သတင်း

သီဟိုဠ်ဝီရသူ မြန်မာပြည်ရောက်ပြီ

8.11.2017 ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ရောက်ပါတယ်။ ညနေပိုင်းမှာ မန္တလေးမြို့ကိုရောက်ပါတယ်။ စာရေးသူတို့ သွားရောက် တွေ့ဆုံပါတယ်။ သီဟိုဠ်ဝီရသူကတော့ တအားတက်ကြွနေပါတယ်။ မြန်မာ့တပ်မတော်ကိုထောက်ခံသူထဲမှာ သီဟိုဠ်ဝီရသူလည်းပါပါတယ်။

အစွန်းရောက် အကြမ်းဖက်ဘင်္ဂလီတွေကို အပြတ်အသတ် နှိမ်နှင်လိုက်တဲ့သတင်းတွေကြားလို့ ပျော်နေတဲ့အကြောင်း၊ ဝမ်းသာတဲ့အကြောင်း ထပ်တလဲလဲမိန့်ပါတယ်။ ရခိုင်မှဘင်္ဂလီတွေဟာ သီရိလင်္ကာကိုလည်း ခြေကုတ်ယူထားပါပြီ၊ သီရိလင်္ကာအစိုးရက သူတို့ကို ဒုက္ခသည်အဖြစ် စခန်းဖွင့် လက်ခံထားတဲ့အတွက် သီဟိုဠ်သံဃာများနှင့် ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့ပါသေးတယ်။

အဲဒီလိုပါပဲ ဘင်္ဂလီအရေးမှာ မြန်မာအစိုးရနှင့်အတူ ရပ်တည်နေကြောင်း သီဟိုဠ်သံဃာများနှင့် ပြည်သူများက ဆန္ဒထုတ်ဖော်ပွဲလုပ်ခဲ့ဖူးပါတယ်။ အခု မြန်မာပြည်ကိုလာတာကတော့ မြန်မာပြည်မှ အမျိုးသားရေးသမားတွေကို လာရောက်အားပေးဖို့ပဲ ဖြစ်ပါတယ်။ သီဟိုဠ်ဝီရသူဆိုတာ သီရိလင်္ကာနိုင်ငံ ဗောဓုဗလစေနအဖွဲ့ အတွင်းရေးမှူးပါ။ ဘွဲ့အမည်က ဉာဏစာရမထေရ်ဖြစ်ပါတယ်။ သူ့ကိုလျှော့တွက်လို့တော့ မရပါဘူး။

ကုရ်အာန်ကျမ်းကို ၇ ကြိမ်တောင် စနစ်တကျလေ့လာထားသူပါ။ သူနှင့်အတူ ဆရာတော်တစ်ပါး၊ အင်္ဂလိပ်ပိုင်းမီဒီယာ၊ ဆင်ဟာလီပိုင်းမီဒီယာတွေနှင့် ကျောင်းဆရာလည်း ပါပါတယ်။ စာရေးသူကို သီရိလင်္ကာသွားဖို့ ရန်ကုန်ထိ လာရောက်ကြိုဆိုကာ သီဟိုဠ်ထိ လိုက်ပို့ပေးတဲ့ အရှင်ပညာသာမိ(ရှမ်းတိုင်းရင်းသားဆရာတော်)လည်း ပါပါတယ်။

ရောက်ရောက်ချင်းပဲ လက်ဆောင်တွေပေးကြပါတယ်။ သီဟိုဠ်ခေါပုပ် အတော်မွှေးပါတယ်။ စားလို့လည်းကောင်းပါတယ်။ သီဟိုဠ်စတုမဓူ ပိုကောင်းပါတယ်။ စတုမဓူကို ရေသန့်ဗူးထဲထည့်ယူလာတာ၊ မျက်နှာသုပ်ပုဝါလေးနှင့် ထုပ်ထားတာလေးကိုကြည့်ပြီး အံ့သြနေမိပါတယ်။ ပျားရည်ရယ်၊ ဒိန်ချဉ်ရယ်၊ အုန်းသီးရည်ရယ် လုပ်ထားတာပါ။ သူတို့အမေကိုယ်တိုင်လုပ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ အတော်အားရှိသွားပါတယ်။  ကျေးဇူးပါ သီဟိုဠ်အမျိုးသားရေးညီနောင်များဘုရား။