သတင္းအင္တာဗ်ဴး

ဝီရသူေျပာတဲ့ထဲမွာ မမွန္တာဘယ္ႏွလုံးပါလဲ၊ မဟုတ္တာ ဘယ္ႏွလုံးပါလဲ (အပုိင္း-၁)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ဒီတစ္ပတ္မွာေတာ႕ ဆရာေတာ္ဦးဝီရသူနဲ့ ျပဳလုပ္တဲ႕ အင္တာဗ်ဴးမွာ သတင္းသုံးသပ္ခ်က္ ေတြထက္ ဆရာေတာ္ရဲ႔ လူသိနည္းတဲ႕ ဘဝဇာတ္ ေၾကာင္းအေျခအေနေတြကို ဦးစားေပးၿပီး ေမး ျမန္းျဖစ္ခဲ႕ပါတယ္။ ဆရာေတာ္ရဲ႔ အေျဖေတြက ေနတစ္ဆင္႕ ဆရာေတာ္ဦးဝီရသူရဲ႔ ဘဝအေျခအ ေနေတြကို နားလည္ႏုိင္ေစဖို့ အထူးရည္ရြယ္ပါ ေၾကာင္း . . .။

ေမး- ပထမဆံုးအေနနဲ႔ အေကာင့္ေတြ အပိတ္ခံရတဲ့ကိစၥေလး စေမးခ်င္ပါတယ္ ဘုရား။ ဝီရသူအမည္နဲ႔ သံုးတဲ့အေကာင့္ အပိတ္ခံရၿပီးတဲ့ေနာက္မွာ သံုးေနတဲ့ အ ေကာင့္တစ္ခုလည္း ထပ္အပိတ္ခံရတယ္ လို႔ သိရပါတယ္ဘုရား။ ေနာက္ဆံုးသံုးတဲ့ အေကာင့္က မပိတ္ခင္ေလးမွာ ‘လက္ ဖဝါးေပၚက ကံၾကမၼာ’ဆိုတဲ့ အရွင္ဘုရား အရင္က ေဟာခဲ့တဲ့တရားကို ျပန္တင္တာ ေတြ႕လိုက္ရပါေသးတယ္ဘုရား။ ဆိုေတာ့ အေကာင့္ပိတ္ခံရတာ အဲဒီတရားေတာ္ တင္လို႔မ်ားလားဘုရား။ အရွင္ဘုရား ဘယ္လိုသံုးသပ္ပါသလဲဘုရား။

ေျဖ- တရားတင္သည္ျဖစ္ေစ၊ မတင္ သည္ျဖစ္ေစ ဝီရသူအေၾကာင္းပါတဲ့ အ ေကာင့္ကိုေတာ့ ပစ္မွတ္ထားတာေသခ်ာ တယ္ေလ။ ဒါကေတာ့ ဝီရသူသံုးတယ္ ဆိုတာ ေသခ်ာေပါက္သိသြားလို႔ သုံးမရ ေအာင္ တစ္ခါတည္း ပယ္ဖ်က္ပစ္လိုက္ တာေပါ့။ တျခားအေကာင့္သံုးမွန္းသိရင္ လည္း ဖ်က္ဦးမွာပဲ။ တျခားဟာေတြ တင္ သည္ျဖစ္ေစ၊ မတင္သည္ျဖစ္ေစ ဝီရသူ လိုင္းေပၚမွာ မရွိေရး တို႔အေရးလုပ္ေနတာ ေပါ့။ အဲဒီသေဘာတရားပါ၊ ႏုိင္ငံေရးအရ ေဖ့စ္ဘုတ္ခ္ကို လိုက္ပိတ္ေနတာေပါ့။

ေမး- လူမႈကြန္ရက္ႀကီးကို အပိုင္စီးၿပီး ေဝဖန္သူေတြရဲ႕ အသံကို တိတ္ေအာင္ လုပ္တာနဲ႔ပတ္သက္ၿပီးေရာ အရွင္ဘုရား အေနနဲ႔ ဘာမ်ားေျပာစရာရွိမလဲဘုရား။

ေျဖ- သူတို႔ေတြကေတာ့ စာဖတ္သူႀကီး ထက္ဆိုးတဲ့ အာဏာရွင္စနစ္ကို ဦးတည္ ေနတာပဲေလ။ ဦးသန္းေရႊကမွ အင္တာ နက္မွာ သူ႔ပံုေတြ ဖ်က္လိုဖ်က္ဆီးလုပ္တာ ေတြအေပၚ သည္းခံေသးတယ္။ အာဏာ ရွင္တစ္ပိုင္း၊ ဒီမိုကေရစီတစ္ပိုင္းလို႔ သူတို႔ ေျပာေျပာေနတဲ့ ဖားတစ္ပိုင္းငါးတစ္ပိုင္း ဦးသိန္းစိန္ကမွ သေဘာထားႀကီးေသး တယ္၊ ခြင့္လႊတ္နားလည္ေပးေသးတယ္၊ ဒီမိုကေရစီအစိုးရကေတာ့ နာမည္နဲ႔ လူ နဲ႔လံုးဝမလိုက္ဖက္ေအာင္ကို ရက္စက္လာ တာကို ေတြ႕ရတာေပါ့ေနာ္။ အဲဒါကို ေဖ့စ္ ဘုတ္ခ္စစ္ဆင္ေရးေခၚတာေပါ့၊ ႏုိင္ငံေရး အရ စစ္ဆင္ေရးလုပ္ၿပီးေတာ့ သူတို႔ကို ေမာ္ၾကည့္တဲ့သူမရွိေအာင္၊ သူတို႔ကို ဘယ္ သူမွ ေမာ္မၾကည့္ရဲေအာင္လုပ္တဲ့ သေဘာ ပါပဲ။

ေမး- ေနာက္တစ္ခုကေတာ့ သတင္း တစ္ပုဒ္မွာ အရွင္ဘုရား ဗီဒီယိုဖိုင္ေတြ တင္တာ၊ ေရွ႕ေနေတြကိုေဝဖန္တာနဲ႔ ပတ္ သက္ၿပီး မဟနက ေခၚၿပီးဆံုးမသင့္တယ္ စသည္ျဖင့္ ေျပာဆိုေနတာနဲ႔ပတ္သက္ၿပီး အရွင္ဘုရားဘက္က ဘာမ်ားေျပာစရာရွိ မလဲဘုရား။

ေျဖ- မဟနကေခၚၿပီး ဆံုးမရေအာင္ မဟုတ္တာလုပ္တာမွ မဟုတ္တာေလ။ မဟနေခၚၿပီး ဆံုးမတယ္ဆိုတာ မဟုတ္ တာေတြ မမွန္တာေတြလုပ္ေနမွ ဓမၼနဲ႔ ဝိနယနဲ႔မညီမွ ေခၚဆံုးမရမွာပါ။ အခု ဟာက ေရွ႕ေနေတြရဲ႕ ျဖစ္႐ိုးျဖစ္စဥ္ေတြကို ေျပာတာ မဟုတ္မမွန္တာ တစ္လံုးမွ မပါ ဘူးေလ။ ေရွ႕ေနေတြရဲ႕အလုပ္က ႏွစ္မ်ိဳးရွိ တယ္၊ တစ္မ်ိဳးက ကိုယ္မလိုလားတဲ့သူ ေတြကို ေထာင္မက်က်ေအာင္ခ်တဲ့ အ လုပ္နဲ႔ ကိုယ္လိုလားလာတဲ့သူေတြကို အ ျပစ္မေပါ့ေပါ့ေအာင္၊ မလြတ္လြတ္ေအာင္ လုပ္တဲ့ အလုပ္ ဒါေလးရွိတာေလ။ အဲဒါက မဟုတ္လို႔လား။ အဲဒါ မဟုတ္လို႔ဆိုရင္ ေတာ့ ေခၚဆံုးမရမွာေပါ့။ အဲဒီလိုေလး ေျပာ႐ံုနဲ႔ မဟနက ေခၚဆံုးမရမယ္ဆိုေတာ့ မဟနေခၚ ဆံုးမရေလာက္တဲ့ ရာဇဝတ္မႈမွ မဟုတ္တာ။ အဲဒါ ကိုယ့္ဆရာသမားနဲ႔ တင္ ၿပီးရမယ့္ကိစၥေလ။ အခုဟာက ေထာင္ထဲမွာလိုျဖစ္ေနတာေပါ့ကြာ။ သ တင္းစာေလး တစ္ေစာင္မေရာက္တာနဲ႔ ကုလသမဂၢေတြကို တုိင္ၾကတာေပါ့ ႏိုင္ငံ ေရးသမားေတြက။ သတင္းစာတစ္ေစာင္ က ႐ံုးပိတ္ရက္မို႔ ေထာင္ထဲကို မသြင္းေပး တာနဲ႔ပဲ ေနာက္ႏွစ္က်ေတာ့ ကုလသမဂၢ ၾကားေအာင္ မီဒီယာေတြကေန ပံုႀကီးခ်ဲ႕ ၿပီး တုိင္ၾကတာေတြ ရွိတယ္ေလ။ အခု လည္း အဲဒီလိုျဖစ္ေနတာ။ သူတို႔ကိုေျပာ တာနဲ႔ပဲ မဟနထိကို ေခၚဆံုးမရမယ့္ ပံုစံ မ်ိဳးေတြ လုပ္ေနတာေပါ့။

အဲေတာ့ ဝီရသူေျပာတဲ့ထဲမွာ၊ မမွန္ တာဘယ္ႏွလံုးပါလဲ။ မဟုတ္တာ ဘယ္ ႏွလံုးပါလဲ။ လက္ရွိ ေရွ႕ေန႔အဖြဲ႕ဆိုတာ ေတြကေရာ စပြန္ဆာအားကိုးနဲ႔ အမ်ိဳး သားေရးသမားေတြကို ႏွိပ္ကြပ္ေနတာ၊ သံဃာေတာ္ေတြကို ႏွိပ္ကြပ္ေနတာမဟုတ္ ဘူးလားလို႔ ေမးခြန္းျပန္ထုတ္ပါရေစလို႔ ေရွ႕ေနႀကီးမ်ားအဖြဲ႕ ဆိုသူႀကီးေတြကို ဝီရ သူက ေမးပါတယ္လို႔ ေျပာလိုက္ပါကြာ။

ေမး- ေနာက္တစ္ခုကေတာ့ လက္ဖဝါး ေပၚကကံၾကမၼာတရားနဲ႔ ပတ္သက္လို႔ ေမး ခ်င္ပါတယ္ဘုရား။ အဲဒီတုန္းက ေတာက္ ေလွ်ာက္ေဟာခဲ့တာက မိခင္ရြာက သာ သနာတို႔၊ အၿမဲ႐ႈံးေနေသာ ေဘာလံုးပြဲတို႔ ဆိုတဲ့တရားေတြလည္း ေဟာခဲ့တယ္လို႔ သိရပါတယ္ဘုရား။ အဲဒီတရားေတြက သံဃာေတာ္ေတြကို ေဟာခဲ့တယ္လို႔လည္း သိရပါတယ္ဘုရား။ တပည့္ေတာ္သိခ်င္ တာက အဲဒီတရားေတြေဟာတုန္းက အ သက္အရြယ္က ဘယ္ေလာက္ရွိၿပီလဲ ဘုရား။ ေဟာတဲ့အခ်ိန္နဲ႔ ဘိဝံသဘြဲ႕ရတဲ့ အခ်ိန္ ဘယ္ေလာက္ကြာလဲဘုရား။

ေျဖ- ဘိဝံသဘြဲ႕က ၃၁ ႏွစ္မွာရတာ ေပါ့။ ေဟာတာက ၃၂ မွာ ေဟာတာေပါ့။ တကယ္တမ္းေတာ့ အဲဒီလိုေဟာေနတာ က ၂၇ ႏွစ္သားထဲက ေဟာေနတာ။ အဲ ဒီလိုေဟာတုန္းကေတာ့ သခ်ဳႋင္းကုန္းမွာ ေဟာတာတို႔ ကြင္းျပင္ထဲမွာ ေဟာတာ တို႔နဲ႔ ႕ြ ပံုစံမ်ိဳး ေဟာရတာေပါ့ေနာ္။ တရားဝင္တရားပြဲေတြမွာ ေဟာတာက ေတာ့ ၃၂ သားအရြယ္မွာ ေဟာတာ။ အဲေတာ့ ေက်ာင္းထိုင္နာယက ျဖစ္ေနၿပီ ေပါ့။

ေမး- အခု ေရႊတိဂံုေစတီေတာ္ႀကီးမွာ လုပ္တဲ့ ေစတိယဂၤဏႏွစ္တစ္ရာျပည့္ အ ခမ္းအနားကို ဖိတ္ထားတယ္လို႔လည္း သိ ရပါတယ္ဘုရား။ ေစတိယဂၤဏ စာေမးပြဲ အေတြ႕ အႀကံဳေလးသိခ်င္ပါတယ္ဘုရား၊ ဘာေၾကာင့္လဲဆိုေတာ့ ရန္ကုန္ေစတိ ယဂၤဏအဖြဲ႕နဲ႔က နည္းနည္းေလး ျပႆ နာေလးေတြရွိခဲ့တယ္လို႔ ၾကားဖူးထားလို႔ ပါဘုရား။ အဲဒီအေၾကာင္းအရာေလး မိန္႔ ေပးပါဦးဘုရား။

ေျဖ- အဲဒါက ဒီလို။ ဦးဇင္းတို႔ေျဖတဲ့ႏွစ္ ေတြမွာ ေစတိယဂၤဏအသင္းကိုကိုင္တဲ့ အသင္းလူႀကီးေတြေပါ့၊ သူတို႔တစ္ေတြ က မတည္ၿငိမ္ၾကဘူး။ ဘုရားေဂါပကက ကိုင္လိုက္၊ ေစတိယဂၤဏအသင္း တည္ ေထာင္တဲ့လူႀကီးေတြက ကိုင္လိုက္နဲ႔ ဟို ဘက္နဲ႔ ဒီဘက္နဲ႔ လုေနတာေပါ့။ ဆိုၾက ပါစို႔၊ ေဂါပကက အင္အားနဲ႔ အႏုိင္ရသြား တာေပါ့။ အႏုိင္ရသြားတဲ့ ေဂါပက က်င္းပ တဲ့အခါက်ေတာ့ ပညာကမတတ္၊ အေတြ႕ အႀကံဳက မရွိတဲ့အခါက်ေတာ့ သူ႔အသင္း နာမည္ႀကီးရင္ ၿပီးေရာဆိုၿပီးေတာ့ လုပ္ ခ်င္သလိုေတြလုပ္တာ ေတြ႕ရတာေပါ့။ အသင္းနာမည္ႀကီးေအာင္ သက်သီဟ အသင္းႀကီး ေအာင္ႏႈန္းအတုိင္း လိုက္ လုပ္ရမယ္ဆိုတဲ့ ပံုစံမ်ိဳးႀကီးနဲ႔ သက်သီဟ က စာသင္တန္းေလးပါးေအာင္ရင္ သူက လည္း ေလးပါးပဲအေအာင္ေပးတယ္။ သက်သီဟက စာခ်တန္း ၂ ပါး ေအာင္ ရင္သူကလည္း ၂ ပါးပဲ အေအာင္ေပး တယ္။ ႏွစ္ေတြၾကာလာေတာ့ ဒါေတြရိပ္ မိသြားၾကတယ္။

ေအာင္စာရင္းကို ေအာင္မွတ္နဲ႔ မထြက္ဘဲ သက်သီဟေအာင္ႏႈန္းနဲ႔ လိုက္ ထြက္ေပးေနတာပါ။ ေျဖႏုိင္ၿပီး ေအာင္ မွတ္ရပါလ်က္နဲ႔ မေအာင္တဲ့ သံဃာေတြ က်ေတာ့ အမ်ားႀကီးနစ္နာတာေပါ့။ အဲဒါ ကို ရိပ္မိတဲ့အခါက်ေတာ့ မတရားလုပ္ တာေတာ့ မခံႏုိင္ဘူး၊ ဘြဲ႕လိုခ်င္လို႔ ေျဖ တာမွန္ေပမယ္လို႔ ဒီလိုေခါင္းပံုျဖတ္၊ အ ျမတ္ႀကီးစား၊ ကတံုးေပၚ ထိပ္ကြက္တဲ့ လုပ္ရပ္ကိုေတာ့ မခံႏုိင္ဘူးဆိုၿပီးေတာ့ ဦးဇင္းက စာကပ္လိုက္တာေပါ့။ ေခါင္းပံု ျဖတ္၊ အျမတ္ႀကီးစား ကတံုးေပၚ ထိပ္ ကြက္ဆုိတာက ဒီလိုေလ၊ သူတို႔က အလွဴ ခံလို႔ရတဲ့ေငြေတြနဲ႔ ဘဏ္ထဲမွာရွိတဲ့ေငြက အမ်ားႀကီးပဲ။ တကယ္ေအာင္လို႔ ဆုေပး တဲ့အခါက်ေတာ့ တကယ့္ကို ငေမ်ာက္ ငေခ်ာက္။ အဲေတာ့ ဒီအဖြဲ႕ထဲကို ဝင္လာ ၿပီဆိုရင္ ဝင္ခါစကေတာ့ မည္းမည္းေျခာက္ ေျခာက္ပဲ၊ ဒါေပမယ့္ ဦးဇင္းတို႔ စာေျဖတဲ့ အခါ အၿမဲေတြ႕ေနရတာကေတာ့ ေရႊတြဲ လဲေငြတြဲလဲနဲ႔ ေန႔ခ်င္းညခ်င္း ႀကီးပြား ကုန္ၾကတာေတြ။

အဲဒါေတြကို ျမင္တဲ့အခါက်ေတာ့ ေမ်ာက္ျပဆန္ေတာင္းေနၾကၿပီ။ ျပစားခံ ရတဲ့ဘဝမ်ိဳးႀကီး အျဖစ္မခံႏိုင္ေတာ့တာနဲ႔ ဦးဇင္းက စာကပ္ပစ္လိုက္တာပါ။ အဲဒါနဲ႔ သူတို႔က အေရးေပၚအစည္းအေဝးေတြ လည္း ထုိင္ရတယ္၊ စစ္အစိုးရ ေခၚယူစစ္ ေဆးတာေတြလည္း ခံရတယ္။ သူတို႔တစ္ ေတြ ေစာင့္ထိန္းသြားၾကတယ္။ ေနာင္ ၾကဥ္သြားတ့ဲအခါက်ေတာ့ တကယ္ေအာင္ တဲ့ကိုယ္ေတာ္ေတြ တကယ္အေအာင္ ေပးလုိက္ေတာ့ ေနာက္သံဃာေလးေတြ ေတာ့ အက်ိဳးခံစားရတာေပါ့။ ဦးဇင္း ကေတာ့ သိတဲ့အတုိင္းပဲ ရြာျပင္ထုတ္ခံ လိုက္ရတာေပါ့။

အခု ရာျပည့္ပြဲလုပ္တဲ့အခါက်ေတာ့ ဦးဇင္းက ပထမေတာ့ စိတ္မဝင္စားဘူး။ ကိုယ္မပါဘူး ထင္မွတ္လို႔ေပါ့ေနာ့။ က်မ္း ၿပီး ဘြဲ႕ရဆရာေတာ္ေတြပဲ ပင့္တယ္လို႔ ေအာက္ ေမ့တာေပါ့။ ေနာက္ စာသင္တန္း ေအာင္တဲ့ ဆရာေတာ္ေတြလည္း ပင့္ တယ္ၾကားရလို႔ မယံုတာနဲ႔ ဖုန္းဆက္ၿပီး ေမးၾကည့္တာေလ။ ေမးေတာ့ စာသင္ တန္းေအာင္တဲ့ ဆရာေတာ္ေတြလည္း ပင့္ပါတယ္ဆိုတာနဲ႔ လက္ခံလိုက္တာပါ။

ေနာက္ သူတို႔က ေအာင္လက္မွတ္ နဲ႔ ကိုယ္ေရးရာဇဝင္ ေတာင္းတဲ့အခါက် ေတာ့ ဦးဇင္းက အက်ိဳးအေၾကာင္းေတြ ေစာေစာကေျပာတာေတြကို ထည့္ၿပီးေရး ေပးလိုက္တာေလ။ အဲဒီေနာက္ပိုင္း မေျဖ ျဖစ္ေတာ့တဲ့အတြက္ ဓမၼာစရိယဘြဲ႕၊ ဂဏဝါစက စာခ်ဘြဲ႕ကိုေတာ့ မရရွိေတာ့ တဲ့အေၾကာင္း ဦးဇင္းထည့္ေပးလိုက္တာ ေပါ့။ သူတို႔ကလည္း လိုလိုလားလားပါပဲ၊ မေန႔ ကထိကို ဖုန္းဆက္ၿပီးေတာ့ၾ<ြကျဖစ္၊ မၾ<ြကျဖစ္ လွမ္းၿပီးေတာ့ေတာင္ ေလွ်ာက္ ပါေသးတယ္။

လိုရင္းေျပာရရင္ ေငြေၾကးေတာင့္ တင္းပါလ်က္ ထိုက္ထိုက္တန္တန္မလွဴ ဘူး၊ ေမ်ာက္ျပဆန္ေတာင္းလုပ္ေနတယ္၊ ေအာင္မွတ္ရသူတုိင္းကို အေအာင္မေပး ဘဲ သက်သီဟဘြဲ႕ကို လိုက္တုေနတာ မတရားဘူး။ ဒါ့ေၾကာင့္ ေတာ္လွန္လိုက္ တာ။ အခုေတာ့ အဲဒီလိုမဟုတ္ေတာ့ဘူး။ ညီေတာ္ေလးေတြ ေအာင္တဲ့အခါတိုင္း ထိုက္တန္တဲ့ဆုေတြ ရရွိသြားၾကၿပီ။

(ဆက္လက္ေဖာ္ျပပါမည္)

 

“ဝီရသူပြောတဲ့ထဲမှာ မမှန်တာဘယ်နှလုံးပါလဲ၊ မဟုတ်တာ ဘယ်နှလုံးပါလဲ (အပိုင်း-၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သတင်းသုံးသပ်ချက် တွေထက် ဆရာတော်ရဲ့ လူသိနည်းတဲ့ ဘဝဇာတ် ကြောင်းအခြေအနေတွေကို ဦးစားပေးပြီး မေး မြန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ အဖြေတွေက နေတစ်ဆင့် ဆရာတော်ဦးဝီရသူရဲ့ ဘဝအခြေအ နေတွေကို နားလည်နိုင်စေဖို့ အထူးရည်ရွယ်ပါ ကြောင်း . . .။

မေး- ပထမဆုံးအနေနဲ့ အကောင့်တွေ အပိတ်ခံရတဲ့ကိစ္စလေး စမေးချင်ပါတယ် ဘုရား။ ဝီရသူအမည်နဲ့ သုံးတဲ့အကောင့် အပိတ်ခံရပြီးတဲ့နောက်မှာ သုံးနေတဲ့ အ ကောင့်တစ်ခုလည်း ထပ်အပိတ်ခံရတယ် လို့ သိရပါတယ်ဘုရား။ နောက်ဆုံးသုံးတဲ့ အကောင့်က မပိတ်ခင်လေးမှာ ‘လက် ဖဝါးပေါ်က ကံကြမ္မာ’ဆိုတဲ့ အရှင်ဘုရား အရင်က ဟောခဲ့တဲ့တရားကို ပြန်တင်တာ တွေ့လိုက်ရပါသေးတယ်ဘုရား။ ဆိုတော့ အကောင့်ပိတ်ခံရတာ အဲဒီတရားတော် တင်လို့များလားဘုရား။ အရှင်ဘုရား ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ- တရားတင်သည်ဖြစ်စေ၊ မတင် သည်ဖြစ်စေ ဝီရသူအကြောင်းပါတဲ့ အ ကောင့်ကိုတော့ ပစ်မှတ်ထားတာသေချာ တယ်လေ။ ဒါကတော့ ဝီရသူသုံးတယ် ဆိုတာ သေချာပေါက်သိသွားလို့ သုံးမရ အောင် တစ်ခါတည်း ပယ်ဖျက်ပစ်လိုက် တာပေါ့။ တခြားအကောင့်သုံးမှန်းသိရင် လည်း ဖျက်ဦးမှာပဲ။ တခြားဟာတွေ တင် သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ဝီရသူ လိုင်းပေါ်မှာ မရှိရေး တို့အရေးလုပ်နေတာ ပေါ့။ အဲဒီသဘောတရားပါ၊ နိုင်ငံရေးအရ ဖေ့စ်ဘုတ်ခ်ကို လိုက်ပိတ်နေတာပေါ့။

မေး- လူမှုကွန်ရက်ကြီးကို အပိုင်စီးပြီး ဝေဖန်သူတွေရဲ့ အသံကို တိတ်အောင် လုပ်တာနဲ့ပတ်သက်ပြီးရော အရှင်ဘုရား အနေနဲ့ ဘာများပြောစရာရှိမလဲဘုရား။

ဖြေ- သူတို့တွေကတော့ စာဖတ်သူကြီး ထက်ဆိုးတဲ့ အာဏာရှင်စနစ်ကို ဦးတည် နေတာပဲလေ။ ဦးသန်းရွှေကမှ အင်တာ နက်မှာ သူ့ပုံတွေ ဖျက်လိုဖျက်ဆီးလုပ်တာ တွေအပေါ် သည်းခံသေးတယ်။ အာဏာ ရှင်တစ်ပိုင်း၊ ဒီမိုကရေစီတစ်ပိုင်းလို့ သူတို့ ပြောပြောနေတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဦးသိန်းစိန်ကမှ သဘောထားကြီးသေး တယ်၊ ခွင့်လွှတ်နားလည်ပေးသေးတယ်၊ ဒီမိုကရေစီအစိုးရကတော့ နာမည်နဲ့ လူ နဲ့လုံးဝမလိုက်ဖက်အောင်ကို ရက်စက်လာ တာကို တွေ့ရတာပေါ့နော်။ အဲဒါကို ဖေ့စ် ဘုတ်ခ်စစ်ဆင်ရေးခေါ်တာပေါ့၊ နိုင်ငံရေး အရ စစ်ဆင်ရေးလုပ်ပြီးတော့ သူတို့ကို မော်ကြည့်တဲ့သူမရှိအောင်၊ သူတို့ကို ဘယ် သူမှ မော်မကြည့်ရဲအောင်လုပ်တဲ့ သဘော ပါပဲ။

မေး- နောက်တစ်ခုကတော့ သတင်း တစ်ပုဒ်မှာ အရှင်ဘုရား ဗီဒီယိုဖိုင်တွေ တင်တာ၊ ရှေ့နေတွေကိုဝေဖန်တာနဲ့ ပတ် သက်ပြီး မဟနက ခေါ်ပြီးဆုံးမသင့်တယ် စသည်ဖြင့် ပြောဆိုနေတာနဲ့ပတ်သက်ပြီး အရှင်ဘုရားဘက်က ဘာများပြောစရာရှိ မလဲဘုရား။

ဖြေ- မဟနကခေါ်ပြီး ဆုံးမရအောင် မဟုတ်တာလုပ်တာမှ မဟုတ်တာလေ။ မဟနခေါ်ပြီး ဆုံးမတယ်ဆိုတာ မဟုတ် တာတွေ မမှန်တာတွေလုပ်နေမှ ဓမ္မနဲ့ ဝိနယနဲ့မညီမှ ခေါ်ဆုံးမရမှာပါ။ အခု ဟာက ရှေ့နေတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို ပြောတာ မဟုတ်မမှန်တာ တစ်လုံးမှ မပါ ဘူးလေ။ ရှေ့နေတွေရဲ့အလုပ်က နှစ်မျိုးရှိ တယ်၊ တစ်မျိုးက ကိုယ်မလိုလားတဲ့သူ တွေကို ထောင်မကျကျအောင်ချတဲ့ အ လုပ်နဲ့ ကိုယ်လိုလားလာတဲ့သူတွေကို အ ပြစ်မပေါ့ပေါ့အောင်၊ မလွတ်လွတ်အောင် လုပ်တဲ့ အလုပ် ဒါလေးရှိတာလေ။ အဲဒါက မဟုတ်လို့လား။ အဲဒါ မဟုတ်လို့ဆိုရင် တော့ ခေါ်ဆုံးမရမှာပေါ့။ အဲဒီလိုလေး ပြောရုံနဲ့ မဟနက ခေါ်ဆုံးမရမယ်ဆိုတော့ မဟနခေါ် ဆုံးမရလောက်တဲ့ ရာဇဝတ်မှုမှ မဟုတ်တာ။ အဲဒါ ကိုယ့်ဆရာသမားနဲ့ တင် ပြီးရမယ့်ကိစ္စလေ။ အခုဟာက ထောင်ထဲမှာလိုဖြစ်နေတာပေါ့ကွာ။ သ တင်းစာလေး တစ်စောင်မရောက်တာနဲ့ ကုလသမဂ္ဂတွေကို တိုင်ကြတာပေါ့ နိုင်ငံ ရေးသမားတွေက။ သတင်းစာတစ်စောင် က ရုံးပိတ်ရက်မို့ ထောင်ထဲကို မသွင်းပေး တာနဲ့ပဲ နောက်နှစ်ကျတော့ ကုလသမဂ္ဂ ကြားအောင် မီဒီယာတွေကနေ ပုံကြီးချဲ့ ပြီး တိုင်ကြတာတွေ ရှိတယ်လေ။ အခု လည်း အဲဒီလိုဖြစ်နေတာ။ သူတို့ကိုပြော တာနဲ့ပဲ မဟနထိကို ခေါ်ဆုံးမရမယ့် ပုံစံ မျိုးတွေ လုပ်နေတာပေါ့။

အဲတော့ ဝီရသူပြောတဲ့ထဲမှာ၊ မမှန် တာဘယ်နှလုံးပါလဲ။ မဟုတ်တာ ဘယ် နှလုံးပါလဲ။ လက်ရှိ ရှေ့နေ့အဖွဲ့ဆိုတာ တွေကရော စပွန်ဆာအားကိုးနဲ့ အမျိုး သားရေးသမားတွေကို နှိပ်ကွပ်နေတာ၊ သံဃာတော်တွေကို နှိပ်ကွပ်နေတာမဟုတ် ဘူးလားလို့ မေးခွန်းပြန်ထုတ်ပါရစေလို့ ရှေ့နေကြီးများအဖွဲ့ ဆိုသူကြီးတွေကို ဝီရ သူက မေးပါတယ်လို့ ပြောလိုက်ပါကွာ။

မေး- နောက်တစ်ခုကတော့ လက်ဖဝါး ပေါ်ကကံကြမ္မာတရားနဲ့ ပတ်သက်လို့ မေး ချင်ပါတယ်ဘုရား။ အဲဒီတုန်းက တောက် လျှောက်ဟောခဲ့တာက မိခင်ရွာက သာ သနာတို့၊ အမြဲရှုံးနေသော ဘောလုံးပွဲတို့ ဆိုတဲ့တရားတွေလည်း ဟောခဲ့တယ်လို့ သိရပါတယ်ဘုရား။ အဲဒီတရားတွေက သံဃာတော်တွေကို ဟောခဲ့တယ်လို့လည်း သိရပါတယ်ဘုရား။ တပည့်တော်သိချင် တာက အဲဒီတရားတွေဟောတုန်းက အ သက်အရွယ်က ဘယ်လောက်ရှိပြီလဲ ဘုရား။ ဟောတဲ့အချိန်နဲ့ ဘိဝံသဘွဲ့ရတဲ့ အချိန် ဘယ်လောက်ကွာလဲဘုရား။

ဖြေ- ဘိဝံသဘွဲ့က ၃၁ နှစ်မှာရတာ ပေါ့။ ဟောတာက ၃၂ မှာ ဟောတာပေါ့။ တကယ်တမ်းတော့ အဲဒီလိုဟောနေတာ က ၂၇ နှစ်သားထဲက ဟောနေတာ။ အဲ ဒီလိုဟောတုန်းကတော့ သချုႋင်းကုန်းမှာ ဟောတာတို့ ကွင်းပြင်ထဲမှာ ဟောတာ တို့နဲ့ွ ပုံစံမျိုး ဟောရတာပေါ့နော်။ တရားဝင်တရားပွဲတွေမှာ ဟောတာက တော့ ၃၂ သားအရွယ်မှာ ဟောတာ။ အဲတော့ ကျောင်းထိုင်နာယက ဖြစ်နေပြီ ပေါ့။

မေး- အခု ရွှေတိဂုံစေတီတော်ကြီးမှာ လုပ်တဲ့ စေတိယင်္ဂဏနှစ်တစ်ရာပြည့် အ ခမ်းအနားကို ဖိတ်ထားတယ်လို့လည်း သိ ရပါတယ်ဘုရား။ စေတိယင်္ဂဏ စာမေးပွဲ အတွေ့ အကြုံလေးသိချင်ပါတယ်ဘုရား၊ ဘာကြောင့်လဲဆိုတော့ ရန်ကုန်စေတိ ယင်္ဂဏအဖွဲ့နဲ့က နည်းနည်းလေး ပြဿ နာလေးတွေရှိခဲ့တယ်လို့ ကြားဖူးထားလို့ ပါဘုရား။ အဲဒီအကြောင်းအရာလေး မိန့် ပေးပါဦးဘုရား။

ဖြေ- အဲဒါက ဒီလို။ ဦးဇင်းတို့ဖြေတဲ့နှစ် တွေမှာ စေတိယင်္ဂဏအသင်းကိုကိုင်တဲ့ အသင်းလူကြီးတွေပေါ့၊ သူတို့တစ်တွေ က မတည်ငြိမ်ကြဘူး။ ဘုရားဂေါပကက ကိုင်လိုက်၊ စေတိယင်္ဂဏအသင်း တည် ထောင်တဲ့လူကြီးတွေက ကိုင်လိုက်နဲ့ ဟို ဘက်နဲ့ ဒီဘက်နဲ့ လုနေတာပေါ့။ ဆိုကြ ပါစို့၊ ဂေါပကက အင်အားနဲ့ အနိုင်ရသွား တာပေါ့။ အနိုင်ရသွားတဲ့ ဂေါပက ကျင်းပ တဲ့အခါကျတော့ ပညာကမတတ်၊ အတွေ့ အကြုံက မရှိတဲ့အခါကျတော့ သူ့အသင်း နာမည်ကြီးရင် ပြီးရောဆိုပြီးတော့ လုပ် ချင်သလိုတွေလုပ်တာ တွေ့ရတာပေါ့။ အသင်းနာမည်ကြီးအောင် သကျသီဟ အသင်းကြီး အောင်နှုန်းအတိုင်း လိုက် လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးကြီးနဲ့ သကျသီဟ က စာသင်တန်းလေးပါးအောင်ရင် သူက လည်း လေးပါးပဲအအောင်ပေးတယ်။ သကျသီဟက စာချတန်း ၂ ပါး အောင် ရင်သူကလည်း ၂ ပါးပဲ အအောင်ပေး တယ်။ နှစ်တွေကြာလာတော့ ဒါတွေရိပ် မိသွားကြတယ်။

အောင်စာရင်းကို အောင်မှတ်နဲ့ မထွက်ဘဲ သကျသီဟအောင်နှုန်းနဲ့ လိုက် ထွက်ပေးနေတာပါ။ ဖြေနိုင်ပြီး အောင် မှတ်ရပါလျက်နဲ့ မအောင်တဲ့ သံဃာတွေ ကျတော့ အများကြီးနစ်နာတာပေါ့။ အဲဒါ ကို ရိပ်မိတဲ့အခါကျတော့ မတရားလုပ် တာတော့ မခံနိုင်ဘူး၊ ဘွဲ့လိုချင်လို့ ဖြေ တာမှန်ပေမယ်လို့ ဒီလိုခေါင်းပုံဖြတ်၊ အ မြတ်ကြီးစား၊ ကတုံးပေါ် ထိပ်ကွက်တဲ့ လုပ်ရပ်ကိုတော့ မခံနိုင်ဘူးဆိုပြီးတော့ ဦးဇင်းက စာကပ်လိုက်တာပေါ့။ ခေါင်းပုံ ဖြတ်၊ အမြတ်ကြီးစား ကတုံးပေါ် ထိပ် ကွက်ဆိုတာက ဒီလိုလေ၊ သူတို့က အလှူ ခံလို့ရတဲ့ငွေတွေနဲ့ ဘဏ်ထဲမှာရှိတဲ့ငွေက အများကြီးပဲ။ တကယ်အောင်လို့ ဆုပေး တဲ့အခါကျတော့ တကယ့်ကို ငမျောက် ငချောက်။ အဲတော့ ဒီအဖွဲ့ထဲကို ဝင်လာ ပြီဆိုရင် ဝင်ခါစကတော့ မည်းမည်းခြောက် ခြောက်ပဲ၊ ဒါပေမယ့် ဦးဇင်းတို့ စာဖြေတဲ့ အခါ အမြဲတွေ့နေရတာကတော့ ရွှေတွဲ လဲငွေတွဲလဲနဲ့ နေ့ချင်းညချင်း ကြီးပွား ကုန်ကြတာတွေ။

အဲဒါတွေကို မြင်တဲ့အခါကျတော့ မျောက်ပြဆန်တောင်းနေကြပြီ။ ပြစားခံ ရတဲ့ဘဝမျိုးကြီး အဖြစ်မခံနိုင်တော့တာနဲ့ ဦးဇင်းက စာကပ်ပစ်လိုက်တာပါ။ အဲဒါနဲ့ သူတို့က အရေးပေါ်အစည်းအဝေးတွေ လည်း ထိုင်ရတယ်၊ စစ်အစိုးရ ခေါ်ယူစစ် ဆေးတာတွေလည်း ခံရတယ်။ သူတို့တစ် တွေ စောင့်ထိန်းသွားကြတယ်။ နောင် ကြဉ်သွားတဲ့အခါကျတော့ တကယ်အောင် တဲ့ကိုယ်တော်တွေ တကယ်အအောင် ပေးလိုက်တော့ နောက်သံဃာလေးတွေ တော့ အကျိုးခံစားရတာပေါ့။ ဦးဇင်း ကတော့ သိတဲ့အတိုင်းပဲ ရွာပြင်ထုတ်ခံ လိုက်ရတာပေါ့။

အခု ရာပြည့်ပွဲလုပ်တဲ့အခါကျတော့ ဦးဇင်းက ပထမတော့ စိတ်မဝင်စားဘူး။ ကိုယ်မပါဘူး ထင်မှတ်လို့ပေါ့နော့။ ကျမ်း ပြီး ဘွဲ့ရဆရာတော်တွေပဲ ပင့်တယ်လို့ အောက် မေ့တာပေါ့။ နောက် စာသင်တန်း အောင်တဲ့ ဆရာတော်တွေလည်း ပင့် တယ်ကြားရလို့ မယုံတာနဲ့ ဖုန်းဆက်ပြီး မေးကြည့်တာလေ။ မေးတော့ စာသင် တန်းအောင်တဲ့ ဆရာတော်တွေလည်း ပင့်ပါတယ်ဆိုတာနဲ့ လက်ခံလိုက်တာပါ။

နောက် သူတို့က အောင်လက်မှတ် နဲ့ ကိုယ်ရေးရာဇဝင် တောင်းတဲ့အခါကျ တော့ ဦးဇင်းက အကျိုးအကြောင်းတွေ စောစောကပြောတာတွေကို ထည့်ပြီးရေး ပေးလိုက်တာလေ။ အဲဒီနောက်ပိုင်း မဖြေ ဖြစ်တော့တဲ့အတွက် ဓမ္မာစရိယဘွဲ့၊ ဂဏဝါစက စာချဘွဲ့ကိုတော့ မရရှိတော့ တဲ့အကြောင်း ဦးဇင်းထည့်ပေးလိုက်တာ ပေါ့။ သူတို့ကလည်း လိုလိုလားလားပါပဲ၊ မနေ့ ကထိကို ဖုန်းဆက်ပြီးတော့ြ<ွကဖြစ်၊ မြ<ွကဖြစ် လှမ်းပြီးတော့တောင် လျှောက် ပါသေးတယ်။

လိုရင်းပြောရရင် ငွေကြေးတောင့် တင်းပါလျက် ထိုက်ထိုက်တန်တန်မလှူ ဘူး၊ မျောက်ပြဆန်တောင်းလုပ်နေတယ်၊ အောင်မှတ်ရသူတိုင်းကို အအောင်မပေး ဘဲ သကျသီဟဘွဲ့ကို လိုက်တုနေတာ မတရားဘူး။ ဒါ့ကြောင့် တော်လှန်လိုက် တာ။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ ညီတော်လေးတွေ အောင်တဲ့အခါတိုင်း ထိုက်တန်တဲ့ဆုတွေ ရရှိသွားကြပြီ။

(ဆက်လက်ဖော်ပြပါမည်)