သတင်း






 

“သူဌေးတန်းဆရာတော်ကြီးအား သွားရောက်ဖူးမြော်”

ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ မန္တလေးမြို့၊ ပြည်သူ့ဆေးရုံးကြီး နှလုံးအထူးကုဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေး မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် သူဌေးတန်းကျောင်းဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသထံသို့ ရောက်ရှိခဲ့ပါတယ်။

ဆရာတော်ကြီး ဆေးရုံတက်တာ ကြာပါပြီ။ အချိန်လုနေရတာနဲ့ မရောက်ဖြစ်တာပါ။ ရောက်ပြန်တော့လည်း ဆရာတော်ကြီးနှင့် စကားပြောခွင့် မရခဲ့ပါဘူး။ ဆရာတော်ကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ ဖူးမြော်ပြီး ပြန်လာခဲ့ရပါတယ်။
ပရိတ်ပဋ္ဌာန်းရွတ်ပြီး ပူဇော်ချင်ပေမယ့် ဆရာတော်ကြီး နိုးသွားမှာစိုးတာကြောင့် အားနာတာနဲ့ ရှိခိုးဦးချပြီး ပြန်လာခဲ့ရတာပါ။

ဆရာတော်ကြီးက ရွှေကျင်ဂိုဏ်း တွဲဖက်သာသနာပိုင်ဆရာတော်ကြီး ဖြစ်ပါတယ်။ စာရေးသူအပေါ် တပည့်အရင်းတစ်ပါးလို မြေးလေးတစ်ယောက်လို သံယောဇဉ်ရှိတာပါ။ ဆရာတော်ကြီး ရောဂါက ကြီးကြီးမားမား မဟုတ်ပေမယ့် အာဟာရ အဝင်နည်းတာကြောင့် အားမရှိတာပါ။ ဆရာတော်ကြီး အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ပါစေဘုရား။