ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း




“ဝီရသူဖောင်ဒေးရှင်းသို့ မော်တော်ယာဉ်အလှူ”

ဝီရသူဖောင်ဒေးရှင်းကို ဦးစီးတည်ထောင်သူ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက ဝီရသူဖောင်ဒေးရှင်းအတွက် ခွေးဘီလူးကားလေးတစ်စီး လှူဒါန်းပါတယ်။ ဒီကားလေးကို လောကအလင်း၊ ပုထိုးတော်ကြီး၊ နဂါးနီစုဘူး၊ မန်းမဟော်သဓာ၊ စာအုပ်စာစောင်ဖြန့်ချီရေးတို့မှာ လိုအပ်သလို အသုံးပြုဖို့ဖြစ်ပါတယ်။

ပွဲဦးထွက်အဖြစ် ရွာပြန်ကြတဲ့စာသင်သားသံဃာများကို ကားဂိတ်၊ ဘူးတာကြီးအထိ လိုက်ပို့ပေးရန် ယူကုသိုလ်ယူခဲ့ပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ကထိန်ခင်းတဲ့အခါ ထည့်ခင်းမည့်ကားလေးပါ။
ဦးမိုးကို+ဒေါ်ခိုင်မာဝင်းမိသားစု သဒ္ဓါတရားပေါ်ပေါက်တဲ့အခါတိုင်း အခုလိုပဲ အမြဲလှူဒါန်းနိုင်ပါစေ။