သတင်း

သီဟိုဠ်ဝီရသူအဖွဲ့ လာရောက်ဖူးမြော်

9.11.2017 ရက်နေ့ ညနေ ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ လာရောက်ဖူးမြော်ပါတယ်။ သီဟိုဠ်ဝီရသူနှင့်အတူ ဆရာတော်နှစ်ပါး အမျိုးသားလေးဦးပါပါတယ်။

ဆရာတော်နှစ်ပါးထဲမှ တစ်ပါးက ဘသာပြန်ပေးပြီး ဦးပညာသာမိဖြစ်ပါတယ်။ ရောက်တုန်းရောက်ခိုက် ရခိုင်အရေးနှင့်ပတ်သက်ပြီး အင်တာဗျူးကြပါတယ်။ ဆင်ဟာလီလိုလွှင့်ဖို့ရယ်၊ အင်္ဂလိပ်လိုလွှင့်ဖို့ရယ် နှစ်မျိုးပါ။ မေးခွန်းကလည်း လေးခုတည်းပါ။ ရခိုင်ဖြစ်ရပ်မှန် ကမ္ဘာ့မီဒီယာများဘာကြောင့် မမှန်သတင်းလွှင့်နေရလဲ အစ္စလာမ်မိုက်ဇေးရှင်းခြိမ်းခြောက်ခံရမှု နိုင်ငံတကာရှိ ဗုဒ္ဓဘာသာများကို ပြောလိုတဲ့စကား ဒီလေးချက်ပါပဲ။

နံပါတ်တစ်အချက်ကို အစအဆုံး ပြောပြပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေရော ပြပါတယ်။ နံပါတ်သုံးအချက် ၁၉၃၈ ကုလားဗမာအဓိကရုဏ်း၊ ၁၉၄၂ မေလ ၁၃ ရက် ပထမဂျီဟဒ် သို့မဟုတ် ဂျီနိုဆိုက်အစစ်အမှန်တွေကို သမိုင်းအချက်အလက်နှင့်အတူ အကျယ်ပြောပြခဲ့ပါတယ်။

သီဟိုဠ်ဝီရသူဟာ တိုက်တွင်း သံဃာငယ်လေးများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးသွားပါတယ်။ မန္တလေးမြောက်ပြင်မှာကျင်းပတဲ့ ပြည်သူများမှ ပြည်သူသို့ အခန်းအနားကိုလည်း တက်ရောက်ပြီး မေးခွန်းတွေမေးမြန်းခဲ့ကြပါသေးတယ်။ အစ္စလာမ်မိုက်ဇေးရှင်းစာအုပ်တစ်အုပ်စီ လက်ဆောင်ပေးလိုက်ပါတယ်။ အစ္စလာမ်မိုက်ဇေးရှင်းဆိုတာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော ကြောက်စရာအကောင်းဆုံး အကြီးမားဆုံး အန္တရာယ်ကြီးပါ။