သတင်း

သဟာယကျောင်း ဆွမ်းကပ်အလှူ

ဝါခေါင်လဆန်း ၇ ရက် 29.7.2017 မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နေ့ဆွမ်းကပ်ပွဲပါ။ ဆွမ်းဒကာ ဆွမ်းဒကာမတွေကတော့ ကသာမြို့ A-1 အထည်ရောင်းဝယ်ရေး ဦးသန့်ဇင်+ဒေါ်ခင်ညိုညိုနှင့် ညီမ ဒေါ်ခင်မာထွေး ယောဂီတစ်စု ဖြစ်ပါတယ်။

သံဃာတော်များအား ဆွမ်းဘောစဉ် ခဲဖွယ်များ ဆက်ကပ်ခြင်းအပြင် စာရေးသူအား သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း နဝကမ္မ ဝတ္ထုငွေများလှူဒါန်းခြင်း အခြားလှူဖွယ်ဝတ္ထုများလှူဒါန်းခြင်း ကုသိုလ်တွေလဲ ပါဝင်ပါတယ်။ သံဃာတော်များပရိတ်ရွတ်အပြီးမှာ အနုမောဒနာတရား ဟောကြားပါတယ်။

ဗုဒ္ဓသရဏဂုံ ဓမ္မသရဏဂုံ သံဃသရဏဂုံ ဂါထာသုံးခုပါ။ ဦးသန့်ဇင်+ဒေါ်ခင်ညိုညို ကသာမြို့ A-1 အထည်ရောင်းဝယ်ရေး မိသားစုက နဝကမ္မ သုံးသိန်းကျပ်နှင့် မန်း မဟော်သဓာအတွက် နှစ်သိန်းကျပ် ဦးမင်းကျော်နိုင်+ဒေါ်ခင်မာထွေး မိုးညှင်းမြို့ K-3 အထည်ရောင်းဝယ်ရေး မိသားစုမှ နဝကမ္မ သုံးသိန်းကျပ် နှင့် မန်းမဟော်သဓာအတွက် နှစ်သိန်းကျပ် ပြင်ဦးလွင်မြို့နေ ဦးမျိုးနိုင်+ဒေါ်အေးအေးနှင်း Ok ဆွယ်တာမိသားစုက နဝကမ္မငါးသောင်းကျပ် လှူဒါန်းပါတယ်။

အလှူရှင်မိသားစုများနှင့်အတူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။