သတင်း





ဝီရသူ (မစိုးရိမ်)

3.5.2018

 

“သင့်ယုံကြည်ချက် အပြစ်ကင်းပါစေ”

စစ်တိုက်တယ်ဆိုတာ လူသတ်ပွဲကြီးဆင်နွှဲတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်ကြတာမဟုတ်ဘူး။ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကြောင့် သတ်ဖြတ်ရတာ။

ယုံကြည်ချက်တွေ အပြစ်ကင်းဖို့လိုအပ်သလို ခံယူချက်တွေ မှန်ကန်ဖို့လည်း လိုအပ်တယ်။ ကိုယ့်ဘက်ကအသာစီးရနေချိန်မှာ လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသူတွေနှင့် ကိုယ့်ဘက်ကအရေးနိမ့်တော့ အနိုင်ကျင့်ပါတယ်၊ မတရားပါဘူး၊ ဘယ်သူကူပါ ဘယ်သူကယ်ပါ ငိုယိုအော်ဟစ်နေကြတဲ့သူတွေရဲ့ ယုံကြည်ချက်က ဘယ်လောက်များအပြစ်ကင်းနိုင်မလဲ၊ ခံယူချက်ကကော ဘယ်လောက်ထိ မှန်ကန်နိုင်မလဲ။

တကယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး သွေးစသွေးနနှင့် မျက်ရည်တွေ ပြည့်နှက်နေတာပဲမဟုတ်လား။

ဝီရသူ (မစိုးရိမ်)
3.5.2018