့္ မြတ္စလင္ေတြကို ဖယ္ရွားဖို႔လုပ္ေန တာမဟုတ္ဘူး။ သို႔ေသာ္ ဟိုးအရင္ တုန္းက ၿငိမ္းခ်မ္းစြာဘာလို႔ အတူေန ထိုင္လာခဲ့တာလည္းဆိုရင္ မြတ္စ လင္ ေခါင္းေဆာင္ေကာင္းေတြရွိလို႔။ ဥပမာ ဆရာႀကီးဦးရာဇတ္။ ဒီေနာက္ ပိုင္း ဘာေၾကာင့္ၿငိမ္းခ်မ္းစြာ အတူ မေနထိုင္နိုင္ေတာ့တာလဲဆိုရင္ မြတ္ စလင္ေခါင္းေဆာင္ေကာင္းေတြ မရွိ ေတာ့လို႔။ ဆရာႀကီးဦးရာဇတ္က နိုင္ငံ ေရးလုပ္တာ။ မြတ္စလင္ေတြအတြက္ လုပ္တာမဟုတ္ဘူး။ တိုင္းျပည္ အတြက္လုပ္တာ။ ဒီကေန႕ နိုင္ငံေရး လုပ္ေနတဲ့မြတ္စလင္ေတြက ဘယ္ သူ႕အတြက္လုပ္ေနတာလဲ။ လႊတ္ ေတာ္ထဲေရာက္ဖူးတဲ့ အမတ္သုံး ေယာက္ကိုၾကည့္ေလ။ ဒီကေန႕ဘယ္ လိုျဖစ္သြားလဲ။ အဲဒီေတာ့ မြတ္စလင္ ေတြ ၿငိမ္းခ်မ္းေစခ်င္တယ္ဆိုရင္ ဆရာႀကီး ဦးရာဇတ္လို မြတ္စလင္ ေခါင္းေဆာင္ေတြ အမ်ားႀကီး ေပၚ ထြက္လာမွျဖစ္မွာ။ ကိုျမေအးနဲ႕ေတြ႕ တုန္းကလည္းပဲ ဆရာႀကီးဦးရာဇတ္ လိုျဖစ္ေစခ်င္လို႔ အခုလိုေဆြးေႏြးၾက တာ။ အဲဒီေတာ့ မြတ္စလင္ေတြအေပၚ ျမန္မာျပည္သူေတြက အျပည့္အဝယုံ ၾကည္လာေစခ်င္တယ္ဆိုရင္ မြတ္စ လင္ေခါင္းေဆာင္ေတြက ျမန္မာျပည္ သူေတြကို အာမခံခ်က္ေပးရမယ္။ အဲဒီအာမခံခ်က္ရခ်င္လို႔ ဒီကေန႕ ဦးဇင္း ဝီရသူဆိုတာ ေပၚေပါက္လာ တာပဲ။

ေမး။ ။ တကယ္လို႔ မြတ္စလင္ေခါင္း ေဆာင္ေတြက ဆရာေတာ္ဘုရားနဲ႕ ေတြ႕ဆုံၿပီး ေဆြးေႏြးမယ္ဆိုရင္ ဆရာ ေတာ္ဘုရားဘကက လက္ခံနိုင္တဲ့ အေန အထားရွိပါသလား။

ေျဖ။ ။ ဦးဇင္းကိုဖိတ္ေခၚစရာမလိုဘူး။ ဦးဇင္းကအၿမဲတမ္းဖိတ္ေခၚေနတာ။ ဒါေပမဲ့ သူတို႔ေတြက ေတာ္ေတာ္ခက္ခဲ တယ္။ တခ်ိဳ႕ေတြက ကိုယ္ကိုယ္တိုင္ ဆႏၵရွိတယ္။ ေနာက္ကြယ္ကအႏၲရာယ္ ကို သူတို႔ေၾကာက္တယ္။ ဦးေ႐ႊၾကည္ လို ရင္မဆိုင္နိုင္ဘူး။ တခ်ိဳ႕ကကိုယ္ ကိုယ္တိုင္ ေတြ႕ခ်င္တယ္။ ဒါေပမဲ့ စီး ပြားေရးထိခိုက္မွာ ေၾကာက္တယ္။ စီး ပြားေရးအပ်က္မခံနိုင္ဘူး။ တခ်ိဳ႕က် ေတာ့ ဘုန္းႀကီးနဲ႕သြားေတြ႕ရင္ကိုပဲ သူတို႔မြတ္စလင္ေတြ သိကၡာက်တယ္ ဆိုတဲ့ပုံစံမ်ိဳးႀကီး ျမင္ေနၾကတယ္ေပါ့။ တခ်ိဳ႕က်ေတာ့ ဘုန္းႀကီးနဲ႕သြားေတြ႕လို႔ ဘုန္းႀကီးကဒါေတြေတာင္းဆိုတယ္ မေပးရဲဘူး၊ မေပးနိုင္ဘူး၊ မေပးခ်င္ ဘူး။ အဲဒီလို ဝန္ေလးေနတဲ့အတြက္ ေၾကာင့္လည္း သူတို႔တေတြကမေတြ႕ ၾကဘူး။ ဦးဇင္းကေတာ့ မြတ္စလင္ ေတြမဟုတ္ပါဘူး။ တျခားဘယ္ဘာ သာဝင္ရဲ႕ ေခါင္းေဆာင္မဆို လက္ ကမ္းႀကိဳဆိုပါတယ္။ ျမန္မာျပည္ႀကီး တကယ္ၿငိမ္းခ်မ္းေစခ်င္တယ္ဆိုရင္ ေဆြးေႏြးဖို႔ အဆင္သင့္ရွိပါတယ္။ ဦးဇင္းေပးထားတဲ့ ကတိကိုေတာ့ ဦးဇင္းအသက္သာ အေသခံမယ္ ဘယ္ေသာအခါမွ ေဖ်ာက္ဖ်က္မွာ မဟုတ္ဘူးဆိုတာ အာမခံခ်က္ေပးနိုင္ ပါတယ္။

ေမး။ ။ မ်ိဳးခ်စ္လို႔ေအာ္ေနတဲ့ လက္ရွိ အာဏာရွိေနတဲ့ အဖြဲ႕အစည္းမွပုဂၢိဳလ္ ေတြက ၂ဝဝ၇ ခုႏွစ္မွာ သံဃာေတာ္ ေတြကို ရက္ရက္စက္စက္ ညွင္းပမ္းခဲ့ သူေတြပါ။ ဒါေပမဲ့ အခုအာဏာျပန္ရဖို႔ ရည္႐ြယ္ခ်က္အေနနဲ႕ မ်ိဳးခ်စ္ဆိုတဲ့ အသံကို ေအာ္ေနတယ္လို႔ ဆရာ ေတာ္မထင္ဘူးလား ဘုရား။ ဘယ္ လိုျမင္ပါသလဲဘုရား။

ေျဖ။ ။ ဟိုအရင္တုန္းက နိုင္ငံေရး သမားေတြနဲ႕ တစ္သားတည္း ျပည္သူ႕ ဘက္မွာရပ္တည္ၿပီး စစ္အစိုးရကို ေတာ္လွန္ခဲ့ၾကတဲ့ သံဃာေတြဟာ ဒီကေန႕ဘာေၾကာင့္ နိုင္ငံေရးသမား ေတြကို ႐ြံမုန္းၾကတာလဲဆိုရင္ ဒီက ေန႕တပ္မေတာ္ကို ဘာေၾကာင့္ ေထာက္ခံေနၾကသလဲ။ အဲဒါကိုလည္း ေလ့လာဖို႔လိုပါတယ္။ ေနာက္တစ္ ခ်က္က ပုဂၢိဳလ္နဲ႕ အဖြဲ႕အစည္းမတူ ပါဘူး။ ဘယ္အဖြဲ႕အစည္းမဆို မေကာင္းတဲ့ပုဂၢိဳလ္ကေတာ့ ရွိမွာပဲ။ သံဃာအဖြဲ႕အစည္းဆိုတာ တကယ္ တမ္းေျပာရင္ ဝိနည္းသိကၡာပုဒ္ေတြနဲ႕ အင္မတန္ တင္းက်ပ္တဲ့အဖြဲ႕အစည္း။ အဲဒါေတြကို မေလးစားတဲ့ပုဂၢိဳလ္ေတြ လည္း ရွိပါတယ္။ အဲဒီလိုပုဂၢိဳလ္တစ္ဦး တစ္ေယာက္ ေဖာက္ဖ်က္တာနဲ႕ပဲ သံ ဃာအဖြဲ႕အစည္းႀကီးကို ဝါးလုံးသိမ္း ရိုက္ၿပီး ျပစ္မွားလို႔မရဘူး။ အဲဒီလိုပဲ တစ္စုံတစ္ေယာက္ သစၥာေဖာက္တာနဲ႕ တပ္မေတာ္မႀကီးတစ္ခုလုံးကို သိမ္း ႀကဳံးၿပီး စြပ္စြဲလို႔မရဘူး။ တပ္မေတာ္ နဲ႕စစ္အာဏာရွင္ ကြဲျပားဖို႔လိုတယ္။ ကြဲျပားမွဘယ္သူကအျဖဴ၊ ဘယ္သူ ကအမည္းဆိုတာ အေျဖရမွာ။ ဦးဇင္း ဆိုလိုတာက မ်ိဳးခ်စ္လို႔ေအာ္တဲ့သူေတြ ေအာ္တာမွန္တယ္။ တစ္ခ်ိန္တုန္းက ႏွိမ္နင္းတာသူတို႔အာဏာကို ထိပါးလို႔ ေပါ့။ ဒီကေန႕ မ်ိဳးခ်စ္လို႔ေအာ္ေနတာ ဟာ အခ်ဳပ္အျခာအာဏာ အႏၲရာယ္ က်ေရာက္ေနလို႔ပါ။ ဒီႏွစ္ခုကလုံးဝ မတူပါဘူး။

ေမး။ ။ ဆရာေတာ္မွ ေဒၚေအာင္ဆန္းစု ၾကည္နဲ႕ေတြ႕ဆုံဖို႔ ဦးဝင္းထိန္မွတစ္ ဆင့္ စာသုံးႀကိမ္ပို႔ခဲ့တယ္လို႔ သိရပါ တယ္။ မေအာင္ျမင္ခဲ့ဖူးလို႔လည္း သိရ ပါတယ္။ ဒါနဲ႕ပတ္သက္ၿပီး ဘယ္လို မွတ္ခ်က္ေပးခ်င္ပါသလဲ။

ေျဖ။ ။ ဦးဇင္းကေတာ့ တစ္ကိုယ္ရည္ နိုင္ငံေရးသမားပဲ။ ဦးဇင္းမွာေတာ့ မာနရွိတယ္။ ဘယ္နိုင္ငံ့ေခါင္းေဆာင္ ကိုမွ ေတြ႕ခြင့္မေတာင္းဘူး။ ဦးသိန္း စိန္ေထာက္ခံတာ ေထာက္ခံတာပဲ။ ေတြ႕ခြင့္ေပးပါလို႔ မေတာင္းခဲ့ဖူးဘူး။ ေဒၚစုလည္း ထို႔အတူပဲ၊ ကိုယ့္ဆီလာ ရင္ေတာ့ ဘယ္သူလာလာ လက္ခံ တယ္။ ကုလားဆိုၿပီး ေမာင္းမထုတ္ နိုင္ဘူး။ ေအာင္ေသာင္းဆိုၿပီးေတာ့ လည္း ေမာင္းမထုတ္နိုင္ဘူး။ မင္းကို နိုင္ဆိုၿပီးေတာ့လဲ ေမာင္းမထုတ္နိုင္ ဘူး။ ဦးဇင္းကေတာ့ ဦးဇင္းဆီလာ တဲ့သူမွန္သမွ် ဘုရားအလိုေတာ္က် ဧည့္ဝတ္ေက် ပြန္ေအာင္လက္ခံမယ္။ ဘယ္ေခါင္းေဆာင္နဲ႕မွ ေတြ႕ခြင့္ေပးပါ လို႔ မေတာင္းဆိုခဲ့ဖူးပါဘူး။ သို႔ေသာ္ အမ်ိဳး ေစာင့္ဥပေဒနဲ႕ပတ္သက္တုန္း ကေတာ့ မဘသအဖြဲ႕အစည္းႀကီးက NLD ပါတီကိုစာပို႔ၿပီးေတာ့ သုံးႀကိမ္ ေတာင္းဆိုဖူးပါတယ္။ အဲဒီစာ ေဒၚ ေအာင္ဆန္းစုၾကည္ဆီ ေရာက္၊ မေရာက္ဆိုတာေတာ့ မသိရပါဘူး။ သို႔ေသာ္ေတြ႕ခြင့္မရတာေတာ့ ဒီေန႕ အထိပါပဲ။

ေမး။ ။ ျမန္မာျပည္မွာေနထိုင္ၾကတဲ့ ဘာသာေပါင္းစုံျပည္သူေတြကို ဆရာ ေတာ္ဘုရားအေနနဲ႕ ဘာမ်ားအမိန႔္ မွာစကား ေျပာၾကားခ်င္ပါသလဲ။

ေျဖ။ ။ ဘာသာေပါင္းစုံလို႔ ေျပာရ တယ္ဆိုေပမယ့္လို႔ ခရစ္ယာန္နဲ႕ ဟိႏၵဴ နဲ႕ တျခားဘာသာအသီးသီးေလးေတြ က ဘာကိုမွေျပာစရာကိုမရွိတာ။ ျဖစ္ ေနတာက မြတ္စလင္။ အဲဒီေတာ့ ၿငိမ္း ခ်မ္းစြာအတူယွဥ္ တြဲေနထိုင္ျခင္းမူဝါဒ ဦးဇင္းကိုင္စြဲထားပါတယ္။ အဲဒါကို ဘုရားဇာတ္ေတာ္အတိုင္း ေျပာရရင္ ျခေသၤ့ႀကီးတစ္ေကာင္ဟာ ႏြံထဲမွာနစ္ ေနတာ ေျခာက္ရက္ျပည့္ၿပီး ခုနစ္ရက္ ေျမာက္။ အဲဒီအခ်ိန္မွာ ေျမေခြးတစ္ ေကာင္က ျခေသၤ့ႀကီးကို ကယ္ခဲ့ပါ တယ္။ ျခေသၤ့ႀကီးက ေျမေခြးကိုေက်းဇူး တင္တဲ့အေနနဲ႕ အမဲေတြ ရွာေကြၽးပါ တယ္။ ေနာက္ဆုံး ေျမေခြးမွာ ေျမ ေခြးမရွိတယ္ဆိုတာသိရလို႔ ေျမေခြး ေရာ၊ ေျမေခြးမေရာ ေခၚၿပီးေတာ့ ျပဳစု ထားပါတယ္။ ဒီလိုနဲ႕ ျခေသၤ့ကလည္း သားခုနစ္ဆက္ေပါက္တယ္။ ေျမေခြး ကလည္း သားခုနစ္ဆက္ေပါက္တယ္။ မိဘခ်င္းတည့္တဲ့အတြက္ေၾကာင့္ သားသမီးခ်င္းလည္း တည့္တယ္။ အဲဒီေတာ့ ဇာတ္နိမ့္ ဇာတ္ျမင့္ကိုၾကည့္ မယ္ဆိုရင္ ေျမေခြးကအင္မတန္နိမ့္က် တဲ့ဇာတ္။ ျခေသၤ့ကအင္မ တန္ျမင့္ ျမတ္တဲ့ဇာတ္။ သူရသတၱိခ်င္းယွဥ္ရင္ လည္း ျခေသၤ့နဲ႕ေျမေခြး ေျပာစရာ ေတာင္မလိုဘူး။ ဒီလိုအစစအရာရာ မတူညီတဲ့ ဘဝႏွစ္ခုေတာင္မွ ၿငိမ္း ခ်မ္းစြာ အတူယွဥ္တြဲေနထိုင္နိုင္တယ္။ တိရစာၦန္ေတြေတာင္မွ အမ်ိဳးမတူ႐ုံ၊ သဘာဝမတူ႐ုံေလးနဲ႕ ရန္မလုပ္ဘူး။ တစ္ေယာက္ေက်းဇူး တစ္ေယာက္သိ ၿပီးေတာ့ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲ ေနထိုင္တယ္။ ဦးဇင္းတို႔လူသားေတြ ဘာေၾကာင့္ဘာသာမတူ႐ုံ လူမ်ိဳးမတူ ႐ုံနဲ႕ ရန္ျဖစ္ေနၾကမွာလဲ။ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲၿပီး ဘာလို႔မေနနိုင္ရမွာ လဲ။ အဲဒီလိုေနထိုင္နိုင္ဖို႔အတြက္ ငါ့ ဘာသာမွ ငါ့ဘာသာဆိုၿပီး တျခားဘာ သာကို အထင္ေသးတာေတြ ေရွာင္ ၾကဥ္ပါ။ ငါ့ဘုရားမွ ငါ့ဘုရားဆိုၿပီး သူ မ်ားဘုရားကို ေစာ္ကားတာေတြရပ္ပါ။ ငါ့လူမ်ိဳးမွ ငါ့လူမ်ိဳးဆိုၿပီး အျခားလူ မ်ိဳးကို လူမထင္တဲ့ အမူအရာေတြ ေရွာင္ၾကဥ္ပါ။ တစ္ဦးနဲ႕တစ္ဦး ဘာသာတစ္ခုနဲ႕တစ္ခု ဘုရားတစ္ဆူနဲ႕ တစ္ဆူၾကား ေလးစားမႈရွိပါ။ ဒါေတြ ကိုသာ ေလးစား လိုက္နာမႈရွိမယ္ဆိုရင္ ျမန္မာတင္မကပါဘူး။ တစ္ကမာၻလုံး ၿငိမ္းခ်မ္းမယ္လို႔ အျပည့္အဝယုံၾကည္ ပါတယ္။

ေမး။ ။ ဆရာေတာ္ေနာက္ဆုံးဘာမ်ား မိန႔္ၾကားဖို႔ရွိပါေသးသလဲဘုရား။

ေျဖ။ ။ ျပည္တြင္းေန မြတ္စလင္ေတြကို ေျပာခ်င္ပါတယ္။ ဇာတ္လမ္းထဲမွာ ဗီလိန္အျဖစ္ သ႐ုပ္ေဆာင္တိုင္း အျပင္မွာ တကယ့္ဗီလိန္ျဖစ္ေနတာ မဟုတ္ပါဘူး။ ပကတိဘဝနဲ႕ဆန႔္က်င္ ၿပီး သ႐ုပ္ေဆာင္ေနရတဲ့လူသားေတြ လည္း ရွိတတ္ပါတယ္။ ဝီရသူရဲ႕ ပင္ ကိုယ္စိတ္ရင္းကို ေလ့လာၾကည့္ပါ ဦးလို႔ မွာၾကားပါရေစ။

Unity Journal

 

“လူမျိုးရေး တိုက်ပွဲကြားက အနှိမ်ခံ ရဟန်းတစ်ပါးကို ဘာသာပြန် ကြည့်ခြင်း (အပိုင်း-၃ နိဂုံး)”

မေး။ ။ ဆရာတော်ရဲ့ မျိုးချစ်စိတ်ဓာတ် ကိုတော့ လက်ခံပါတယ်။ အဲဒါကို တပည့်တော်မငြင်းပယ်ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေက ဆရာတော်ရဲ့ ရပ်တည်မှုတွေမှာ အမြင်မကြည်လင် တာတွေ့ရပါတယ်။ ဒါကိုဆရာတော် ဘုရားအနေနဲ့ ပြေပျောက်အောင် ဆရာတော်အနေနဲ့ ဘယ်လိုလုပ်ကြိုး စားခဲ့ တယ်ဆိုတာကိုလည်း မိန့်ကြား ပေးစေချင်ပါတယ်။

ဖြေ။ ။ ဗုဒ္ဓဘာသာဝင်တွေက မကြည် ဘူးဆိုတာ ဘယ်လိုမကြည်တာလဲ မေးခွန်းထုတ်စရာပေါ့။ ဦးဇင်း ဘာ လုပ်လုပ် မကြည်တဲ့အမျိုးအစားလည်း ရှိတာပေါ့။ ဘာကြောင့်လည်းဆိုရင် သူတို့ကို မထောက်ခံလို့ သူတို့မယ် မယ်ကြီးကို ဝေဖန်လို့။ ဥပမာဆိုကြပါစို့ ဒေါ်အောင်ဆန်းစုကြည်က တစ်ပွဲကို ဝတ်စုံတစ်မျိုး ဝတ်ပြီးတက်တယ်။ အဲ ဒီပုံလေးတွေကိုစုပြီး အမှတ်တရ ဓာတ်ပုံလုပ်ထားတာလေးရှိတယ်။ ဦးဇင်းကလည်း ဆောင်းပါးလေး တစ် ပုဒ်ရေးလိုက်တယ်။ ဗိုလ်ချုပ်ကတော့ သုံးစုံပဲရှိတယ်။ ဗိုလ်ချုပ်သမီးကတော့ တစ်နေ့ကို အခမ်းအနားသုံးပွဲရှိရင် သုံးမျိုးဝတ်နိုင်တယ်။ ဗိုလ်ချုပ်ထက် ဗိုလ်ချုပ်သမီးက ရှေးဘုန်း ရှေးကံ ကြီးတယ်။ ဗိုလ်ချုပ်သာရှိရင် သမီး ကိုကြည့်ပြီးတော့ သူ့သမီးအတွက် ဂုဏ်ယူနေမှာပဲလို့ ရေးလိုက်တယ်။ ဒါပေမဲ့ ဝိုင်းဆဲကြတယ်။ ဘုန်းကြီး ဖြစ်ပြီး မိန်းမထဘီကအစ လိုက်ကြည့် နေတယ်လို့ စတာတွေဝိုင်းဆဲကြတာ ပေါ့။ ဒါပေမဲ့ ဟိုတလောက ရန်ကုန် တိုင်းအစိုးရကျင်းပတဲ့ တရားပွဲတစ်ခု မှာ ဆရာတော်တစ်ပါးက ချိတ်ထဘီ သုတ္တန် ဟောလိုက်တယ်။ သူကိုယ် တိုင်လည်း ယက်ကန်းရုံသွားပြီးတော့ ထဘီကို ကိုင်ကြည့်နေတဲ့ပုံတွေလည်း တက်တယ်။ အဲဒါကျတော့ သံဃာစစ်၊ သံဃာမှန်လို့ရေးကြတယ်။ အဲဒီလို ရေးတဲ့သူက စောစောက ဦးဇင်းကို ဆဲတဲ့သူ။ ဦးဇင်းကို ထဘီကစလိုက် ကြည့်တယ်လို့ ဆဲတဲ့သူတွေဟာ အခု လိုမျိုးကျတော့လည်း သံဃာစစ် သံဃာမှန်လို့ ရေးကြပြန်ရော။ အဲဒီလို ဦးဇင်းဘာလုပ်လုပ် လိုက်ပြောနေတဲ့ သူ တွေပြောတာတော့ သတင်းလို့ သတ်မှတ်လို့မရတော့ဘူး။ ဦးဇင်း ပြုပြင်စေချင်လိုတဲ့ စေတနာနဲ့ဆိုရင် အမြဲတမ်းကြိုဆိုတယ်။ အပြုသဘော နဲ့ ထောက်ပြတာတွေကိုလည်း ကျေး ဇူးတင်တယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံ ရေးအရဆီလိုအပေါက်ရှာပြီး လိုက် ပြောနေမယ်ဆိုရင်တော့ ဦးဇင်းက ဂရုကိုမစိုက်ဘူး။

မေး။ ။ ဆရာတော်ကြောင့် သံဃာနှစ် ခြမ်းကွဲတယ်ဆိုတာ ယူဆပါသလား။

ဖြေ။ ။ သံဃာကွဲတယ်ဆိုတဲ့အဓိပ္ပာယ် ကို ကျမ်းဂန်တွေက ဖွင့်တဲ့အခါမှာ မြတ်စွာဘုရားလက်ထက်တုန်းက ကောသမ္ဗီမှာဖြစ်ပျက်ခဲ့တဲ့ ပုံစံမျိုးလို ဖြစ်မှ သံဃာကွဲတယ်လို့ ခေါ်ကြတာ ပေါ့။ တစ်တိုက်တည်းနေပြီးတော့ သိမ်တစ်ခုတည်းမှာကို ကံမဆောင်နိုင် လောက်အောင် မကြည့်ချင် မမြင်ချင် တော့ လောက်အောင် မုန်းသွားကြ တာပေါ့။ အဲဒီလိုကွဲမှ သံဃာကွဲတယ် လို့ခေါ်တယ်။ အခုကိစ္စက အမြင်မတူ တဲ့အဆင့်ပဲရှိတယ်။ သံဃာဂိုဏ်းကွဲ သွားတာ မဟုတ်ဘူး။ နောက်ပြီးတော့ အမြင်မတူတဲ့သူတွေကို လိုက်ကြည့် တဲ့အခါကျတော့လည်း အမျိုးသားရေး အမြင်ရှိတဲ့ သံဃာက ၉၉ ရာခိုင်နှုန်း တောင် နည်းနည်းကျော်နေတယ်။ နိုင်ငံရေးအမြင်ရှိတဲ့ သံဃာတွေက ဒဿမနောက်မှာပဲရှိတယ်။ အဲဒီတော့ နိုင်ငံရေးအရောင်အသွေးရှိတဲ့ ကိုယ် တော်တွေ အော်ချင်ရာအော်နေတာ နဲ့ပဲ မြန်မာသံဃာထုကြီးကွဲနေတယ် လို့ မယူဆပါနဲ့။ ပဲတစ်ပြည်ပြုတ်တဲ့အခါ တစ်ပြည်လုံးနပ်တာမဟုတ်ပါဘူး။ စုန်းပြူးလေးငါးစေ့တော့ ကျန်စမြဲပါပဲ။

မေး။ ။ မြန်မာပြည်မြေမှ အစ္စလာမ်ဘာ သာဝင်တွေကို ဖယ်ရှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဘာသာ နှစ်ခုကို အေးချမ်းစွာ အတူနေထိုင် ဖို့အတွက် ဆရာတော်မှာ ကောင်းမွန် တဲ့အစီအစဉ်များရှိတယ်ဆိုရင် မိန့် ကြားပေးပါ။

ဖြေ။ ။ အခုလိုလုပ်နေတာက မြန်မာ ပြည်ကနေ မွတ်စလင်တွေကို အပြီး ပိုင်မောင်းထုတ်ရေးမဟုတ်ဘူး။ မြန် မာပြည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်း ရှိရမယ်ဆိုတာဟာမျိုးတွေလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာ တစ်ခုတည်း ရှိလို့ တည်ငြိမ်အေးချမ်းနေတယ်ဆို တာကိုလည်း ငြိမ်းချမ်းရေး အစစ်လို့ မယုံကြည်ဘူး။ ဘာလို့လည်းဆိုရင် လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင် လာပါလျက်နဲ့ ဘာပြဿနာမှမဖြစ် တာကိုမှ ငြိမ်းချမ်းရေးအစစ်အမှန်လို့ ဦးဇင်းလက်ခံထားတယ်။ ဒါကြောင့် မွတ်စလင်တွေကို ဖယ်ရှားဖို့လုပ်နေ တာမဟုတ်ဘူး။ သို့သော် ဟိုးအရင် တုန်းက ငြိမ်းချမ်းစွာဘာလို့ အတူနေ ထိုင်လာခဲ့တာလည်းဆိုရင် မွတ်စ လင် ခေါင်းဆောင်ကောင်းတွေရှိလို့။ ဥပမာ ဆရာကြီးဦးရာဇတ်။ ဒီနောက် ပိုင်း ဘာကြောင့်ငြိမ်းချမ်းစွာ အတူ မနေထိုင်နိုင်တော့တာလဲဆိုရင် မွတ် စလင်ခေါင်းဆောင်ကောင်းတွေ မရှိ တော့လို့။ ဆရာကြီးဦးရာဇတ်က နိုင်ငံ ရေးလုပ်တာ။ မွတ်စလင်တွေအတွက် လုပ်တာမဟုတ်ဘူး။ တိုင်းပြည် အတွက်လုပ်တာ။ ဒီကနေ့ နိုင်ငံရေး လုပ်နေတဲ့မွတ်စလင်တွေက ဘယ် သူ့အတွက်လုပ်နေတာလဲ။ လွှတ် တော်ထဲရောက်ဖူးတဲ့ အမတ်သုံး ယောက်ကိုကြည့်လေ။ ဒီကနေ့ဘယ် လိုဖြစ်သွားလဲ။ အဲဒီတော့ မွတ်စလင် တွေ ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဆရာကြီး ဦးရာဇတ်လို မွတ်စလင် ခေါင်းဆောင်တွေ အများကြီး ပေါ် ထွက်လာမှဖြစ်မှာ။ ကိုမြအေးနဲ့တွေ့ တုန်းကလည်းပဲ ဆရာကြီးဦးရာဇတ် လိုဖြစ်စေချင်လို့ အခုလိုဆွေးနွေးကြ တာ။ အဲဒီတော့ မွတ်စလင်တွေအပေါ် မြန်မာပြည်သူတွေက အပြည့်အဝယုံ ကြည်လာစေချင်တယ်ဆိုရင် မွတ်စ လင်ခေါင်းဆောင်တွေက မြန်မာပြည် သူတွေကို အာမခံချက်ပေးရမယ်။ အဲဒီအာမခံချက်ရချင်လို့ ဒီကနေ့ ဦးဇင်း ဝီရသူဆိုတာ ပေါ်ပေါက်လာ တာပဲ။

မေး။ ။ တကယ်လို့ မွတ်စလင်ခေါင်း ဆောင်တွေက ဆရာတော်ဘုရားနဲ့ တွေ့ဆုံပြီး ဆွေးနွေးမယ်ဆိုရင် ဆရာ တော်ဘုရားဘကက လက်ခံနိုင်တဲ့ အနေ အထားရှိပါသလား။

ဖြေ။ ။ ဦးဇင်းကိုဖိတ်ခေါ်စရာမလိုဘူး။ ဦးဇင်းကအမြဲတမ်းဖိတ်ခေါ်နေတာ။ ဒါပေမဲ့ သူတို့တွေက တော်တော်ခက်ခဲ တယ်။ တချို့တွေက ကိုယ်ကိုယ်တိုင် ဆန္ဒရှိတယ်။ နောက်ကွယ်ကအန္တရာယ် ကို သူတို့ကြောက်တယ်။ ဦးရွှေကြည် လို ရင်မဆိုင်နိုင်ဘူး။ တချို့ကကိုယ် ကိုယ်တိုင် တွေ့ချင်တယ်။ ဒါပေမဲ့ စီး ပွားရေးထိခိုက်မှာ ကြောက်တယ်။ စီး ပွားရေးအပျက်မခံနိုင်ဘူး။ တချို့ကျ တော့ ဘုန်းကြီးနဲ့သွားတွေ့ရင်ကိုပဲ သူတို့မွတ်စလင်တွေ သိက္ခာကျတယ် ဆိုတဲ့ပုံစံမျိုးကြီး မြင်နေကြတယ်ပေါ့။ တချို့ကျတော့ ဘုန်းကြီးနဲ့သွားတွေ့လို့ ဘုန်းကြီးကဒါတွေတောင်းဆိုတယ် မပေးရဲဘူး၊ မပေးနိုင်ဘူး၊ မပေးချင် ဘူး။ အဲဒီလို ဝန်လေးနေတဲ့အတွက် ကြောင့်လည်း သူတို့တတွေကမတွေ့ ကြဘူး။ ဦးဇင်းကတော့ မွတ်စလင် တွေမဟုတ်ပါဘူး။ တခြားဘယ်ဘာ သာဝင်ရဲ့ ခေါင်းဆောင်မဆို လက် ကမ်းကြိုဆိုပါတယ်။ မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။ ဦးဇင်းပေးထားတဲ့ ကတိကိုတော့ ဦးဇင်းအသက်သာ အသေခံမယ် ဘယ်သောအခါမှ ဖျောက်ဖျက်မှာ မဟုတ်ဘူးဆိုတာ အာမခံချက်ပေးနိုင် ပါတယ်။

မေး။ ။ မျိုးချစ်လို့အော်နေတဲ့ လက်ရှိ အာဏာရှိနေတဲ့ အဖွဲ့အစည်းမှပုဂ္ဂိုလ် တွေက ၂ဝဝ၇ ခုနှစ်မှာ သံဃာတော် တွေကို ရက်ရက်စက်စက် ညှင်းပမ်းခဲ့ သူတွေပါ။ ဒါပေမဲ့ အခုအာဏာပြန်ရဖို့ ရည်ရွယ်ချက်အနေနဲ့ မျိုးချစ်ဆိုတဲ့ အသံကို အော်နေတယ်လို့ ဆရာ တော်မထင်ဘူးလား ဘုရား။ ဘယ် လိုမြင်ပါသလဲဘုရား။

ဖြေ။ ။ ဟိုအရင်တုန်းက နိုင်ငံရေး သမားတွေနဲ့ တစ်သားတည်း ပြည်သူ့ ဘက်မှာရပ်တည်ပြီး စစ်အစိုးရကို တော်လှန်ခဲ့ကြတဲ့ သံဃာတွေဟာ ဒီကနေ့ဘာကြောင့် နိုင်ငံရေးသမား တွေကို ရွံမုန်းကြတာလဲဆိုရင် ဒီက နေ့တပ်မတော်ကို ဘာကြောင့် ထောက်ခံနေကြသလဲ။ အဲဒါကိုလည်း လေ့လာဖို့လိုပါတယ်။ နောက်တစ် ချက်က ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းမတူ ပါဘူး။ ဘယ်အဖွဲ့အစည်းမဆို မကောင်းတဲ့ပုဂ္ဂိုလ်ကတော့ ရှိမှာပဲ။ သံဃာအဖွဲ့အစည်းဆိုတာ တကယ် တမ်းပြောရင် ဝိနည်းသိက္ခာပုဒ်တွေနဲ့ အင်မတန် တင်းကျပ်တဲ့အဖွဲ့အစည်း။ အဲဒါတွေကို မလေးစားတဲ့ပုဂ္ဂိုလ်တွေ လည်း ရှိပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ဖောက်ဖျက်တာနဲ့ပဲ သံ ဃာအဖွဲ့အစည်းကြီးကို ဝါးလုံးသိမ်း ရိုက်ပြီး ပြစ်မှားလို့မရဘူး။ အဲဒီလိုပဲ တစ်စုံတစ်ယောက် သစ္စာဖောက်တာနဲ့ တပ်မတော်မကြီးတစ်ခုလုံးကို သိမ်း ကြုံးပြီး စွပ်စွဲလို့မရဘူး။ တပ်မတော် နဲ့စစ်အာဏာရှင် ကွဲပြားဖို့လိုတယ်။ ကွဲပြားမှဘယ်သူကအဖြူ၊ ဘယ်သူ ကအမည်းဆိုတာ အဖြေရမှာ။ ဦးဇင်း ဆိုလိုတာက မျိုးချစ်လို့အော်တဲ့သူတွေ အော်တာမှန်တယ်။ တစ်ချိန်တုန်းက နှိမ်နင်းတာသူတို့အာဏာကို ထိပါးလို့ ပေါ့။ ဒီကနေ့ မျိုးချစ်လို့အော်နေတာ ဟာ အချုပ်အခြာအာဏာ အန္တရာယ် ကျရောက်နေလို့ပါ။ ဒီနှစ်ခုကလုံးဝ မတူပါဘူး။

မေး။ ။ ဆရာတော်မှ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံဖို့ ဦးဝင်းထိန်မှတစ် ဆင့် စာသုံးကြိမ်ပို့ခဲ့တယ်လို့ သိရပါ တယ်။ မအောင်မြင်ခဲ့ဖူးလို့လည်း သိရ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ ဦးဇင်းကတော့ တစ်ကိုယ်ရည် နိုင်ငံရေးသမားပဲ။ ဦးဇင်းမှာတော့ မာနရှိတယ်။ ဘယ်နိုင်ငံ့ခေါင်းဆောင် ကိုမှ တွေ့ခွင့်မတောင်းဘူး။ ဦးသိန်း စိန်ထောက်ခံတာ ထောက်ခံတာပဲ။ တွေ့ခွင့်ပေးပါလို့ မတောင်းခဲ့ဖူးဘူး။ ဒေါ်စုလည်း ထို့အတူပဲ၊ ကိုယ့်ဆီလာ ရင်တော့ ဘယ်သူလာလာ လက်ခံ တယ်။ ကုလားဆိုပြီး မောင်းမထုတ် နိုင်ဘူး။ အောင်သောင်းဆိုပြီးတော့ လည်း မောင်းမထုတ်နိုင်ဘူး။ မင်းကို နိုင်ဆိုပြီးတော့လဲ မောင်းမထုတ်နိုင် ဘူး။ ဦးဇင်းကတော့ ဦးဇင်းဆီလာ တဲ့သူမှန်သမျှ ဘုရားအလိုတော်ကျ ဧည့်ဝတ်ကျေ ပွန်အောင်လက်ခံမယ်။ ဘယ်ခေါင်းဆောင်နဲ့မှ တွေ့ခွင့်ပေးပါ လို့ မတောင်းဆိုခဲ့ဖူးပါဘူး။ သို့သော် အမျိုး စောင့်ဥပဒေနဲ့ပတ်သက်တုန်း ကတော့ မဘသအဖွဲ့အစည်းကြီးက NLD ပါတီကိုစာပို့ပြီးတော့ သုံးကြိမ် တောင်းဆိုဖူးပါတယ်။ အဲဒီစာ ဒေါ် အောင်ဆန်းစုကြည်ဆီ ရောက်၊ မရောက်ဆိုတာတော့ မသိရပါဘူး။ သို့သော်တွေ့ခွင့်မရတာတော့ ဒီနေ့ အထိပါပဲ။

မေး။ ။ မြန်မာပြည်မှာနေထိုင်ကြတဲ့ ဘာသာပေါင်းစုံပြည်သူတွေကို ဆရာ တော်ဘုရားအနေနဲ့ ဘာများအမိန့် မှာစကား ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ဘာသာပေါင်းစုံလို့ ပြောရ တယ်ဆိုပေမယ့်လို့ ခရစ်ယာန်နဲ့ ဟိန္ဒူ နဲ့ တခြားဘာသာအသီးသီးလေးတွေ က ဘာကိုမှပြောစရာကိုမရှိတာ။ ဖြစ် နေတာက မွတ်စလင်။ အဲဒီတော့ ငြိမ်း ချမ်းစွာအတူယှဉ် တွဲနေထိုင်ခြင်းမူဝါဒ ဦးဇင်းကိုင်စွဲထားပါတယ်။ အဲဒါကို ဘုရားဇာတ်တော်အတိုင်း ပြောရရင် ခင်္သြေ့ကြီးတစ်ကောင်ဟာ နွံထဲမှာနစ် နေတာ ခြောက်ရက်ပြည့်ပြီး ခုနစ်ရက် မြောက်။ အဲဒီအချိန်မှာ မြေခွေးတစ် ကောင်က ခင်္သြေ့ကြီးကို ကယ်ခဲ့ပါ တယ်။ ခင်္သြေ့ကြီးက မြေခွေးကိုကျေးဇူး တင်တဲ့အနေနဲ့ အမဲတွေ ရှာကျွေးပါ တယ်။ နောက်ဆုံး မြေခွေးမှာ မြေ ခွေးမရှိတယ်ဆိုတာသိရလို့ မြေခွေး ရော၊ မြေခွေးမရော ခေါ်ပြီးတော့ ပြုစု ထားပါတယ်။ ဒီလိုနဲ့ ခင်္သြေ့ကလည်း သားခုနစ်ဆက်ပေါက်တယ်။ မြေခွေး ကလည်း သားခုနစ်ဆက်ပေါက်တယ်။ မိဘချင်းတည့်တဲ့အတွက်ကြောင့် သားသမီးချင်းလည်း တည့်တယ်။ အဲဒီတော့ ဇာတ်နိမ့် ဇာတ်မြင့်ကိုကြည့် မယ်ဆိုရင် မြေခွေးကအင်မတန်နိမ့်ကျ တဲ့ဇာတ်။ ခင်္သြေ့ကအင်မ တန်မြင့် မြတ်တဲ့ဇာတ်။ သူရသတ္တိချင်းယှဉ်ရင် လည်း ခင်္သြေ့နဲ့မြေခွေး ပြောစရာ တောင်မလိုဘူး။ ဒီလိုအစစအရာရာ မတူညီတဲ့ ဘဝနှစ်ခုတောင်မှ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တယ်။ တိရစ္ဆာန်တွေတောင်မှ အမျိုးမတူရုံ၊ သဘာဝမတူရုံလေးနဲ့ ရန်မလုပ်ဘူး။ တစ်ယောက်ကျေးဇူး တစ်ယောက်သိ ပြီးတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်တယ်။ ဦးဇင်းတို့လူသားတွေ ဘာကြောင့်ဘာသာမတူရုံ လူမျိုးမတူ ရုံနဲ့ ရန်ဖြစ်နေကြမှာလဲ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ဘာလို့မနေနိုင်ရမှာ လဲ။ အဲဒီလိုနေထိုင်နိုင်ဖို့အတွက် ငါ့ ဘာသာမှ ငါ့ဘာသာဆိုပြီး တခြားဘာ သာကို အထင်သေးတာတွေ ရှောင် ကြဉ်ပါ။ ငါ့ဘုရားမှ ငါ့ဘုရားဆိုပြီး သူ များဘုရားကို စော်ကားတာတွေရပ်ပါ။ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုပြီး အခြားလူ မျိုးကို လူမထင်တဲ့ အမူအရာတွေ ရှောင်ကြဉ်ပါ။ တစ်ဦးနဲ့တစ်ဦး ဘာသာတစ်ခုနဲ့တစ်ခု ဘုရားတစ်ဆူနဲ့ တစ်ဆူကြား လေးစားမှုရှိပါ။ ဒါတွေ ကိုသာ လေးစား လိုက်နာမှုရှိမယ်ဆိုရင် မြန်မာတင်မကပါဘူး။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းမယ်လို့ အပြည့်အဝယုံကြည် ပါတယ်။

မေး။ ။ ဆရာတော်နောက်ဆုံးဘာများ မိန့်ကြားဖို့ရှိပါသေးသလဲဘုရား။

ဖြေ။ ။ ပြည်တွင်းနေ မွတ်စလင်တွေကို ပြောချင်ပါတယ်။ ဇာတ်လမ်းထဲမှာ ဗီလိန်အဖြစ် သရုပ်ဆောင်တိုင်း အပြင်မှာ တကယ့်ဗီလိန်ဖြစ်နေတာ မဟုတ်ပါဘူး။ ပကတိဘဝနဲ့ဆန့်ကျင် ပြီး သရုပ်ဆောင်နေရတဲ့လူသားတွေ လည်း ရှိတတ်ပါတယ်။ ဝီရသူရဲ့ ပင် ကိုယ်စိတ်ရင်းကို လေ့လာကြည့်ပါ ဦးလို့ မှာကြားပါရစေ။

Unity Journal