သတင်း

ဝီရသူကို ချစ်ကြသူများ (၁)

WE LOVE WIRATHU မန္တလေးမှာစနေတာ ၂ ရက်ရှိပါပြီ။ 15.6.2017 ရက်နေ့မှာ စတာပါ။ မျိုးချစ်ရဟန်းတော်များသမ္ဂ(မန္တလေး)ဦးဆောင်တဲ့ မျိုးချစ်မောင်မယ်များ စီစဉ်တဲ့ပွဲပါ။

မန္တလေး နန်းရှေ့ ၁၉ လမ်းနှင့် မနော်ဟရီလမ်း နှစ်နေရာဖြစ်ပါတယ်။ မနေ့ကလည်း အုန်းအုန်းကြွက်ကြွက်ပါပဲ။ တပည့်တွေနဲ့ ဒကာ ဒကာမတွေကို သွားရောက်အားပေးဖို့ ထွက်လာခဲ့ပါတယ်။

၁၉ လမ်းမှာ သံဃာအင်အားကောင်းပြီး မနော်ဟရီလမ်းမှာ လူအင်အားကောင်းပါတယ်။ ဝီရသူကိုမုန်းတီးကြတဲ့လူတွေ လုပ်တဲ့ပွဲလို သရဲခြောက်မည့်အနေအထားမျိုးတော့မဟုတ်ပါဘူး။

ညီတော်နောင်တော်များနှင့် ဓာတ်ပုံရိုက် မျိုးချစ်မောင်နှမများနှင့် ဓာတ်ပုံအတူရိုက်ကာ ကျေးဇူးစကား ဆိုခဲ့ပါတယ်။ သူတို့ကိုင်ဆွဲထားတဲ့ဆောင်ပုဒ်လေးတွေက ကောင်းပါတယ်။

ငါတို့အားလုံး ဝီရသူတဲ့။ မြန်မာပြည်မှာ ဝီရသူတွေ အများကြီးနော်။ ဘာကြောင့် တစ်သူတည်းသူနေကြတာလဲ သိလား?
အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြလို့ပေါ့။


ဝီရသူ(မစိုးရိမ်)
17.6.2017
Pm 11:13