ဝီရသူဖောင်ဒေးရှင်းသတင်း






“ဝီရသူဖောင်ဒေးရှင်းနှင့် ရောဟိနီသံဃာ့ဝေယျာဝစ္စအဖွဲ့ မီးဘေးအလှူတော်”

15.2.2020ရက်နေ့၊ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူး(တိုက်နယ်)မြို့၊ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဝီရသူဖောင်ဒေးရှင်းမှ တစ်အိမ်လျှင် ၅၀၀၀ဝိ(ငါးသောင်းကျပ်)နှုန်းဖြင့် (၁၂)အိမ်အတွက် ၆၀၀၀၀ဝိ(ခြောက်သိန်းကျပ်)၊
အမရပူရမြို့ကွမ်းဆွဲရပ်၊ ရောဟိနီ သံဃဝေယျာဝစ္စအဖွဲ့ ဦးမိုးကို+မခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း MKကျောက်မျက် မိသားစုမှ တစ်အိမ်လျှင် ၃၀၀၀ဝိ(သုံးသောင်းကျပ်)နှုန်းဖြင့် (၁၂)အိမ်အတွက် ၃၆၀၀၀ဝိ(သုံးသိန်း ခြောက်သောင်းကျပ်)၊
စုစုပေါင်း ၉၆၀၀၀ဝိ(ကိုးသိန်း ခြောက်သောင်းကျပ်)ကို ဘဏ်မှတစ်ဆင့် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အလှူငွေများကို နယ်ခံဆရာတော် အရှင်တေဇနိယမှ တာဝန်ယူပြီး သက်ဆိုင်ရာပြည်သူများထံ ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

11.2.2020 ရက်နေ့က ကျုံကူး(တိုက်နယ်)မြို့၌ မီးဘေးသင့်ခဲ့ရာ အိမ်ခြေ (၁၂)လုံး ပါသွားခဲ့ခြင်း ဖြစ်ပါတယ်။