သတင္း

သီတဂူ နဲ႔ ဝီရသူ

သီတဂူဆရာေတာ္ႀကီးကို အိပ္မက္ျမင္မက္တာ ႏွစ္ခါရွိပါၿပီ။ ပထမတစ္ခါက ဝါတြင္းမွာပါ။ ဆရာေတာ္ႀကီးက ဦးပဥၥင္းထံ ၾကြလာတယ္။ ဆြမ္းတစ္ဝိုင္းတည္းအတူဘုဥ္းေပးေတာ္မူတယ္။ ဆရာေတာ္ႀကီးရဲ႕ သာဝကေတြက ကင္းေစာင့္ေပးသူနဲ႔ ယပ္ခပ္ေပးတဲ့သူနဲ႔ စုံေနသလို ကားေပၚမွာပါလာတဲ့ လွဴဖြယ္ေတြလည္း အကုန္စြန္႔ ပုံေအာအပ္ၿပီး စြန္႔ႀကဲသြားတယ္လို႔ ျမင္မက္တာပါ။
ဒုတိယတစ္ခါက တန္ေဆာင္မုန္းလမွာပါ။ ဆရာေတာ္ႀကီးထံ ဦးပဥၥင္းက ေရာက္သြားတာပါ။ သြားလွဴတာေပါ့ေနာ္။ ဆရာေတာ္ႀကီးက ပက္လက္ထုိင္ခံုေပၚမွာ တင္ပလႅင္ခ်ိတ္ထုိင္ေနေတာ္မူရင္း ‘ေဟ့- ေကာင္ေလး၊ မင္းႀကဳံခဲ့ရတာေတြ ေျပာျပစမ္းကြာ၊ ငါ နားေထာင္ေပးခ်င္ေနတာ’တဲ့။

အဲဒီအခ်ိန္မွာေတာ့ ကင္းေစာင့္သူေတြလည္း မပါဘူး။ သာဝကေတြလည္း မေတြ႔ရဘူး ဆရာတပည့္ ႏွစ္ပါးတည္း။ ဦးပဥၥင္းက ၾကမ္းျပင္ေပၚကေန လက္အုပ္ခ်ီၿပီး ေလွ်ာက္ထားေနတာ ဆရာေတာ္ႀကီးက မိန္႔မိန္႔ႀကီး ထုိင္နားေထာင္ေနတာ။ တစ္ခါတရံမွာေတာ့ ကၽြတ္ကၽြတ္ ကၽြတ္ကၽြတ္ ဆိုၿပီး စုတ္တစ္သက္သက္နဲ႔ ကရုဏာသက္ေနတာေတြ ျမင္မက္ရတာပါ။

အခုတစ္ခါ ဆရာပြဲမွာ မွာေတာ္မူလိုက္တဲ့ စကားေတာ္က အားေဆးထက္ေတာင္ အစြမ္းထက္ေနေသးတယ္လုိ႔ ေျပာရင္း အပိုမပါပါဘူးခဗၤ်ာ။ စာအုပ္မ်က္ႏွာဖံုးကိုၾကည့္ၿပီး
‘က်န္းမာခ်မ္းသာ တရားရိပ္သာ’တဲ့ ဆိုၿပီး လက္နဲ႔ေထာက္ျပရင္း ၿပဳံးေတာ္မူေနတဲ့ပုံ ခံစားၾကည့္ပါဦး အမ်ဳိးတုိ႔ရာ။

အဆက္အသြယ္ ရရဲ႕လာ?း၊
ေနေကာင္းရဲ႕လား?၊
အဆင္ေျပရဲ႕လား?၊
ေနေကာင္းရင္းၿပီးတာပဲကြာ၊
က်န္းမာေရး ဂရုစိုက္ကြာ၊
စာအုပ္ရလုိ႔ ဝမ္းသာတယ္ကြာ၊
ကားေပၚေရာက္မွ ဖတ္ၾကည့္မယ္ကြာ… တဲ့။

သာသနာေရး ေဆာင္ရြက္ခ်က္မွာ ေနမင္းတစ္ဆူူလုိ စရဏနဲ႔ စိတ္ထားေတာ္မွာ လမင္းတစ္ဆူလို ျပည္သူကို အမွန္တကယ္ အက်ဳိးျပဳေနတာပါ။
ေနတစ္ဆူ လတစ္ဆူလုိ ထင္ရွားေတာ္မူတဲ့
သီတဂူဆရာေတာ္ဘုရားႀကီး
သက္ရွည္က်န္းမာစြာ သာသနာေတာ္အတြက္
ဆက္လက္ေဆာင္ရြက္ေတာ္မူႏိုင္ပါေစဘုရား…။

ေျမးတပည့္ေလး
ဝီရသူ(မစိုးရိမ္)
17.12.2019
PM-9:59

“သီတဂူ နဲ့ ဝီရသူ”

12 ရက်နေ့တုန်းက မော်လမြိုင်မှာ သီတဂူဆရာတော်ကြီးတရားပွဲ ရှိပါတယ်။ မြစေတီရဲကျောင်းဆရာတော်ကြီးရဲ့ စိန်ရတုမွေးနေ့အကြို တရားပွဲပါ။ တပည့်ကြီးတစ်ပါးက ဦးပဉ္စင်းရဲ့ အွန်းလိုင်းပေါ်က မေးခွန်းများစုစည်းမှု စာအုပ်ကို သီတဂူဆရာတော်ကြီးအား ကပ်လှူချင်တဲ့အကြောင်း တရားပွဲစီစဉ်သူ ရဟန်းပျိုတစ်ပါးထံ တင်ပြတော့ လိုလိုလားလားပါပဲ ရဟန်းပျိုလေးက ဆက်ကပ်ပေးပါတယ်။
ဓမ္မာသနပလ္လင်ပေါ်မှာ သီတင်းသုံးခါစ သီတဂူဆရာတော်ကြီးထံ မဝံ့မရဲလျှောက်ထားရင်း စာအုပ်သစ်လေးကို ဆက်ကပ်လိုက်တာပါ။

ဆရာတော်ကြီး တအားဝမ်းသာသွားကြောင်း၊ သိလိုတော်မူတာတွေကို အချိန်အနည်းငယ်အတွင်း မှာပဲ တိုတိုတုတ်တုတ် မေးတော်မူ မှာတော်မူခဲ့ကြောင်း ပြန်လည်ကြားသိရပါတယ်။

သီတဂူဆရာတော်ကြီးကို အိပ်မက်မြင်မက်တာ နှစ်ခါရှိပါပြီ။ ပထမတစ်ခါက ဝါတွင်းမှာပါ။ ဆရာတော်ကြီးက ဦးပဉ္စင်းထံ ကြွလာတယ်။ ဆွမ်းတစ်ဝိုင်းတည်းအတူဘုဉ်းပေးတော်မူတယ်။ ဆရာတော်ကြီးရဲ့ သာဝကတွေက ကင်းစောင့်ပေးသူနဲ့ ယပ်ခပ်ပေးတဲ့သူနဲ့ စုံနေသလို ကားပေါ်မှာပါလာတဲ့ လှူဖွယ်တွေလည်း အကုန်စွန့် ပုံအောအပ်ပြီး စွန့်ကြဲသွားတယ်လို့ မြင်မက်တာပါ။

ဒုတိယတစ်ခါက တန်ဆောင်မုန်းလမှာပါ။ ဆရာတော်ကြီးထံ ဦးပဉ္စင်းက ရောက်သွားတာပါ။ သွားလှူတာပေါ့နော်။ ဆရာတော်ကြီးက ပက်လက်ထိုင်ခုံပေါ်မှာ တင်ပလ္လင်ချိတ်ထိုင်နေတော်မူရင်း
‘ဟေ့- ကောင်လေး၊ မင်းကြုံခဲ့ရတာတွေ ပြောပြစမ်းကွာ၊ ငါ နားထောင်ပေးချင်နေတာ’တဲ့။

အဲဒီအချိန်မှာတော့ ကင်းစောင့်သူတွေလည်း မပါဘူး။ သာဝကတွေလည်း မတွေ့ရဘူး ဆရာတပည့် နှစ်ပါးတည်း။ ဦးပဉ္စင်းက ကြမ်းပြင်ပေါ်ကနေ လက်အုပ်ချီပြီး လျှောက်ထားနေတာ ဆရာတော်ကြီးက မိန့်မိန့်ကြီး ထိုင်နားထောင်နေတာ။ တစ်ခါတရံမှာတော့ ကျွတ်ကျွတ် ကျွတ်ကျွတ် ဆိုပြီး စုတ်တစ်သက်သက်နဲ့ ကရုဏာသက်နေတာတွေ မြင်မက်ရတာပါ။ အရသာရှိတဲ့ အိပ်မက်တွေပါဗျာ။ မြန်ပြောပြမိတိုင်း စွမ်းအားတွေ ပြည့်ပြည့်လာသလို ခံစားရတဲ့ စိတ်အာဟာရတွေပါ။
ဆရာတော်ကြီးနဲ့ ဦးပဉ္စင်းဆိုတာ အဖိုးနဲ့ မြေးလို ဆရာရင်းတပည့်လို မေတ္တာသက်ဝင်ခဲ့ကြသူတွေပါ။ ဆရာတော်ကြီးလည်း သတိရတော်မူမှာပေါ့။ စိတ်ပူရှာပေမှာပေါ့။

အခုတစ်ခါ ဆရာပွဲမှာ မှာတော်မူလိုက်တဲ့ စကားတော်က အားဆေးထက်တောင် အစွမ်းထက်နေသေးတယ်လို့ ပြောရင်း အပိုမပါပါဘူးခင်္ဗျာ။
စာအုပ်မျက်နှာဖုံးကိုကြည့်ပြီး
‘ကျန်းမာချမ်းသာ တရားရိပ်သာ’တဲ့ ဆိုပြီး လက်နဲ့ထောက်ပြရင်း ပြုံးတော်မူနေတဲ့ပုံ ခံစားကြည့်ပါဦး အမျိုးတို့ရာ။

အဆက်အသွယ် ရရဲ့လာ?း၊
နေကောင်းရဲ့လား?၊
အဆင်ပြေရဲ့လား?၊
နေကောင်းရင်းပြီးတာပဲကွာ၊
ကျန်းမာရေး ဂရုစိုက်ကွာ၊
စာအုပ်ရလို့ ဝမ်းသာတယ်ကွာ၊
ကားပေါ်ရောက်မှ ဖတ်ကြည့်မယ်ကွာ… တဲ့။

သာသနာရေး ဆောင်ရွက်ချက်မှာ နေမင်းတစ်ဆူူလို စရဏနဲ့ စိတ်ထားတော်မှာ လမင်းတစ်ဆူလို ပြည်သူကို အမှန်တကယ် အကျိုးပြုနေတာပါ။
နေတစ်ဆူ လတစ်ဆူလို ထင်ရှားတော်မူတဲ့
သီတဂူဆရာတော်ဘုရားကြီး
သက်ရှည်ကျန်းမာစွာ သာသနာတော်အတွက်
ဆက်လက်ဆောင်ရွက်တော်မူနိုင်ပါစေဘုရား…။

မြေးတပည့်လေး
ဝီရသူ(မစိုးရိမ်)
17.12.2019
PM-9:59